Beautiful Camera Shots

iPhone 14  Seires မှာ ဘယ် regionကို ရွှေးမလဲ၊

iPhone တွေနဲ့ အခြား Apple Products တိုင်းမှာ Design in Apple California Assembled in China ဆိုတဲ့ စာတမ်းပါတာကို သတိထားရင်တွေနိုင်ပါတယ်။ ထုတ်ပိုးတဲ့ ဗူးရော ပါကင်တိုင်းမှာပါပါတယ်။

2013 ထုတ် Mac Pro တစ်ခုပဲ Assembled in USA ဖြစ်ပါတယ်။

ဒီစာသားရဲ့ အဓိပ္ပာယ်ကို ပြန်ပြောရရင်..

Design in Apple California  

ဆိုတာက Apple Product အသစ်တစ်ခု စတင်ပြုလုပ်စဉ် Portotype အဆင့်၊ နည်းပညာပိုင်း Research ပြုလုပ်တဲ့ အဆင့်၊ နောက်ဆုံး User ကိုပေးမဲ့ Final Product အဆင့်၊ Final Product ကိုမှ အကြိမ်ကြိမ်စမ်းသပ်တဲ့ အဆင့် (Apple Watch  တုန်းကဆို Final Products အဆင့်ထုတ်ပြီး တစ်နှစ်လောက်နေမှ ရောင်း) တွေအားလုံးကို Apple ရုံးချုပ်တည်ရှိရာ Cupertino, California မှာ ပြုလုပ်ပါတယ်။

Assembled in China 

ဆိုတာက Mass Production အဆင့်စလုပ်ပြီဆိုရင် Resoruce တွေ အများဆုံးရှိတာ China မှာ ပြုလုပ်ပါတယ်။ US Apple Store မှာ ရောင်းချတဲ့ Product သည်ပင်လျှင် China စက်ရုံတွေကနေ ပြုလုပ်ပြီးမှ Shipping လာတာဖြစ်ပါတယ်။ Apple မှာ ဘယ်နိုင်ငံအတွက်တော့ ဘယ်လို Quality နဲ့ထုတ်မယ်ဆိုတဲ့ Policy မရှိပါဘူး။ သို့သော် ရောင်းချမဲ့ Region အလိုက် သက်ဆိုင်ရာနိုင်ငံ  တွေရဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ကိုက်ညီအောင် ဒီစက်ရုံတွေကပဲ ထုတ်လုပ်ရောင်းချပေးရပါတယ်။ ဥပမာ Middel East အတွက်ထုတ်ထားတဲ့ iPhone တွေမှာ Facetime video call ခေါ်ခွင့်မပေးထားပါဘူး။ MacBook တွေမှာဆိုရင် Region အလိုက် Keyboard Layout အမျိုးမျိုးနဲ့ထုတ်ပေးရပါတယ်။ 

ဒီလောက်ဆိုရင်  Apple Products တွေတာနဲ့ ဘာ Made လဲဆိုတဲ့ လူပိန်းမေးခွန်းကို မေးဖို့ မလိုတော့ဘူးထင်ပါတယ် 😅😅 (Apple က မနေ့တနေ့ကမှ ရှိလာတဲ့ Company လဲ မဟုတ်တော့…)

အခု iPhone 14 Series မိတ်ဆက်တဲ့ Event မှာ ပြောသွားတဲ့ အချက်တွေအရ မြန်မာနိုင်ငံမှာ အသုံးပြုမဲ့ Sim အလိုက် Region ရွှေးချယ်ဖို့  မဖြစ်မနေ လိုအပ်လာပါတယ်။ ဒီလို Apple Event မှာ ပြောသွားတဲ့ အချက်တွေကလဲ US မှာ သုံးမဲ့ Apple User တွေအတွက်ပဲ အသားပေးပြောကြားလေ့ရှိပါတယ်။ ဒီပွဲက အချက်အလက်တွေကို ကြည့်ပြီး အခြား Region က User တွေက အဲ့အတိုင်းဖြစ်လိမ့်မယ်လို့ ဘယ်တော့မှ မယူဆသင့်ပါ 😂

US Region iPhone 14 မှာ SIM Tray လုံးဝမပါတော့လို့ မြန်မာနိုင်ငံမှာ eSim Service ပေးတဲ့ Telecom Company တစ်ခုခုကိုပဲ သုံးခွင့်ရှိပါမယ်။ ဖုန်းပျောက်/ခိုးခံရရင် simကို ပိုင်ရှင်က မဖယ်မပေးမချင်း သုံးလို့မရအောင်ရည်ရွယ်တာလဲပါပါတယ်။ ထူးခြားချက် နောက်တစ်ခုကတော့ eSim (၂) ခုအထိ အသုံးပြုနိုင်လာစေပါတယ်။

US Apple Store မှာ Sim ကိစ္စနဲ့ပတ်သက်ပြီး အခုလိုရေးထားလို့ Physical Sim လုံးဝထည့်လို့ မရတော့ပါဘူး။ မြန်မာနိုင်ငံက eSim Serivce မရှိတဲ့ Telecom Company တွေရဲ့ Sim Card ထည့်လို့မရတော့ပါဘူး။ iPhone X နောက်ပိုင်း Warranty ကိစ္စကိုလဲ Region ကန့်သတ်လိုက်တာဖြစ်လို့ တစ်ခုခုဖြစ်ရင် US Apple Store ကို ပြန်ပို့နိုင်မှ Warranty တောင်းဆိုလို့ရနိုင်ပါမယ်။ မိမိက Warranty က အရေးမကြီးဘူး၊ စျေးသက်သာတာကိုပဲ အရေးကြီးတယ်ဆိုရင်တော့ ရွှေးချယ်နိုင်ပါတယ်။

အခြားမြန်မာနိုင်ငံကို ဝင်တဲ့ Region တွေကတော့ ထိုင်းနဲ့ စင်္ကာပူ Region တွေဖြစ်ပါတယ်။

ဒီ Region တွေအတွက်ထုတ်ထားတဲ့ iPhone တွေမှာတော့ iPhone 13 (eSim version တုန်းကလိုပဲ ) မိမိ အသုံးပြုနေတဲ့ Physical Sim တစ်ကဒ် နဲ့ eSim တစ်ခု ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိမိက Physical Sim တစ်ခုပဲသုံးမယ် (သို့မဟုတ်) Physical Sim တစ်ခုနဲ့ eSim တစ်ခု ရွှေးချယ်မယ်ဆို အသုံးပြုနိုင်ပါတယ်။ ဒီ Regionတွေကလဲ မြန်မာနိုင်ငံနဲ့ နီးတော့ Warranty ပြန်မယ်ဆို အဆင်ပြေပါတယ်။ (ဝယ်ယူတဲ့ ဆိုင်က Warranty ကိစ္စ ဖြစ်လာရင် တာဝန်ရှိရှိ နဲ့ လိုက်ပေးဖို့တော့ လိုတာပေ့ါ)

iPhone တွေမှာ Dual Sim နဲ့ စထုတ်တဲ့ iPhone 11 ကတည်းက Sim ကိစ္စ မပြောင်းလဲတဲ့ Region တွေက (၃)ခုပဲရှိပါတယ်။ ဒါတွေကတော့ China, Hong Kong, Macau တွေအတွက် ထုတ်တဲ့ iPhone တွေဖြစ်ပါတယ်။ Physical Dual Sim တွေ ကြိုက်တဲ့ မြန်မာတွေအတွက် စျေးကွက်မှာ အခြား Region အလုံးတွေထက် စျေးအနည်းငယ်မြှင့်ပြီးကို ရောင်းချရလေ့ရှိပါတယ်။

အခု iPhone 14 Series မှာလဲ တစ်ခုတည်းသော Dual Sim ရနိုင်တာက ဒီ Region သုံးခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Macau Region အလုံးတွေတော့ စာရေးသူမတွေ့ဖူးသေးဘဲ Hong Kong, China Region တွေပဲ တွေ့ဖူးပါတယ်။ iPhone 11 တုန်းက Physical Dual Sim ကိုကိုင်ချင်လို့ China region ကို ကိုင်ခဲ့ပါတယ်။ ဒါကြောင့် မိမိ သုံးမဲ့ပုံစံအလိုက် Region ကိုရွှေးချယ်ရမှာ ဖြစ်ပါတယ်။ ကျန်တာကတော့ Region အားလုံးအဆင်ပြေပါတယ်။ ဘယ် Region ကပိုကောင်းတယ်၊ ဘယ် Region က error ရှိတာဆိုတာမရှိပါဘူး။ iphone 11 ကနေ 14 အထိတောင်ရောက်လာပြီဆိုတော့ ဒီကိစ္စက အထူးအထွေ ပြောကြားဖို့ မလိုပါဘူး။

ဘယ်ဆိုင်က ဝယ်ယူသင့်လဲဆိုတာကတော့ (iPhone 14 ထိတောင်ရောက်လာပြီဆိုတော့) ဘယ်ဆိုင်က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလဲ၊ After Sale Service ဘယ်ကပိုကောင်းလဲဆိုတာကိုပဲ မှတ်ကျောက်တင်ရွှေးချယ်သင့်ပါကြောင်း…

Dr.Zaw Zaw (Dr.Mac)

Apple Certified MacOS & iOS Technician