ဗဟုသုတ

ပုရွက်ဆိတ်တွေရဲ့ ထူးခြားတဲ့ အကြောင်းအရာများ

Ant ( ပုရွက်ဆိတ်)

Image via Wikipedia.

⌘ ပုရွက်ဆိတ်မှာ Oxygen သယ်ဖို့ သွေးမရှိပါ။ ထို့ကြောင့် အသက်ရူရန် အဆုတ်များလဲမရှိပါ။ အရေပြားမှ တဆင့်သာ အသက်ရူကြပါသည်။

⌘ ပုရွက်ဆိတ်မှာ နားများလဲမရှိပါ။ သို့သော် ခြေထောက်နှင့် ဒူးရှိအာရုံခံများမှတဆင့် တုန်ခါမှုကို ခြေရာခံပြီး ကြားနိုင်ပါသည်။

⌘ သူ့ကိုယ်အလေးချိန်၏ အဆ (၅၀) ပိုလေးသော အရာဝတ္ထုများကို သယ်ဆောင်နိုင်ပါသည်။ ဆိုလိုတာက အလုပ်အလွန်လုပ်ကြပါသည်။  Weaver ant (  ယက္ကန်း ပုရွက်ဆိတ်) အမျိုးအစားဆိုလျှင် ၎င်းတို့ ကိုယ်အလေးချိန်ထက် အဆ (၁၀၀) ပိုလေးသော အရာဝတ္ထုများကိုပင် မချီပြီး သယ်ဆောင်နိုင်ပါသည်။ ပိုကြီးတဲ့ အရာတွေဆိုရင် အုပ်စုလိုက်လဲ သယ်ကြပါတယ်။

⌘ အစာအိမ် (၂) ခုတောင်ပါပါသည်။ တစ်ခုမှာ ကိုယ်တိုင်စားသောက်ဖို့ အတွက်ဖြစ်ပြီး အခြားတစ်ခုမှာ အခြားပုရွက်ဆိတ်များအတွက် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ အစာအိမ်ကို Social Stomach (အခြားသူများနှင့် ဆက်ဆံရေးမှာပါ အသုံးချနိုင်သော အစာအိမ်ဖြစ်သောကြောင့်) ဟုပင်ခေါ်ဝေါ်ကြပါသည်။

⌘ ပုရွတ်ဆိတ်တွင် နားခေါင်းပါသော်လဲ ဦးခေါင်းထိပ်ရှိ အာရုံခံတံ ( Antenna) မှ တဆင့်သာ အနံ့ခံကြခြင်းဖြစ်ပါသည်။ တူညီသော ပုရွက်ဆိတ် အသိုက်တွင် နေထိုင်ကြသော ပုရွက်ဆိတ်များတွင် ထူးခြားတူညီသော အနံ့ကိုယ်ဆီရှိကြပါသည်။ ထို့ကြောင့် ကျူးကျော်ဝင်ရောက်လာသူများကို အလွယ်တကူပင် အနံ့ခံစနစ်မှ ချက်ချင်းသိကြပါသည်။

⌘ ပုံမှန် ပုရွက်ဆိတ်တစ်ကောင်တွင် ဦးနှောက် cell ပေါင်း ၂၅,၀၀၀ အထိရှိပါသည်။ ထို့ကြောင့် အကောင် ၄၀၀၀ ပါ ပုရွက်ဆိတ် အသိုက်တစ်ခုသည် သာမန် လူတစ်ယောက်၏ ဥာဏ်နစွမ်းရည်နှင့် တူညီသည်ဟု ပြောနိုင်ပါသည်။

⌘ ပုရွက်ဆိတ်များဟာ အသိုက်အတွင်းမှာ မှိုတစ်မျိုးကို စိုက်ပျိုးခြင်းဖြင့် လူသားတွေထက် ရှေးကျသော လယ်သမားများလဲ ဖြစ်ကြပါသည်။

⌘ ရေကူးနိုင်သလို Oxygen မရှိဘဲလဲ ၂ နာရီအထိ အသက်ရှင်နိုင်ပါသည်။

⌘ လွန်ခဲ့သော နှစ်သန်းပေါင်း (၁၃၀)ကတည်းက ကမ္ဘာပေါ်မှာစတင် တည်ရှိလာခဲ့တာ ဖြစ်ပြီး ဒိုင်နိုဆောတွေထက် အရင်တည်ရှိခဲ့ကြတာပါ။ လူသားတွေက လွန်ခဲ့တဲ့ အနှစ် (၂) သန်းလောက်ကမှ ပေါ်ခဲ့လို့ ကမ္ဘာမှ လက်ရှိအချိန်ထိ နေနိုင်ဆဲ သတ္တဝါတွေထဲမှာ သက်တမ်းအကြာဆုံးပါပဲ။

⌘ ပုရွက်ဆိတ်ကိုက်ရင် နာလားဆိုတော့ နာပါတယ်။ဒီအထဲမှာမှ Bullet Ant အမျိုးအစား ပုရွက်ဆိတ်ကိုက်ခံရရင် အနာကျင်ဆုံးလို့ ဆိုပါတယ်။ ကျည်ဆန်မှန်သလို နာကျင်ရလို့ တင်စားပြီး Bulllet Ant လို့ခေါ်ဆိုကြပါတယ်။

