Apple က Peek Performance လို့ နာမည်ပေးထားတဲ့ Events ကို Apple Park headquarters Cupertino, California ကနေ Live Steam ပုံစံမျိုး အခု နှစ်အတွက် ပထမဆုံး စတင်ထုတ်လွှင့်ပါတယ်။ Covid တွေ ကမ္ဘာလုံးစတင်ပျံံံ့နှံပြီးကတည်းက Theatreထဲမှာ ဖိတ်ကြားပြီးလုပ်တဲ့ Event တွေ မလုပ်တော့ဘဲ Pre Record Video တွေကို Live Steam ပုံစံပဲ လွှင့်လာခဲ့တာပါ။ မနေ့ညက မိတ်ဆက်တဲ့အထဲမှာ ကြီးကြီးမားမား Line Up Porducts အသစ်ကတော့ Apple Silicon Chip M1 Ultra နဲ့ ဒီ Chip ကို သုံးထားတဲ့ Mac Studio တွေကပဲ ဒီညရဲ့ မင်းသားတွေလို့ ပြောနိုင်ပါတယ်။
မိတ်ဆက်သွားတဲ့ Products တွေကို အစဉ်အတိုင်း ကြည့်ကြည့်ရအောင်ပါ။
New Alpine Green Color on iPhone 13 Series

iPhone 13, 13 Pro , 13 Pro Max မှာ ထပ်တိုးရွှေးချယ်စရာ အရောင်တိုးလာအောင် ထုတ်လုပ်တဲ့ သဘောပဲ ဖြစ်ပြီး ကျန်တာ အတူတူပဲဖြစ်ပါတယ်။
iPad Air 5 with M1 Chip (the most powerful and versatile iPad Air ever)

အရင် iPad 4th Gen အတိုင်းကို M1 Chip နဲ့ အဆင့်မြှင့်တင်မှု လုပ်ထားတယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။ Processor ပြောင်းလိုက်ပေမဲ့ Battery Life ကတော့ အတူတူပဲဖြစ်ပါတယ်။
Connection 5G, ဖြစ်သွားတာ၊
Front Camera က 12MP Ultra Wide ဖြစ်ပြီး Center Stage Features Support လုပ်တာ
USB-C port က Data Transfer Speed 2x ဖြစ်သွားပြီး 6K output ထိ Support လုပ်တာတွေထပ်တိုးလားပါတယ်။

The USB-C port on the new iPad Air is now up to 2x faster than the previous generation, and connects cameras, external storage, and displays with up to 6K resolution.
iPhone SE 3rd Generation (powerful smartphone in an iconic design)

Screen Size 4.7” အရွယ်ကို လက်ခံနိုင်ပြီလားဆိုမှ iPhone SE 3 ရဲ့အခြားအကြောင်းအရာများကို ထပ်ကြည့်သင့်ပါတယ်။ အသေးဆုံးဖြစ်ခဲ့တဲ့ iPhone 13 Mini တောင် 5.7” အရွယ်ရှိပါတယ်။ Screen Size ဘာပဲဖြစ်ဖြစ် A15 Bionic Chip ရဲ့ Power ကို သဘောကျတယ်ဆိုရွှေးချယ်သင့်ပါတယ်။

Aerospace-Grade Aluminum နဲ့ ပြုလုပ်ထားပြီး အကြမ်းခံတဲ့ Galss နဲ့ ရှေ့/နောက်ဖုံးအုပ်ထားပါတယ်။ Camera အနေဖြင့် Back Camera -Wide: ƒ/1.8 aperture, Front Camera -7MP photos တွေတပ်ဆင်ထားလို့ အနည်းငယ်နိမ့်ပါတယ်။ A15 Bionic Chip တပ်ဆင်ထားတဲ့ iPhone ထဲမှာ စျေးအသက်သာဆုံး iPhone ဖြစ်လာမှာ ဖြစ်ပါတယ်။
M1 Ultra (World’s most powerful chip for a personal computer)

