Beautiful Camera Shots, iOS Knowledge, ဗဟုသုတ

Dual eSIMs နဲ့ပါ ရနိုင်တော့မဲ့ iPhone 13 Series

iPhone 13

Dual eSIMs ဆိုတာ iPhone ထဲမှာ အရင်လို Physical Nano SIMs လုံးဝထည့်လို့မရတော့ဘဲ eSIMs Function သီးသန့်ပဲ အသုံးပြုနိုင်တာကို ဆိုလိုဖြစ်ပါတယ်။

iPhone 12 ထိမှာ Nano SIM+eSIM နဲ့ လာခဲ့ပြီး China နဲ့  Hong Kong နိုင်ငံတွေအတွက်ကတော့ Dual Nano SIM နဲ့ပဲ ထုတ်ပါတယ်။ ဒီ နိုင်ငံတွေအတွက် iPhone 12 mini မှာ Nano SIMs တစ်ကဒ်ကိုပဲ သုံးခွင့်ပေးထားပြီး eSIMs Function ဖြုတ်ထားပါတယ်။

ကျန်နိုင်ငံတွေအတွက် iPhone 12 Mini မှာတော့ Nano SIM+eSIM  နဲ့ပဲ ထုတ်ပြီး iPhone 12 Mini Series မှာ Dual Nano SIMs မရှိပါဘူး။

Nano SIM – ဆိုတာ Physical SIM card ကို ဆိုလိုတာ ဖြစ်ပါတယ်။ Dual Nano SIM ဆိုတာ မြန်မာလိုတော့ နှစ်ကဒ်ထိုးပါ။

eSIM – ဆိုတာကတော့ Digital SIMs ဖြစ်ပြီး iPhone အတွင်း LogicBoard ထဲမှာ တခါတည်းပါလာဖြစ်ပြီး မိမိ အသုံးပြုလိုတဲ့ Phone Carrier Service Provider ကို Activate လုပ်အသုံးပြုရုံပဲ ဖြစ်ပါတယ်၊ များသောအားဖြင့်  QR Code နဲ့  Scan ဖတ် Activate လုပ်ရုံဖြစ်ပြီး ဖုန်းနဲ့ အတွင်းထဲမှာ တခါတည်းပါလာတဲ့ Digital SIMs (Electronic SIMs) ပဲဖြစ်ပါတယ်။

အခု iPhone 13 Series အားလုံးဖြစ်တဲ့ iPhone 13, iPhone 13 Mini, iPhone 13 Pro, iPhone 13 Pro Max အားလုံးမှာ Dual eSIMs နဲ့ အလုံးတွေ သူ့ Region အလိုက်ရနိုင်ပြီဖြစ်ပါတယ်။

China နဲ့  Hong Kong မှာ တော့ iPhone 13, iPhone 13 Pro, iPhone 13 Pro Max တွေ အားလုံး iPhone 12 တုန်းကလိုပဲ Physical Dual Nano SIMs တွေနဲ့ပဲ လာမှာဖြစ်ပြီး မြန်မာအကြိုက် ၂ကဒ်ထိုးတွေလဲဖြစ်ပါတယ်။ eSIMs ကို မသုံးချင်သူများအတွက်လဲ ရွှေးချယ်ချင်စရာဖြစ်ပါတယ်။ eSIMs Card က မြန်မာနိုင်ငံမှာ Mytel တစ်ခုတည်းကပဲ Service ပေးနိုင်ပါသေးတယ်။ ဒီ နိုင်ငံတွေအတွက် iPhone 13 Mini ကတော့ iPhone 12 mini တုန်းကလိုပဲ  Physical Nano SIMတစ်ကဒ်ထိုးပဲ  ဖြစ်ပြီး eSIMs မပါဝင်ပါဘူး။

US လို နိုင်ငံမျိုးမှာ SIMs Card Carrier (eg. AT&T, T Mobile, Verizon)တွေနဲ့ Contract ချုပ်ထားတဲ့ iPhone တွေမှာယူမယ်ဆိုရင် Physical SIM တွေပါဝင်မှာ မဟုတ်တော့ဘဲ သက်ဆိုင်ရာ Carrier အလိုက် Activate လုပ်ပြီးသား eSIM တွေ ပါဝင်လာမှာဖြစ်ပြီး iPhone ကို Setup  လုပ်ဖို့အတွက် မဖြစ်မနေ Wifi Connection လိုအပ်မှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံအတွက်လာတဲ့ iPhone တွေကတော့ US မှာလိုဘဲ  Dual eSIMS Support လုပ်တဲ့ အလုံးတွေရော၊ Physical Nano SIM+eSIM အလုံးတွေရော လာမှာဖြစ်ပါတယ်။

Nano SIM+eSIM  အလုံးတွေကတော့ ခါတိုင်းလိုပဲ ကိုယ့်မှာ ရှိတဲ့ Physical Nano SIM တစ်ခုတည်းသုံးပြီး eSIM ကို မသုံးချင်ဘဲ ဖယ်ထားလို့လဲ ရပါတယ်။ 

iPhone 13 တွေကို September 17 မှာစတင် Preorder တင်နိုင်ပြီး အစောဆုံး Septmeber 24 မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံ အဲ့ရက်ရောက်ဖို့ မသေချာ)

Dr.Zaw Zaw

Apple Certified iOS & macOS Techincian

Dr.Mac