iOS Knowledge, Knowledge Sharing

𝗔𝗽𝗽𝗹𝗲𝗪𝗮𝘁𝗰𝗵နှင့် Heart Rate Zone များ

Apple Watch Ultra

Apple Watch ရဲ့ Heart Rate Sensor Version တွေ မြင့်လာတာနဲ့ အမျှ အားကစားလုပ်နေစဉ် နှလုံး Activity ကို ပိုမိုကောင်းမွန်တဲ့ ပုံစံတွေနဲ့ ဖော်ပြလာနိုင်စေပါတယ်။

𝙈𝙖𝙭𝙞𝙢𝙪𝙢 𝙃𝙚𝙖𝙧𝙩 𝙍𝙖𝙩𝙚

================

 á€œá€°á€á€…်ယောက်ခံနိုင်ရည်ရှိမဲ့ အမြင့်ဆုံး နှလုံခုန်နှုန်းကို ဆိုလိုတာပါ။ အသက်အရွယ်နဲ့ နောက်ခံရောဂါမရှိမှုအပေါ်မှာ မူတည်နေပါတယ်။ 

တွက်ချက်ပုံကတော့ ကျန်းမာသန်စွမ်းတဲ့ လူတစ်အတွက်ကတော့ (၂၂၀) ထဲကနေ မိမိလက်ရှိအသက်အရွယ်ကို နှုတ်ပါ။ 

ဥပမာ – အသက် (၄၀) အရွယ်လူတစ်ယောက်ဆိုရင် (၂၂၀-၄၀) ဖြစ်လို့  Maximum Heart Rate က ၁၈၀ ဖြစ်ပါတယ်။ ဆိုလိုတာက အားကစားလုပ်နေစဉ် အဲ့နှုန်းထက်ပိုမြှင့်တဲ့ နှလုံးခုန်အောင် မကစားသင့်ပါဘူး။

အခု Maximum Heart Rate Zone အပေါ်မှုတည်ပြီး အားကစား Workout လုပ်နေစဉ်မှာ Heart Rate Zone (၅) ခုကို Apple Watch က အခုလို သတ်မှတ်ပေးလိုက်ပါတယ်။ 

Zone 1 : MHR (Maximum Heart Rate) ၏ ၅၀% မှ ၆၀% ကြား အားကစားလုပ်နေပါသည်။  (Very light effort level)

Zone 2: MHR (Maximum Heart Rate) ၏ ၆၀% မှ ၇၀% ကြား အားကစားလုပ်နေပါသည်။ (Light effort level)

Zone 3: MHR (Maximum Heart Rate) ၏ ၇၀% မှ ၈၀% ကြား အားကစားလုပ်နေပါသည်။ (Moderate effort level)

Zone 4: MHR (Maximum Heart Rate) ၏ ၈၀% မှ ၉၀% ကြား အားကစားလုပ်နေပါသည်။ (Hard effort level)

Zone 5: MHR (Maximum Heart Rate) ၏ ၉၀% မှ ၁၀၀% ကြား အားကစားလုပ်နေပါသည်။ (Very hard effort level)

အထက်ပါတွက်ချက်မှုအားလုံးကို Apple Watch ကို Activate လုပ်ပြီး Setup လုပ်စဉ် မိမိ  personal အချက်အလက်တွေ ထည့်သွင်းစဉ်ကတည်းက အလိုအလျောက်တွက်ချက်ပေးပါသည်။

အဆီကျလိုသူများအတွက်ကတော့ Heart Rate Zone 2 အတွင်းမှာ ရှိနေအောင် ကစားပေးနေရပါမယ်။

အတွေ့အကြုံများတဲ့  အားကစားလုပ်တဲ့သူတွေကတော့ Zone 3 ဖြစ်တဲ့ Maximum Heart Rate ရဲ့ ၇၀% ကနေ ၈၅%ကြားကို လုပ်ဖို့  ညွန်းဆိုပါတယ်။ ဒီ Zone 3 ကို ကစားသင့်တဲ့ Zone ဖြစ်လို့ 𝗧𝗮𝗿𝗴𝗲 𝗛𝗲𝗮𝗿𝘁 𝗥𝗮𝘁𝗲 𝗭𝗼𝗻𝗲 လို့လဲ ခေါ်ဆိုကြပါတယ်။

ကျွှန်တော်ကတော့ အပြေးအားကစားကို Heart Rate Zone 3-4 ကြားမှာ ရှိနေအောင် ထိန်းသိမ်းရင်း 2km ပြေးပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့  (𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐞𝐚𝐫𝐭 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧)  သတ်မှတ်ထားတဲ့ တစ်ပတ်ကို ၂နာရီခွဲ (၁၅၀ မိနစ်) လောက် နှလုံးနှင့်ပတ်သတ်သော အားကစားတွေ လုပ်သင့်ပါတယ်။ GYM လိုပြောရင် Cardio Activity ကို တစ်ပတ်ကို ၂နာရီခွဲလောက်အနည်းဆုံး ကစားပေးပါ။ 

အားကစားလုပ်နေစဉ် ရှိနေသင့်တဲ့ ကျန်အချက်အလက်တွေကို Apple Watch  က အလိုအလျောက်တွက်ချက်ပေးသွားပါမယ်။

အားလုံးပဲ Apple Watch ပတ်ရင်း ကျန်းမာပျော်ရွှင်စွာ အားကစားလုပ်နိုင်ကြပါစေ….

