Knowledge Sharing

Virus Shut Out (TOAMIT)

Virua Shut Out

Virus Shut Out (TOAMIT) 

❖ Chlorine Dioxide  ပါပြီး လည်ပင်းမှာ ချိတ်ဆွဲရမှာဖြစ်ပါတယ်။ Made in Japan ဖြစ်ပါတယ်။

❖ ထုတ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ Seasonal Flu လိုမျိုး Virus Infection တွေကိုကာကွယ်ဖို့ ထုတ်ခဲ့တာဖြစ်ပါတယ်။

❖ အထူးသဖြင့် Droplet Infection လို့ခေါ်တဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်အစက်ကို ထိတွေမိလို့ ကူးတာကို ကာကွယ်ဖို့ ။

ဥပမာ နှာချေလိုက်လို့ ကိုယ့်ကို စင်မိရင် ခန္ဓာကိုယ်ပေါ်မှာ ရောဂါပိုးကျန်နေပါမယ်။ အခု Chlorine ပါတဲ့ အထုပ်ကို လည်ပင်းမှာဆွဲထားရင် အတိုင်းအတာတစ်ခုထိ Virus နဲ့ မှိုတွေကို ကာကွယ်ပေးပါတယ်။

❖ Covid 19 က Droplet Infectionကိုမှ အသက်ရူလမ်းကြောင်းက အဓိက ကူးတာဖြစ်လို့ လက်ဆေးခြင်းနဲ့ အိမ်မှာ နေခြင်းက အဓိကကာကွယ်တဲ့နည်းလမ်းဖြစ်သလို ကျွှန်တော်တို့ လို အများနဲ့ ဆက်ဆံနေရတဲ့ service လုပ်နေရသူတွေ ဘဏ်ဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေအတွက်ကတော့ အခုလိုမျိုး ပစ္စည်းကို အသုံးပြုမယ်ဆိုရင် ကူးစက်ဖို့ risk နည်းသွားစေပါတယ်

အသုံးပြုပုံကတော့ 

❖လည်ပင်းမှာ အသုံးပြုစဉ် ချိတ်ထားရုံပါပဲ

❖ညအိပ်ရင် ဖြုတ်ထားရပါမယ်။

❖ပါကင်ဖွင့်ပြီး ရပ်ပေါင်း (၃၀) အသုံးပြုနိုင်ပါတယ်။

❖ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ မှု မရှိစေရပါဘူး။ 

❖  ရေစိုတာ၊ နေရောင်ပြင်းပြင်း တိုက်ရိုက် အကြာကြီးထိတာမျိုးမလုပ်ရပါဘူး။ (အေးပြီး ခြောက်သွေ့တဲ့ နေရာမှာထားပါ)

❖ ပါဝင်တော့ Chlorine ကို Allergic ဖြစ်တဲ့သူများမသုံးရပါဘူး

❖  ပါတဲ့ ပစ္စည်းက မီးလောင်လွယ်လို့ ချိတ်ထားတုန်း ဆေးလောက်သောက်တာ၊ မီးရှိတဲ့ နေရာမျိုးသွားတာမျိုးရှောင်ကျဉ်ရပါမယ်။

❖  အခု ပစ္စည်းက Covid 19 ကို လုံးဝကာကွယ်တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ကူးဖို့ အခွင့်အလမ်းနည်းစေခြင်းသာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနနဲံ WHO က ထုတ်ပြန်တဲ့ Guide line တွေနဲ့ အခုပစ္စည်းကို သုံးခြင်းကသာ ပိုထိရောက်သော ကာကွယ်မှုဖြစ်စေပါတယ်။

အားနည်းချက်ကတော့ ဘယ်အချိန်ထိအာနိသင်ရှိသေးလဲ တိုင်းတာတဲ့  Indicator မပါရှိခြင်းဖြစ်ပါတယ်။ ကျွှန်တော်ကတော့ သူပြောတဲ့ အတိုင်း ရက်(၃၀) မှာ တခါလဲပါမယ်။ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါမယ်။ သူမှာပါတာကတော့ Chlorine Dioxide Generator ပါတယ်လို့ ပြောထားလို့ Chlorine Dioxide ကို ပွားပေးနေတယ်လို့ ဆိုပါတယ်။

Prevention is better than cure ဖြစ်သလို No System is 100% safe ပါ။

မှတ်ချက်။ ။ဆိုင်မှာ၊ အိမ်မှာတော့ မိမိအပါအဝင် အားလုံးဆွဲပြီးသုံးနေပါတယ်။ ခွေးတွေကို ဆွဲထားရင် Bacteria  တွေလဲ သေစေပါတယ်။ တစ်ထုပ်ကို မြန်မာငွေ ၁၀၀၀၀ လောက်တန်ပါတယ် (ဆိုင်မှာတော့ မရောင်းပါ) ဒီလိုပစ္စည်းတွေလဲ ရှိသေးတယ်ဆိုတာ သိစေချင်ရုံ မျှဝေပေးတာပါ။

Dr.Zaw Zaw (Dr.Mac)

Gadgets စျေးများကို ကြည့်ရန်