Beautiful Camera Shots, How to, iOS Knowledge, Knowledge Sharing

AirPods Pro and AirPods 2 အတွက် Firmware Version 3E751 ထွက်ရှိ

AirPods Firmware Update
AirPods Firmware Update

AirPods Pro နဲ့ AirPods 2 အတွက် Firmware Version (3E751) ကို April 28 မှာ Apple က ထုတ်ပေးလိုက်ပါတယ်။ ဒီ AirPods ၂ မျိုးလုံးအတွက် အရင် Firmware version က (3A283) ဖြစ်ပါတယ်။ ဒီ Firmware အသစ်မှာ ဘာတွေ ကောင်းသွားလဲ Apple ကတော့ မပြောထားပါဘူး။ အရင် Firmware တုန်းကတော့ AirPods Pro မှာ Spatial Audio 🎼 ရသွားစေပါတယ်။ AirPods Pro အတွက်ဆိုရင်တော့ ၆ ခုမြောက် Firmware Version လဲဖြစ်ပါတယ်။

အခု Firmware Update မှာ ဖြစ်နိုင်တာကတော့ Apple ID တူညီတဲ့ Device တွေမှာ အလိုအ​ေလျာက် ပြောင်းလဲ ချိတ်ဆက်ပေးတဲ့ Automatic Device Switching Feature အချို့ Device တွေမှာ ချောချောမွေ့မွေ့ အလုပ်မလုပ်တာကို ပြင်ပေးတယ် ထင်ပါတယ်။ နောက်ထွက်မဲ့ 24” iMac နဲ့ iPad Pro တွေမှာ Compatible ဖြစ်အောင်လုပ်ပေးတာလဲ ဖြစ်နိုင်ပါတယ်။

မိမိ AirPods လက်ရှိ Firmware version ကို စစ်ဆေးရန် AirPods 2 or AirPods Pro ကို ချိတ်ဆက်ပြီး အောက်ပါအတိုင်း ဝင်ကြည့်ပါ။

Setting->Bluetooth သို့ ဝင်ရောက်ပြီး လက်ရှိ Frimware version ကို စစ်ဆေးနိုင်သည်။

Firmware Version မြင့်တင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။

  • AirPods Pro ကို iPhone or iPad နှင့်ချိတ်ဆက်ပါ။
  • AirPods Pro ၂ ခုလုံးကို Charging Case ထဲထည့်ပြီး Charging case ကို အားသွင်းထားပါ။ (ကြိုးမဲ့ အားသွင်းထားလဲ ရပါတယ်)
  • ချိတ်ဆက်ထားသော iPhone/iPad ကို Wifi ချိတ်ဆက်ပြီး အနီးအနားတွင်ထားထားပါ။
  • 10-25 min တွင် ( အများအားဖြင့် 15 min) Update အလိုအလျောက်ပြုလုပ်ပေးသွားပါမည်။

Firmware Update ပြုလုပ်ပြီးပါက Version နေရာတွင် 3E751 ဖြစ်သွားပါမည်။

Dr.Zaw Zaw

Apple Certified Macintosh Technician (ACMT)