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & macOS Technician

နှလုံးကျန်းမာရေးကို အကောင်းဆုံး သက်ရောက်မှု ရှိတဲ့အားကစားကို ပြပါဆိုရင် ပြေးခြင်းအားကစားကိုပဲ ပြရမယ်ထင်ပါတယ်။

ကုန်ကျစရိတ်အနည်းဆုံးနဲ့ အထောက်အကူပစ္စည်းအနည်းဆုံး အားကစားလဲဖြစ်ပါတယ်။ 

စစ်တမ်းတွေအရတော့ ကမ္ဘာမှာ အပြေးသမားအများဆုံး ထွက်ပေါ်တဲ့နိုင်ငံက ကင်ညာနိုင်ငံဖြစ်ပါတယ်။

တစ်ရွာနဲ့ တစ်ရွာ ပြေးသွားပြီးပဲ ဆက်သွယ်ကြတယ်လို့ တောင်ဆိုပါတယ်။ သူတို့ရဲ့ အကောင်းဆုံး အပြေးဖိနပ်က ခြေဗလာပဲဖြစ်ပါတယ်။ 

ခြေတုံးလုံးပြေးလေပိုမြန်လေပါပဲ။ ဒါကြောင့် Vibr​am လို အပြေးဖိနပ် Company တွေက ခြေဗလာနီးပါး ပြေးရတဲ့ အရသာမျိုးဖြစ်နေအောင် ဖိနပ် Design ထုတ်ကြတာဖြစ်ပါတယ်။ 

ပြေးတာကောင်းပါတယ်။ သို့သော် Maximum Herat Rate  á€‘က်ပိုမပြေးသင့်ပါဘူး။ ပြေးရင်သေနိုင်ပါတယ်။ 

Maximum Heart Rate ဆိုတာ လက်ရှိမိမိအသက်ကို ၂၂၀ ထဲက နှုတ်လိုက်တဲ့ ရလဒ်ပါပဲ။ (ဥပမာ- အသက်၄၀ – ၂၂၀ = ၁၈၀ ဆိုတော့ အသက် ၄၀ လူတစ်ယောက်က နှလုံးခုန်နှုန်း ၁၈၀ ထက်ပိုမြန်အောင် အားကစားတစ်ခု မလုပ်သင့်တာပါ)

ဒါတွေအားလုံးက ကျန်းမာနေသောလူအတွက်ဖြစ်ပါတယ်။ တစ်ဖက်မှာလဲ မိမိကျန်းမာနေလားဆိုတာကို စိတ်အေးလက်အေးနဲ့ ဘာမှ မလုပ်ဘဲရှိနေချိန် နှလုံးခုန်နှုန်း ( Resting Heart Rate) နဲ့ ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ သာမန်လူတစ်ယောက်က Resitng Heart Rate ၆၀နဲ့ ၈၀  ကြားမှာ ရှိနေပါတယ်။ ကောင်းစွာလေ့ကျင့်ထားတဲ့ အပြေးသမားတစ်ယောက် ၄၀ ဝန်းကျင် (တစ်မိနစ်ကို ၄၀ပဲခုန်ပါတယ်)။ သူတို့တွေရဲ့ နှလုံးက ညှစ်အားကောင်းလာလို့ အကြိမ် အများကြီး ခုန်စရာမလိုတော့တာဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး အပြေးသမားဖြစ်ခဲ့တဲ့ အူစိန်ဘော့ဆိုရင်  Resting Heart Rate (၃၀) ပဲရှိတယ်လို့တောင် မှတ်သားဖူးပါတယ်။ Resting Heart Rate ကနည်းလေးကောင်းလေးပါပဲ…

မိမိ Maximum Heart Rate ရဲ့ 60-70% ခုန်အောင် အားကစားလုပ်ရင် Apple Watch Ultra မှာ Heart Rate Zone 2 လို့ပြပါမယ်။

မိမိ Maximum Heart Rate ရဲ့ 70-80% ခုန်အောင် အားကစားလုပ်ရင် Apple Watch Ultra မှာ Heart Rate Zone 3 လို့ပြပါမယ်။

အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့ (American Heart Assoiciation) ရဲ့ လေ့လာထားချက်အရ လူတစ်ယောက် အသက်ရှည်ကျန်းမာချင်ရင် တစ်ပါတ်ကို စုစုပေါင်း၂နာရီခွဲလောက် Heart Rate Zone 2-3 ကြားမှာ ရောက်စေတဲ့ အားကစားတစ်ခုခု လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ 

ခေါင်းမရူပ်သွားပါနဲ့။  ဒီတွက်ချက်မှုအားလုံးကို Apple Watch Ultra ပတ်ထားရုံနဲ့ အားလုံးတွက်ချက်ဖော်ပြပေးပါတယ်။

ထို့ကြောင့်ပြေးပါ။ ဖြစ်နိုင်ရင်ခြေဗလာဖြင့်ပြေးပါ။ မပြေးနိုင်ရင် ခြေဗလာနီးပါး ဖြစ်စေတဲ့ Vibram ကို စွပ်ပြီး ပြေးပါ။

ကျန်တွက်ချက်မှုအားလုံးကို Apple Watch Ultra က တာဝန်ယူတွက်ချက်ပေးပြီး iPhone မှာ ကောက်ယူဖတ်ရူလိုက်ရုံပါပဲ…

နောက်ဆုံးပေါ် Apple Watch Model များ၏စျေးနှုန်းများကိုကြည့်ရန်

https://drmacmandalay.com/product-category/iphone/watch/

Dr.Mac မှရောင်းချသော Apple Watch Ultra, Apple Watch Series 8 များတွင် ECG Function ရအောင်ပြုလုပ်ပေးနေပါသည်။ 

Dr.Mac Website

www.drmacmandalay.com

—————————————

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3k19XMG

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

—————————-

Dr.Mac Address

39th, Between 70th &71st Street, Near Bamaw Monastery 

KankawDaw Hostel, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

#RestingHeartRate #AppleWatch #AppleWatchUltra #HearRateActivity #ECG  #MaximumHearRate 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *