iHealth ကြိုးမဲ့သွေးပေါင်ချိန်စက် ( Blood Pressure Monitor)

150,000.00 Ks

20 People watching this product now!

Delivery Policy

မန္တလေးမြို့အတွင်း ဝယ်ယူပြီး နေ့ချင်းရောက်ပို့ဆောင်ပေးပါသည်။
(၃)သိန်းနှင့်အထက်မြို့တွင်းဝယ်ယူသူများအတွက် အခမဲ့ပို့ဆောင်ပေးပါသည်။
အခြားမြို့များသို့ နေ့လည်(၂) နာရီမတိုင်ခင် ငွေလွှဲပါက မှာယူသည့်နေ့တွင် သက်ဆိုင်ရာ
Delivery သို့ အပ်နှံပေးပါသည်။

Return

(၇) ရက်အတွင်းဖြစ်ပေါ်လာသော Factory error များအတွက် (၂၄) နာရီအတွင်း
ပစ္စည်းအသစ်လဲလှယ်ပေးပါသည်။ Error ပါသော ပစ္စည်းကို (၃)ရက်အတွင်း
အကြောင်းကြားပို့ဆောင်ပေးရန်လိုအပ်ပါသည်။

Hotline ဖုန်းခေါ်ဆိုနိုင်သော အချိန်

မနက် (၉:၃၀) နာရီမှ ညနေ(၆း၃၀)နာရီအထိ

Payment Method:

Description

Apple Device များနဲ့ တွဲဖက်သုံးစွဲရတဲ့ ဆေးပစ္စည်းများထုတ်လုပ်ရာ iHealth Company ထုတ်  ကြိုးမဲ့ သွေးပေါင်ချိန်သည့် ပစ္စည်းဖြစ်ပါသည်။

❖ ပုံမှန်သွေးပေါင်ချိန်စက်ဖြင့် သွေးပေါင်ချိန်ဖို့ အတွက် လူတစ်ယောက် အကူအညီလိုပါတယ်။ iHealth  ကြိုးမဲ့ သွေးပေါင်ချိန် စက်ကို အသုံးပြုခြင်းဖြင့် မိမိ အသုံးပြုသော iPhone ထဲတွင် iHealth app ထည့်သွင်းထားရုံဖြင့် ကိုယ်တိုင်တိုင်းတာနိုင်ပါတယ်။

❖ မိမိသွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာခြင်းအားဖြင့် မြန်မာနိုင်ငံမှ​ာ အဖြစ်များဆုံး သွေးတိုးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ သွေးတိုးရောဂါရှိသူများအနေဖြင့်လဲ ရောဂါပိုဆိုးမလာအောင် ထိန်းသိမ်းနေထိုင်ရာမှ​ာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

❖ မိသားစု တစ်စုမှာ တစ်ခုပဲ လိုအပ်မှာဖြစ်ပြီး မိမိအသုံးပြုတဲ့ Phone မှာ iHealth App ကို ဆွဲထားပြီး တိုင်းတာနိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ကိုယ်အသုံးပြုတာဖြစ်လို့ “တိုင်းတာတဲ့အချက်အလက်တွေလဲ တစ်ဦးနဲ့ တစ်ဦးရောထွေးမှု” ရှိမှာ မဟုတ်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသတဲ့အချိန်ကျရင်လဲ ဖုန်းထဲက နေ့စဉ်တိုင်းထားခဲ့တဲ့ အချက်အလက်တွေကို ပြသနိုင်ပါတယ်။

❖ တိကျမှုအနေနဲ့တော့ Medical Grade ဖြစ်လို့ ဆေးရုံတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ESH 2010 (European Sciety of Hypertnesion) ရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင်ပြုလုပ်ပေးထားတဲ့ BP monitor ဖြစ်ပါတယ်။

❖ သွေးပေါင်ချိန်တိုင်းတာရင်း နှလုံးခုန်နှုန်းကို သွယ်ဝိုက်တိုင်းတာပေးမှာဖြစ်ပြီး စည်းချက်မှန်မှု ပုံမှန်မဟုတ်တာတစ်ခုခုတွေရှိပါက သတိပေးသွားမှာဖြစ်ပါတယ်။

iHealth

Color DISPLAY

သွေးပေါင်တိုင်တာချိန်မှာလဲ ကိန်းဂဏန်းကို ဖော်ပြရုံတင်မဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ထုတ်ပြန်ထားတဲ့ သွေးတိုးရောဂါအခြေအနေအတိုင်း display မှ​ာ အရောင်တွေနဲ့ပါ ပြပေးပါမယ်။

iHealth

ပုံမှန်သွေးပေါင်ချိန်ကို အစိတ်းရောင်၊ သွေးတိုးရောဂါစဖြစ်ဖို့ အခြေအနေရှိတဲ့သွေးပေါင်ချိန်ဆိုရင် အဝါရောင်၊ စိုးရိမ်ရတဲ့သွေးပေါင်ချိန်ဆိုရင် အနီရောင် စသည်ဖြင့် အရောင်တွေနဲ့ပါ ခွဲခြားပြသပေးပါမယ်။

တိုင်းတာဖို့ လွယ်ကူမယ်

iHealth

iHealth

Start/Stop နှိပ်ပြီး မည်သူ့ အကူအညီမလိုဘဲ အလွယ်တကူတိုင်းတာနိုင်ပါတယ်။

❖  လူကြီးအရွယ် လက်မောင်း size အမျိုးမျိုး (ကလေးတွေတော့ မရပါ) အတွက် အသုံးပြုနိုင်အောင် Cuff အရွယ်ကို ၈.၇”မှ ၁၆.၅” (22-42cm) အရွယ်ပြုလုပ်ပေးထားပြီး AAA Size Battery (၄) လုံးထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။

System Requirement

iOS 8.0 or later. Android 5.0 or later.Requires Bluetooth 4.0.and up) တင်ထားသော မည်သူ့ iPhone, iPad, Android Phone, Tablet မဆိုတွင် အသုံးပြုနိုင်ပါသည်။

—————————-

Open 

⌚️- 10𝖆𝖒 – 7 𝖕𝖒

ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

—————————-

Dr.Mac Address

http://bit.ly/2FW80h7

https://apple.co/3gxHWJw

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Customer Reviews