လက်ရှိ Personal Computer တွေထဲမှာ ကမ္ဘာအမြန်ဆုံးဖြစ်လာမဲ့ SoC Chip ဖြစ်ပါတယ်။ User Feedback မယုံနိုင်လောက်အောင်A အောင်မြင်မှုတွေ ရထားတဲ့ Apple Silicon Chip M1 Series ကို ပဲ ထပ်မံ အဆင့်မြှင့်လိုက်တာ ဖြစ်ပါတယ်။ ပုံမှန် M1 Chip ထဲမှာ Chip တစ်ခုထဲနဲ့ အမြင့်ဆုံး Performance ပေးနိုင်တာက M1 Max ဖြစ်ပါတယ်။ အမြင့်ဆုံးစွမ်းဆောင်နိုင်တဲ့ M1 Max Chip (၂) ခုကို Ultrafusion နည်းပညာနဲ့ ချိတ်ဆက်ပြီး Chip ၂ခု စွမ်းဆောင်ရည်ကို တစ်ခုတည်းဖြစ်အောင်လုပ်လိုက်တာ ဖြစ်ပါတယ်။ M1 Ultra လိုခေါ်တဲ့ Chip ဖြစ်လာပြီး Personal Computer လောကမှာ အမြန်ဆုံး Chip ဖြစ်လာတော့မှာဖြစ်ပါတယ်။


CPU Performance/GPU Performance အမြင့်ဆုံး စွမ်းဆောင်သည့်တိုင်အောင် power Consumption အသက်သာဆုံးဖြစ်နေပါသေးတယ်။

new Mac Studio and Studio Display
Studio (လုပ်ငန်းသုံး ) မှာသုံးမဲ့ အကောင်းစား Computer က ဘယ်လို Computer လဲဆိုတာ အိပ်မက်မက်နေသူတွေအတွက် အိပ်မက်ထဲက Computer လို့ Apple ကတော့ မိတ်ဆက်ထားပါတယ်။ M1 Ultrachip ကို မိတ်ဆက်ပြီး M1 Ultra သုံးထားတဲ့ တစ်ခုတည်းသော Mac ဖြစ်လာပါတယ်။ Mac Line UP မှာ High End Series တွေဖြစ်တဲ့ iMac pro နဲ့ Mac Pro တွေနေရာကို အစားထိုး ယူလိုက်တယ်လို့ ပြောနိုင်ပါတယ်။
သို့သော်စျေးနှုန်းကလဲ အိပ်မက်ထဲမှာပဲလို့ ပြောရလောက်လောက်အောင် စျေးကြီးလွန်းပါတယ်။
32GB unified memory, 512GB နဲ့ အနိမ့်ဆုံး Mac Studio တစ်လုံးက 2000US$ ကစမှာဖြစ်ပေမဲ့ Studio အနေနဲ့ 1TB လောက်အနည်းဆုံးမှ ရေရှည်အဆင်ပြေမှာဖြစ်လို့ 2200$ လောက်အနည်းဆုံးသုံးမှ အဆင်ပြေပါမယ်။ အမြင့်ဆုံး M1 Ultra (64Core GPU, Unified Memory 128GB) ကို 1TB SSD Storage နဲ့ဆိုရင်တော့ 8,000US$ (မြန်မာငွေ သိန်း ၁၆၀)လောက် ကျသင့်ပါမယ်။ ဒါက Computer သီးသန့်ကုန်ကျစရိတ်သက်သက်သာ ဖြစ်ပြီး သူမှာ HDMI Port ပါဝင်ပေမဲ့ ပိုကောင်းတဲံ Thunderbolt 3 Display တွေနဲ့ တွဲသုံးကြမယ်ထင်ပါတယ်။ Mac Studio လို Computer ကိုလဲ Thunderbolt Display နဲ့ သုံးမှ သုံးရတာ အဓိပ္ပာယ်ရှိပါမယ်။
Thunderbolt 3 Display ဆိုရင် စာရေးသူ Review လုပ်ထားတဲ့ LG Ultrafine 5K ဆိုရင်ကို လက်ရှိစျေးအရ ၂၅ သိန်းလောက်ကျသင့်ပါမယ်။
Nano Texture ရော အုပ်ပြီး VESA Mount Adapter နဲ့ ဆိုရင်တော့ ၁၉၀၀ US$ ဆိုတော့ အိပ်မက်ထဲက Studio ပါပဲ လိုပြောကြားရင်း 😅😅😅
Dr.Zaw Zaw (Apple Certified iOS & Mac Technician)
Dr.Mac