⌘   အခြား  အင်းဆက်တွေလို မဟုတ်ဘဲ အသက်ရှည်ကြပါတယ်။ ပုရွက်ဆိတ် ဘုရင်မဆိုရင် နှစ်ပေါင်းများစွာ အသက်ရှည်ကြပါတယ်။ Pogonomyrmex Owyheei အမျိုးအစားပုရွက်ဆိတ်ရဲ့ဘုရင်မအနှစ်၃၀လောက်ထိအသက်ရှည်ပါတယ်။လုပ်သားပုရွက်ဆိတ်တွေကတစ်နှစ်၊အဖိုပုရွက်ဆိတ်တွေကတစ်ပတ်ဝန်းကျင်ဖြစ်ပါတယ်။သူတို့ရဲ့မျိုးပွား sperm တွေကတော့ပိုကြာရှည်စွာနေနိုင်ပါတယ်။

⌘ ပုရွက်ဆိတ် ကမ္ဘာမှာတော့ အမျိုးသမီးတွေက​ ရှေ့တန်းကပါ။ လုပ်သား၊ စစ်သားနဲ့ ဘုရင်မ တွေအားလုံး အစ်မ တွေဖြစ်ကြပါတယ်။ အဖို ပုရွက်ဆိတ် တွေရဲ့ အဓိကအလုပ်က မျိုးပွားဖို့ပဲဖြစ်ပြီး မိတ်လိုက်ပြီးတာနဲ့ သေဆုံးကြပါတယ်။ Leaf Cutter အမျိုးအစား ပုရွက်ဆိတ်တွေက ကိုယ်တိုင်ပုံတူ မျိုးပွားနိုင်ကြလို့ မျိုးဆက်သစ်အတွက် အဖိုမလိုအပ်ပါ။ ပုရွက်ဆွေက တိုက်ခိုက်ကြရင်တော့ ရန်ဖြင့်တဲ့အဆင့်မဟုတ်ဘဲ သေသည်အထိ တိုက်ခိုက်ကြတာပါ။

⌘ ဒီနေရာမှာ ပုရွက်ဆိတ်မျိုးရိုးဗီဇက လူတွေလို X, Y Chromosome ကြောင့် ဖိုမကွဲသွားမဟုတ်ဘဲ ပုံတူပွားမှု ဖြစ်စဉ်နဲ့ခွဲတာဖြစ်ပါတယ်။ ပုရွက်ဆိတ်အဖိုတွေက မျိုးမအောင်တဲ့ ဥတွေက ထွက်လာတာဖြစ်လို့ အမေပဲရှိပြီး အဖေရယ်လို့ မရှိပါဘူး။ ဒါကြောင့်သားဆိုတာလဲ မရှိပါဘူး။ ဒါပေမဲ့ မျိုးဆက်တစ်ခုခြားထိ မျိုးရိုးဗီဇ ပွားများသယ်ဆောင်တာဖြစ်လို့ အဖိုးတော့ ရှိပါတယ်။ ဒါကြောင့်မြေးဆိုတာလဲ ရှိပါတယ်။

Trap Jaw Ant တွေက သူတို့မေးရိုးကို တစ်နာရီ ၁၄၀ မိုင်နှုန်းပိတ်ဖွင့်လုပ်နိုင်လို့ ကမ္ဘာပေါ်က ဘယ်သတ္တဝါမဆိုရဲ့ လုပ်ရှားမှုထက်ပိုမြန်ပါတယ်။

ကမ္ဘာ့အကြီးဆုံးပုရွက်ဆိ အသိုက်ကို ၂၀၀၀ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ တွေရှိခဲ့ပါတယ်။ မိုင်ပေါင်း ၃၇၀၀ ထိ ကျယ်ပြန်ပြီး အသိုက်ငယ် သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ Super Colony အဆင့်ပါပဲ။ လုပ်သားပေါင်း ဘီလျံများပါဝင်ပါတယ်။

⌘ ပုရွက်ဆိတ်တွေကို အချို့က မကောင်းတဲ့ ပိုးမွှားတွေလို့ ယူဆကြပါတယ်။ တကယ်တော့ သူတို့က လူမှုပတ်ဝန်းကျင်ကို အကျိုးကျေးဇူးပြုပါတယ်။ ပုရွက်ဆိတ်သယ်ဆောင်လို့ ဖြစ်ပွားတဲ့ ရောဂါဆိုတာမရှိခဲ့ပါဘူး။  လိပ်ပြာလေးတွေလို ဝတ်မှုန်ကူးပေးနိုင်ပါတယ်။ သစ်စေ့တွေကို ပေါက်လာအောင် နေရာအနှံ့ဖြန့်ဖြူးပေးပါတယ်။ မြေထဲမှာ နေထိုင်ခြင်းဖြစ် မြေဆီလွှာ အရည်အသွေးကို မြှင့်တင်ပေးပါတယ်။ ရောမခေတ်ကစိုက်ပျိုးရေးမှာ ဆိုရင် ငှက်တွေနဲ့ အခြားပိုးမွှားတွေကို ကာကွယ်ဖို့ ပုရွက်ဆိတ်တွေကို အပင်နားမှာ ဝန်းရံနေအောင်ပြုလုပ်ပြီး သဘာဝ ပိုးမွှားဟန့်တားသူအဖြစ်တောင်သုံးကြပါတယ်။

ဒါကြောင့် ပုရွက်ဆိတ်ကလေးတွေတွေ့လို့ သတ်ချင်စိတ်ဖြစ်လာရင် သူမဟာ အခုဆောင်းပါးထဲကလို ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလိုက်သလဲဆိုတာကို ပြန်စဉ်းစားပေးစေချင်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & macOS Techincian