
iPhone Battery က Lithium Battery တွေဆိုတာ့ သက်တမ်းတိုစေတဲ့ အချက်တွေက Battery ကုန်အောင် ခဏ၂ သုံးပြီး ခဏ ၂ အားပြန်သွင်းတာ၊ အားပြည့်တာကို အားအကြာကြီး ဆက်သွင်းထားတာတွေက အဓိက အချက်ဖြစ်ပါတယ်။
(Battery Cycle Count တက်အောင်သုံးတာနဲ့တူပါတယ်)
အားပြည့်နေလျက်နဲ့ plug မဖြုတ်မိဘဲ ဆက်သွင်းမိတာ၊ အပူဓါတ်လွန်ကဲ့တာတွေဖြစ်ပါတယ်။
ဖုန်းတစ်လုံး စွမ်းဆောင်ရည်က CPU ဖြစ်ပေမဲ့ CPU ကို အားပေးတာ Battery ဖြစ်လို့ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို သွယ်ဝိုက်ပြီး Battery က ထောက်ပံပေးပါတယ်။
Apple က Battery Health မှာ (Maximum Capacity) စွမ်းဆောင်ရည် 80%အောက်ရောက်ရင် အသစ်လဲသင့်တယ် လို့ ဆိုထားပါတယ်။ ဒါကြောင့် iPhone အသစ်တွေမှာ Maximum Capacity 100% ဖြစ်နေရမှဖြစ်ပါတယ် ?
iOS 13 မှာတော့ Over Charge မဖြစ်အောင် Battery ကို 80% ရောက်တာနဲ့ အားဖြည့်တာကို ခဏရပ်လိုက်မှဖြစ်ပါတယ်။ (80% နဲ့ 100% ကြားကို အားဖြည့်တာ ရပ်လိုက်တာဖြစ်ပါတယ်။ )
Default မှာတော့ Optimized Battery Charging က iPhone မှာ ဖွင့်ထားပေးပြီးဖြစ်ပါတယ်။ နေရာကတော့

Settings > Battery > Battery Health > Optimized Battery Charging မှာဖြစ်ပါတယ်။ ဖွင့်ထားမယ်ဆိုရင်တော့ 0% နဲ့ 80% ကြားကို ပုံမှန် အတိုင်းသွင်းသွားမှာဖြစ်ပါတယ်။

အိပ်ပျော်သွားလို့ တစ်ညလုံး အားသွင်းမယ်ဆိုရင်လဲ 80% ရောက်တာနဲ့ ရပ်သွားမှာဖြစ်ပါတယ်။ မိမိ အိပ်ရာထပြီး အလုပ်သွားချိန်/ ရုံးသွားချိန်ရောက်ခါနီးမှာမှ 100% ကို ပြည့်အောင်သွင်းပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ iPhone က အခု အသုံးပြုသူနဲ့ သဘာဝကို မှတ်သားလေ့လာပါတယ်။ (Machine Learning လုပ်ပါတယ်) ဖုန်းဝယ်ဝယ်ချင်း Optimized Battery Charging က အသက်မဝင်သေးပါဘူး ။ (Active မဖြစ်လာသေးပါဘူး) ဒါပေမဲ့ 80% မှာ အားသွင်းတာကို ရပ်တာကို တော့ စလုပ်ပါပြီ။ အဲ့ဒါကြောင့် တစ်ချို့ နားမလည်သူများက 80% ရောက်လို့ တော်တော်နဲ့ အားမဝင်တာကို Factory Fault ဆိုပြီး နားလည်မှု လွဲတတ်ကြ ပါတယ် ?၊ ၁၀၀%ထိ အားပြည့်ချင်ရင်တော့ Optimized Battery Charging ကို ပိတ်လိုက်ပါ)၊ တကယ်က ၁၀၀% ထိမသွင်းလေကောင်းလေ။?
Optimized Battery Charging အသက်ဝင်ပြီဆိုတာနဲ့ Notification screen မှာ အောက်ပါပုံအတိုင်း ပြပေးပါတယ်။
ဘယ်အချိန်မှာ အားကို အပြည့်ဖြည့်မယ်ဆိုတာပြပေးပါတယ်။ ( ကိုယ်က အတိုင်းအတာတစ်ခုထိလဲ အခု iPhone ကို သုံးပြီးပြီ၊ Machine Learning ကလဲ လုပ်နေတာပြီးပြီဆိုရင်ပေါ့)
ပြတဲ့ အချိန်မတိုင်ခင် အားအပြည့်ဖြည်ချင်တယ်ဆိုရင်တော့ ဖုန်း screen ကို Unlock လုပ်ပြီး Notification message ကို ဖိပြီး Charge Now ကို နှိပ်ပေးပါ။
ဒါဆိုရင်တော့ 100% ထိအားဖြည့်ပေးသွားမှာဖြစ်ပါတယ်။

Optimized Battery Charging အလုပ်မလုပ်ဘူးဆိုရင်လုပ်ဆောင်ရန်
Optimized Battery Charging က ဖုန်းရဲ့ Location Service ကို အခြေခံပြီးလုပ်ဆောင်ပေးတာပါ။
iPhone ကိုင်သူ အချိန်အများစုမှာ ရှိနေမဲ့ နေရာ (ဥပမာ အိမ်၊ အလုပ်) တွေကို အခြေခံပြီး လုပ်ဆောင်ပေးတာပါ။
ခရီးသွားပြီဆိုရင် အခု features က ရုတ်တရက် အလုပ်မလုပ်ဘူးဆိုရင်အောက်ဖော်ပြပါ နေရာက Location Setting များကို Enable ပြလုပ်ပေးထားပါ။
အားလုံးပဲ iPhone Battery များကို သက်တမ်းရှည်ရှည် အသုံးပြုနိုင်ကြပါစေခဗျာ။
- Settings > Privacy > Location Services > Location Services.
- Settings > Privacy > Location Services > System Services > System Customization.
- Settings > Privacy > Location Services > System Services > Significant Locations > Significant Locations.

Dr.Zaw Zaw (Dr.Mac)
Reference Source Apple Support, 9to5mac, Dr.Mac
iPhone 11 စျေးနှုန်းများကို ကြည့်ရန်
Apple Refurbished Products များအကြောင်း ဖတ်ရန်
iPhone 11 ကို ရွှေးချယ်သင့်သော အကြောင်းများကို ကြည့်ရန်
iPhone Region များအကြောင်းကို လေ့လာရန်
—————————-
Dr.Mac Address
—————————-
Youtube Subscriptions ပြုလုပ်ထားပေးပါ။
—————————-
Dr.Mac Gear
—————————