AirPods Max

SKU: N/A

1,950,000.00 Ks

16 People watching this product now!

Payment Method:

Description

AirPods Max (Space Grey)

=====================

🔘Design

Design ကတော့ Apple ဆိုတဲ့အတိုင်း ကြည့်တာနဲ့သေလောက်အောင်မိုက်ပြီးသားပါ။

ခေါင်းအရွယ်မျိုုးစုံနဲ့ အဆင်ပြေအောင် Sun Shade (canopy) လိုမျိုးပြုလုပ်ထားပေးပြီး နားထောင်တဲ့အချိန် ခေါင်းမှာ ချိတ်တဲ့  weight ကို သက်သောင့် သက်သာဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။

Stainless Steel Frame နဲ့ တွယ်ဆက်ထားပြီး Frame ကို (soft-to-the-touch material ) နဲ့ ဖုံးအုပ်ပေးထားပါတယ်။

Ear Cup ကတော့ Aluminum လဲ လုပ်ထားပြီး အရောင် (၅)မျိုးနဲ့ ရနိုင်ပါမယ်။ Ear Cup အတွင်းပိုင်းကိုတော့ ustom-designed mesh textile ( ဇကာပေါက်လိုမျိုး) Cushion  ပါပါမယ်၊ နားထောင်တဲ့အချိန် ခံစားရတာ ခေါင်းအုံးပေါ်အိပ်သလို ခံစားရမယ် လို့ ဆိုပါတယ်။

Spatial audio  လို့ ခေါ်တဲ့ ရုပ်ရှင်ရုံမှာလို Surround sound effect ပါလာပြီးဖြစ်သလို Position sensor (each ear cup), Case-detect sensor (each ear cup), Accelerometer (each ear cup), Gyroscope (left ear cup) တွေပါလို့ AirPods Pro ထက်ပိုပြီး Real time Spatial Audio features ခံစားနိုင်မှာဖြစ်ပါတယ်။ အားကစားလုပ်တဲ့အချိတ်တော့ AirPods Pro ကပိုကောင်းနေပါအုံးမယ်။

Ear Cushions တွေက Earcup မှာ သံလိုက်နဲ့ ကပ်ပြီး အသုံးပြုပါတယ်။ အသုံးပြုရတာ နားမှာ သက်သောင့် သက်သာဖြစ်စေပါတယ်။

Digital Crown

Digital Crown ကတော့ Watch က  Digital Crown နဲ့ Design နဲ့တူပြီး Hepatic feedback နဲ့ မပါပါဘူး။  အသံအတိုးအချဲ့၊ သီချင်း တစ်ပုဒ်အကူးအပြောင်း၊ ဖုန်းလာရင် ကိုင်တာတွေမှာ အသုံးပြုပါတယ်။

Noise Cancellation နဲ့ Transparency Mode ကို တော့ Digital Crown ဘေးမှာပါတဲ့ Button နဲ့ ကူးပြောင်ပေးပါတယ်။

Ear Cushions အပိုင်းကတော့ လျှော်လို့ ရသလို နောက်ပိုင်း ပျက်စီးသွားမယ်ဆိုရင်ဝယ်လို့ ရပါတယ်။ Apple ကတော့ ရောင်းစျေး တစ်စုံ (ဘယ်/ညာ တစ်ခုစီ) ကို 79$ သက်မှတ်ထားပါတယ်။

🔘Features

Features တွေအအရ AirPods Pro နဲ့ တော်တော်များများတူပါတယ်။

နားကြပ် တစ်ဘက်ဆီမှာ ထည့်ထားတဲ့ H1 Chip ကြောင့် အပေါ်က Features တွေ ဖြစ်တဲ့ Active Noise Cancellation, Adaptice EQ, Tansperance Mode တွေကို အကောင်းဆုံး ပြုလုပ်ပေးမဲ့  Computational Audio Features ဖြစ်ပါတယ်။ Audio Chip အနေနဲ့  H1 Chip ကိုပဲ ဆက်သုံးပါတယ်။

*  Apple-designed dynamic driver

Internal components of AirPods Max spaced out horizontally.

Apple ကိုယ်တိုင်ပြုလုပ်ထားတဲ့ အသံပြုလုပ်တဲ့ Unit ကတော့ တကယ်ကို ကောင်းမွန်ပါတယ်။ အသံတိကျမှု၊ Bass သံကောင်းမွန်မှု ကြည်လင်ပြတ်သားမှုတွေကို ရရှိစေပါမယ်။ Computational Audio လို့ ခေါ်တဲ့ Computerized တွက်ချက်ပြီး အသံကွဲသွား၊ လုံးသွားမှုမရှိအောင်လဲ ပြုလုပ်ပေးပါတယ်။ Ear Cup တစ်ဘက်တစ်ချက်မှာပါတဲ့ H1 Chip ပါဝင်သလို AUdio Cores ပေါင်း (၁၀) ခုထိ ပါဝင်ပြီး 9 Billion Operation per Sec နှုန်းနဲ့ အသံကောင်းမွန်အောင်ပြုလုပ်ပေးနေပါတယ်။

*  Active Noise Cancellation (ပတ်ဝန်းကျင်အသံဆူညံမှုကို ဖယ်ရှားဖို့ Mic ၉ လုံးထိတပ်ဆင်ထားပြီး ပတ်ဝန်းကျင် ဆူညံမှုကို ထောက်လှမ်းဖယ်ရှားပေးပါတယ်) 200 time/sec နှုန်းနဲ့အလုပ်လုပ်နေပါတယ်။

နားကြပ်တစ်ခုစီမှာ အပြင်သံကို ထောက်လှမ်းဖို့ လှည့်ထားတဲ့ Mic (၃) ခု၊ အတွင်းသံကို ပြန်ထောက်လှမ်းဖို့ Mic တစ်ခု နဲ့ အသံအားလုံးကို ပြန်စုစည်းသုံးသပ်အလုပ်လုပ်ဖို့ ဆိုပြီး စုစုပေါင်း (၉)ခုပါပါတယ်။

Active noise cancellation mode မှာ ကိုယ်စကားပြောတာတောင် ကိုယ်ပြန်မကြားရတော့ပါဘူး 🤓

*  Transparency mode

ဒီ Mode မှာတော့ သီချင်းလဲနားထောင်ရင်း ပတ်ဝန်းကျင် အသံကို ပြန်ကြားအောင်ပြုလုပ်ပေးထားပါတယ်။ (လေဆိပ်မှာ သီချင်းနားထောင်နေရင်း ကိုယ့်ခရီးစဉ်ကြေငြာသံကို ကြားအောင်နားထောင်တာမျိုး)

*  Adaptive EQ

နားထောင်နေတဲ့သီချင်း အမျိုးအစား၊ တီးနေတဲ့ Instrument အလိုက် Airpods Max မှာတပ်ဆင်ထားတဲ့ Mic တွေကထောက်လှမ်းပြီး အသံပိုင်း ဆိုင်ရာချိန်ညှိလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ပုံမှန် Setting ထဲမှာ EQ တွေ Manual လုပ်ရတာကို Auto လုပ်ပေးသွားတာဖြစ်လို့ သီချင်းတိုင်းနားထောင်ကောင်းနေမှာဖြစ်ပါတယ်။ စာရေးသူ စမ်းသပ်ချက်အရတော့ သီချင်း Quality 256kbs ရှိရင်အကောင်းဆုံးပါပဲ။

*  Spatial audio with dynamic head tracking

ရုပ်ရှင်ရုံတွေနဲ့ Home Theatre မှာတပ်ဆင်ထားသလို Surrounding Audio system ကို တကယ်တပ်ဆင်ထားသလို ခံစားမှုပေးတာဖြစ်ပါတယ်။ နားက Spatial Audio support လုပ်တဲ့ Movie, သီချင်းဖွင့်ထားတဲ့ iPhone, iPad, Mac ဖက်ကို နားလှည့်လိုက်တာနဲ့ အသံကအဲ့ဘက်က လာနေတယ်လို့ ခံစားရအောင်လုပ်ပေးတဲ့ Dynamic head tracking ပြုလုပ်ပေးပါတယ်။ ဒီ Fetures ရဖို့ TV, Netflix, Hulu စတဲ့ Streaming ဝန်ဆောင်မှုပေးတဲ့ App တွေက ဇာတ်ကားတွေမှာ လောလောဆယ်ရနေပါပြီ။ ဇာတ်ကားမှာ Dolby Atmos အသံနည်းပညာပါ ဇာတ်ကားဖြစ်ရပါမယ်။

🔘အခြား Features များ

===============

  • Automatic switching –  Apple ID တူညီတဲ့ Device များမှာ တစ်ခုအသုံးပြုနေစဥ် နောက်တစ်ခုကို အသုံးပြုဖို့ ကိုင်လိုက်တာနဲ့အလိုအလျောက်ချိတ်ဆက်ပေးသွားပါမယ်။ ဥပမာ mac မှာ Movie ကြည့်နေစဉ် iphone နဲ့ ဖုန်းခေါ်လိုက်တာနဲ့ AIrPods Max ကနေ ချိတ်ဆက်အသုံးပြုနိုင်တာမျိုးပါ။
  • Audio Sharing –  မိမိ iPhone, iPad, Apple TV 4K ပေါ်မှာ ကြည့်နေတဲ့ Movie Music ကို အခြား Airpods တစ်ခုခုကို Sharing လုပ်နိုင်ပါတယ်။ Mac မှာတော့ မရသေးပါ။
  • Siri – AirPods Max မှတဆင့် Siri ကို အသုံးပြုပြီး သီချင်းဖွင့်တာ၊ ဖုန်းခေါ်တာ၊ အသံအတိုးအလျှော့၊ စတာတွေနဲ့ ဝင်လာတဲ့ message တွေကိုဖတ်ခိုင်းတာတွေလုပ်နိုင်ပါတယ်။

Battery Performance

အားအပြည့်သွင်းထားရင် နာရီ (၂၀) ထိ အသုံးပြုနိုင်ပြီး (၅)မိနစ်အားသွင်းမယ်ဆိုရင် (၁)နာရီခွဲထိအသုံးပြုနိုင်ပါတယ်။

အားသွင်းတာက Lightning to Type-C ကြိုးကသွင်းပါမယ်။ iPhone 12 Series မှာ အသုံးပြုတဲ့ 20 watt Charger Adapter ကို အသုံးပြုပြီး အားသွင်းနိုင်ပါတယ်။

Smart Case

Smart Case ထဲကို ထည့်သွင်းလိုက်တာနဲ့ ချက်ချင်း Low Power Mode ကိုပြောင်းသွားပြီး Battery drainage ကို သက်သာစေပါတယ်။ ၁၈ နာရီအကြာမှာတော့ Ultra-low power mode ကို ပြောင်းသွားပေးပါမယ်။ အောက်ကဇယားကတော့ Smart Case အသုံးမပြုဘဲ ထားရင် ရောက်ရှိမဲ့ Low power mode နဲ့ Ultra-low power mode ကို ရောက်ရှိမဲ့ နာရီတွေဖြစ်ပါတယ်။

Or, in more digestible form:

In Smart Case Not in Smart Case
Low power Immediate 5 minutes
Ultra-low power 18 hours 72 hours

 

What’s in the box

AirPods Max Space Grey

AirPods Max Review by Dr.Mac

Dr.Mac တွင် AirPods Max ဝယ်ယူသူများအတွက်အ မှတ်တရ အဖြစ် 𝐹𝓇𝑒𝑒 𝐿𝒶𝓈𝑒𝓇 𝐸𝓃𝑔𝓇𝒶𝓋𝒾𝓃𝑔  𝒮𝑒𝓇𝓋𝒾𝒸𝑒  ပြုလုပ်နိုင်ပါသည်။ 

လိုချင်သောပုံစံကို ကမ်းလှမ်းရန် နှိပ်ပါ။

Sample Laser Engraving on AirPods Max (🐷 Dr.Mac)

Dr.Mac Website

https://www.drmacmandalay.com

—————————————

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3QWgbgO

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

——————————————

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 9:30𝖆𝖒 – 6:30 𝖕𝖒 (Open Daily)

—————————-

Dr.Mac Address

Yay Ni Canal Street, Between 38th &39th Street, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

Dr.Mac TikTok

https://www.tiktok.com/@dr.macappleproductsstore?lang=en

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

 

Customer Reviews