Reviews

Unboxing Canon 80D with 18mm-135mm USM Lens

အခုတလော Semi Pro Level Cross frame ထဲမှာ နာမည်ကြီးနေတဲ့ Canon 80D ဖြစ်ပါတယ်။ Semi Pro Level Camera တွေထဲမှာတော့ ထိပ်တန်း စာရင်းဝင်နေတဲ့ Cmaera ပါ( Crass frame တွေကိုကျော်ပြီး ကြံဖန်ဂုဏ်ယူနေတာ )80D ကို ရွေးချယ်ခြင်း အကြောင်းနောက်မှ ရေးပေးပါ့မယ်။
Review တွေ စမ်းရိုက်ပုံတွေ မြင်မကောင်းအောင် မကြာမှီလာမည် မျှော်/ Block
Canon 70D နဲ့ တကျော့ပြန်အောင်မြင်လာတဲ့ Series ကို 80D အဖြစ်ထုတ်ထားခြင်းဖြစ်ပါတယ်။
ပုံမှန် DSLR တွေလို view finder အပြင် လိုသလို လှည့်လို့ရတဲ့ Touch Screen ပါဝင်လို့ DSLR နဲ့ Selfie ကောင်း ၂ ရိုက်ချင်လဲရနေပါပြီ။

✅Sensor
24MP APS-C CMOS sensor ပါဝင်ပြီး ထူးခြားချက်အနေဖြင့် auto focus ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော်တို့လို အခုမှ စရိုက်မဲ့ Camera ရူးများကို စိတ်အားတက်ကြွစေမှာပါ။ စက်ဘီးစီးသင်တော့ နောက်က လူတစ်ယောက်ကိုင်ပေးရသလို features ပါ။ နောက်မှ လူမပါဘဲ ကိုယ်ဘာသာစီး ရုံပါပဲ။
70 D တုန်းက 19-point AF system ပဲပါဝင်ပြီး 80D မှာ 45-point hybrid AF system ပါဝင်လို့များစွာ ခြားနားသလို ဖြစ်စေပါတယ်။ 7D mark 2 မှာ 65-point ပါဝင်လို့ မမှီနိုင်သေးပေမဲ့ Semi Pro Level Camera ကောင်းတစ်ခုပါ။
Sensor ပိုင်းနဲ့ ပတ်သက်ရင် နောက်ကျနေပြီလို့ canon သမားအများစုကယူဆ ကြပေမဲ့ အခု 80 D မှာတော့ သိသာ ပြောင်းလဲတဲ့ Sensor Development ကို တွေရမှာပါ။ 70D or 7D Mark II ထက်သာပါတယ်။

✅Body
Body ကို polycarbonate, magnesium alloy နဲ့ပြုလုပ်ထားပြီး ဖုန်နဲ့ ရေငွေ့ဒဏ် ခံနိုင်အောင်ပြုလုပ်ထားလို့ ဖုန်ထူတဲ့ ကွျှန်တော်တို့ နိုင်ငံ (အထူးသဖြင့် အညာဒေသ) နဲ့တော့ ကွက်တိပါပဲ။ Weather Sealed ဖြစ်တယ်ပေါ့ဗျာ။

✅Video
Canon 80D မှာ 70D မှာထက် ကွာခြားသွားတာက Video ရိုက်ကူးမှုအပိုင်းဖြစ်ပါတယ်။ 70D မှာတုန်ုးက video ရိုက်ကူးမှု မှာ သိပ်မကောင်းတဲ့. feedback တွေကြားရပေမဲ့ 80D မှတော့ အဆင်ပြေတာကို တွေရပါတယ်။ 4K Video ကို မရိုက်နိုင်ပေမဲ့ 1080/60p capture ရိုက်ကူးနိုင်လို့ တည်ငြိမ်တဲ့ ရုပ်ထွက်ကို ပေးနိုင်မှာပါ။continuous autofocus လိုခေါ်တဲ့ မိမိvideo ရိုက်ကူးနေတဲ့ object နောက်ကို auto focus ထားပြီး ရိုက်ကူးလို့ရသလို face detection လဲ ကောင်းပါတယ်။

