Knowledge Sharing

Kobo Aur One (For Real Book Lover)

Kobo Aura One ကတော့ Kobo Aura One Limited Edition ပြီး ရင် အမြင့်ဆုံး High End eReader တစ်ခုပါပဲ။
eReader ဈေးကွက်မှာ US မှာ 75% ၊UK မှာ 95% market share ရထားသူက Amazon Kindle ပါ။
တကယ်စာအုပ်မျက်နှာပြင်လိုဖြစ်ရမယ်၊ တကယ်စာအုပ်ထက် ပိုပေ့ါရမယ်၊ စာအုပ်တွေအများကြီး ဝင်ဆန့်ရမယ်ဆိုတာတွေက Basic eReader တွေ ရဲ့ လိုအပ်တဲ့ အချက်အလက်တွေပါပဲ၊ ဒီအချက်တွေကို Kindle ရော Kobo ပါ ပြည့်စုံကြပါတယ်။
?Kobo Aura One eReader နဲ့ အဓိကယှဉ်ပြိုင်မှာက Kindle Oasis ပါ။
Kindle Paperwhite ကတော့ ဈေးနှုန်းကို ထည့်သွင်းစဉ်းစားရင် အကောင်းဆုံး Reader တစ်ခု အဖြစ် ဆက်ရှိနေပါတယ်။
High end မှာတော့ Screen ပိုကြီးတဲ့ Kobo Aura one ကို ရွေးချယ်ထားပါတယ်။
Specification
kobo aura one ရဲ့ Specification တွေထဲက ထူးခြားချက်တွေကတော့
✅ပိုကြီးလာတဲ့ Screen size= 7.8’’
ဒီအရွယ်က eReader Market မှာ အကြီးဆုံး အရွယ်ပါပဲ။
6’’ အရွယ် reader တွေထက် Reading Space 60% ပိုပါလာတဲ့သဘောပါ။
✅Kobo ထဲမှာ အပါးဆုံး အရွယ်နဲ့ Body အချိုးအစားအရ အပေါ့ဆုံး Body ဖြစ်ပါတယ်။
✅IPX8 rate Water Proof
၂ မီတာ ရေအနက်မှာ မိနစ်(၆၀) ထိရေစိမ်ခံနိုင်အောင်ပြုလုပ်ထားပါတယ်။
ဒီလိုပြုလုပ်နိုင်ဖို့ HZO ဆိုတဲ့ နည်းပညာကို သုံးထားပါတယ်။ အတွင်းပိုင်းကို ရေမဝင်အောင် အပေါက်တွေကို ပိတ်ထားတာ၊ Seal လုပ်ထားတာမျိုးမဟုတ်ဘဲ အတွင်းပိုင်းကို Nano coated ပြုလုပ်ထားတာပါ။
ရေကူးကန်ဘေး၊ ပင်လယ်ကမ်းခြေနား စာဖတ်သူများ စိတ်ချစွာဖတ်နိုင်ပါတယ်။
✅???Natural Lighting System
ဒီအချက်က အထူးခြားဆုံးလို့ပြောရပါမယ်။ reader တွေမှာ backlight လိုအပ်ရင် ဖွင့်ဖတ်ဖို့ ထည့်ပေးထားပါတယ်။ အလင်းရောင်က အိပ်စက်ခြင်းကို အနှောက်အယှက် ပေးနိုင်သလို မျက်စိကို လဲ ရေရှည်မှာ ထိခိုက်စေပါတယ်။ ဒီအတွက် iPhone, iPAd တွေမှာ Night Shift mode ကို ထည့်သွင်းလာတာပါ။ နေ့ခင်းမှာ Blue Light ပိုမိုအားကောင်းပြီး ညဘက်မှာ Candle Light ပိုမိုအားကောင်းပါတယ်။ ဒီအတွက် Kobo aura one မှာ Backlight အပြင် Natural light စနစ်ကို ထည့်သွင်းထားပါတယ်။ စာဖတ်နေသူ သတိမထားမိခင်မှာတင် အချိန်အလိုက် အရောင်ပြောင်းပေးသွားမှာပါ။
????Kobo Supported file format
(14) မျိုး ရှိပါတယ်။ ဒါတွေကတော့ iPad မှာ နာမည်ကြီးတဲ့ ePub အပါအဝင် (EPUB, EPUB3, PDF, MOBI, JPEG, GIF, PNG, BMP, TIFF, TXT, HTML, RTF, CBZ, CBR) ‘ဒီ file တွေကို Support လုပ်လို့ format ပြောင်းစရာမလိုဘဲ တန်းဖတ်နိုင်ပါတယ်။
✅?အခြား Spec တွေကတော့
Screen Resolution- HD Carta E Ink touchscreen, 1872 x 1404 resolution 300 dpi
Internal 8GB (eBook 6000)လောက်ဆန့်
အချုပ်
Kobo’s CEO Michael Tamblyn ပြောခဲ့သလို “ သီချင်းချစ်သူတွေက ပိုကောင်းတဲ့ ဖုန်းနဲ့ နားကြပ်တွေဝယ်ပြီး Upgrade လုပ်ကြတယ်။ ရုပ်ရှင်နဲ့ အားကစားချစ်သူတွေက 4K လို ပိုကောင်းတဲ့ TV တွေကို ထပ်မြှင့်သုံးပြီး ကြည့်ကြတယ်။ အဲ့လိုပဲ သင်ဟာ စာဖတ်ဝါသနာပါတဲ့ စာကြမ်းပိုး တစ်ယောက်ဆိုရင် ပိုကောင်းတဲ့ စာဖတ်တဲ့ အတွေ့အကြုံကို Kobo Aura One နဲ့ သုံးကြည့်ပါတဲ့”

Dr.Mac Address
၃၉လမ်း(ဗန်းမော်ကျောင်းတိုက်လမ်း)၊ ၇၀ x ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်ဝန်းအတွင်း။ မန္တလေးမြို့။
ဖုန်း- 09798666614, 09258666614
Google Maps တွင် Dr.Mac Computer ဟု ရှာဖွေပြီး မိမိလက်ရှိရောက်ရှိနေသော နေရာမှ Route ဆွဲပြီး (Direstion ဆွဲပြီး )လဲ လာရောက်နိုင်ပါသည်
Dr.Mac Computer Training Center နေရာကို သိရှိရန် အောက်ပါ link ကို နှိပ်ပါ
goo.gl/maps/zpwLr39veXM2
သတိပေးကြေငြာချက်
Dr.Mac မှ ရေးသားသော Post များ၊ Tutorial များကို ကြိုက်နှစ်သက်ပါက လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် လွတ်လပ်စွာ သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်တည်ထောင်ထားသော Page များတွင် အပုဒ်လိုက်ဖြစ်စေ၊ တစ်ပိုဒ်ချင်းဖြစ်စေကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ပြုလုပ်ပါက Page စာမျက်နှာနှင့်တကွ ဖော်ပြပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေငြာအပ်ပါသည်။