✅New System
Canon 5DS and 7D Mark II တွေမှာလို new mirror vibration control system ထည့်သွင်းထားလို့ တုန်ခါမှုကြောင့် ပုံရိပ်ဝါးသွားတာကို အထိုက်အလျှောက်လျှော့စေမှာပါ။

✅Canon EF-S 18-135mm f/3.5-5.6 Image Stabilization USM kit Lens ✅
Canon 80D ကို ဝယ်ယူရင် အများစုတွဲဝယ်ကြတာက အခု 18-135mm USM kit Lens ဖြစ်ပါတယ်။ သယ်ရာတာ ပေ့ါတယ်။ တည်ငြိမ်ပြတ်သားတဲ့ auto focus ပါဝင်တယ်။ 2nd Gen Steeping motor ပါဝင်လို့. Auto Focus movie တွေ ရိုက်ကူးရာမှာ အဆင်ပြေစေပါတယ်။

✅New Accessories ✅
Canon 80D နဲ့အတူ အသစ်မိတ်ဆက်ထားတဲ့ accessories ၂ခုက (ကျွန်တော့်ဆီမှာတော့ မရှိသေး?)
Canon Directional Microphone DM-E1 (Black) 250$
PZ-E1 Power Zoom Adapter 150$
Microphone ကတော့ ရိုက်ကူးရေးမှာ အသံဖမ်းဖို့နဲ့ Zoom Adapter ကတော့ Zoom ဆွဲရာမှာ smart anf Smooth ဖြစ်စေမဲ့ adapter ဖြစ်ပါတယ်။ Accessories အသစ်တွေနဲ့ နည်းပညာ အသစ်တွေပါပဲ။

✅Wifi and NFC✅
ဒါလေးပါလာတ အတော်ထူးခြားပါတယ်၊ Lytro Camera တုန်းကတော့ သူက Hot spot လွှင့်တာကို ဖုန်းက ယူဖမ်းပြီး ပုံတွေ ရယူတာပါ၊ Camera ကို တော့ Control လုပ်ခွင့်မပေးပါဘူး၊ Canon 80 D မှာတော့ Wifi လဲလွင့်နိုင်သလို ကြားခံ Hotspot ကိုလဲ ချိတ်ထားနိုင်ပြီ ရိုက်ပြီးသားပုံတွေကို ဖုန်းထဲ တန်းရွှေ့ နိုင်ပါတယ်။ Bulb mode ရိုက်ဖို့ cable release မလိုတော့ပဲ ဖုန်းက နေလှမ်းရိုက်နိုင်ပါတယ်။ Group photo တွေ၊ Long Exposure ရိုက်တဲ့နေရာတွေမှာ အဝေးက လှမ်းရိုက်နိုင်ပါပြီ။ ဖုန်း Screen ကနေLive View ကြည့်နိုင်ပါတယ်။
Wifi Printer ရှိပါကလဲ တိုက်ရိုက် print ထုတ်နိုင်ပါတယ်။ Desktop (Mac, Window ) ဆီကိုလဲ ကြိုးမဲ့ ပုံပို့နိုင်ပါပြီ။ Canon Camera အချင်းချင်းလဲပုံပို့နိုင်ပါတယ်။ နားလည်အောင်ပြောရရင်. Canon ရဲ့ Zapya ပေါ့ဗျာ။
DLNA Enable device ရှိရင်တော့ ကြိုးမဲ့ ပုံတွေ Streaming လုပ်နိုင်ပါတယ်။
Canon Camera Connect, Canon Connect Station app များဆွဲထားပါ။ appများဆွဲထားပါ။

P.S Canon 80D မှာ GPS မပါပေမဲ့ iPhone AGPS ကို လှမ်းသုံးလို့ရလို့ အရမ်းအဆင်ပြေပါတယ်။

Canon EOS 80D key features:

  • 24MP APS-C CMOS sensor with Dual Pixel AF
  • 45-point AF system with all cross-type points
  • 3″ 1.04M-dot articulating touchscreen
  • 1080/60p video capture
  • 7 fps continuous shooting with AF
  • Weather-resistant body
  • 7560-pixel RGB+IR Metering Sensor
  • Wi-Fi + NFC