Drone နည်းပညာ, Knowledge Sharing, Reviews

Mavic Air/Ulitmate Compact Drone Review

Mavic Air

DJI Mavic Series Drone တွေထဲမှာ Mavic Pro, Mavic Pro Platinum, Mavic Pro White တွေရှိခဲ့တာမှာ အခု Mavic Air ကတော့ ပုံစံ၊ နည်းပညာ အသစ်တွေနဲ့ ထပ်မံထုတ်လုပ်တဲ့ Series ဖြစ်ပါတယ်။

?Highlight Features
✅Intelligent Flight mode (Quick Shot mode) မှာ Boo, Asteroid mode တွေနဲ့ ထူးခြားတ့ဲ Video Shot တွေရိုက်ကူးနိုင်ပါတယ်။
✅Smart Capture လိုခေါ်တဲ့ Hand Gesture ကို အကောင်းဆုံး အသုံးပြုနိုင်ပါတယ်။ Drone စက်နိုးတာ၊ပျံတက်၊ ပျံဆင်းတာက အစ၊ ဓါတ်ပုံ video ရိုက်တာအဆုံး လက်နဲ့တင် ခိုင်းစေသွားလို့ရစေပါတယ်။

❤️Color

Mavic Air မှာတော့ Arctic White, Flame Red, Onyx Black ဆိုပြီး (၃) ရောင်လာပါတယ်။ ဒီ အထဲမှာမှ Gloss အဖြစ်ဆုံး Flame Red ကို ရွေးချယ်ထားပါတယ်။

❤️Design and Specification

430 g လေးပြီး ခေါက်ထားတဲ့ အနေအထားမှာ iPhone 8Plus အရွယ်လောက်ပဲ ရှိလို့ အိတ်ထောင်ထဲမှာတောင်သယ်သွားနိုင်ပါတယ်။Flight Time- 21minDistance- 4kmMax Altitude- 500mMax Speed- 68.4 kph (S – mode[1]), 28.8 kph (P – mode)Sensing System- Forword,

Backward, Downward Sensor များပါဝင်ပြီး Advanced Pilot Assistance Systems (APAS) ပါဝင်လို့ အတားအဆီးများကို အလိုအလျောက်ရှောင်တိမ်းပြီး မောင်းနှင်နိုင်ပါတယ်။

❤️Compare with Mavic Pro

Mavic Series Drone တွေဖြစ်တဲ့ Mavic Pro နဲ့ ယှဉ်ကြည့်မယ် ဆို ရင် အအောက်ပါ အချက်များမှာ Mavic Air က ပိုမိုသာလွန်ပါတယ်။

✅Size & Weight- Mavic Air က Mavic Pro အလေးချိန်နဲ့ အရွယ်ရဲ့ တစ်ဝက်လောက်ပဲ ရှိလို့ ပိုပြီး Portable ဖြစ်ပါတယ် ။ ဒီအချက်က Traveller Shot ပြုလုပ်ချင်သူများအတွက် ရွေးချယ်စရာဖြစ်ပါတယ်။ Mavic Air က ခေါက်ထားတဲ့ အချိန်မှာ iPhone 7 plus အရွယ်လောက်သာရှိပါတော့တယ်။

✅Camera & Gimbal – Mavic Air Camera က 4K 30fps 100Mb/S ထိရိုက်နိုင်ပြီး Mavic Pro ကတော့ 4K 30fps 60 Mb/s၊ HD ရိုက်ကူးနိုင်မှုမှာ Mavic Air က 1080P 120 fps, 100 Mb/S, Mavic Pro က 1080P 96fps 100Mb/s ဖြစ်လို့ Mavic Air က ရုပ်ထွက်ပိုမိုကောင်းမွန်ပါတယ်။ Camera နဲ့ Gimbal တည်ဆောက်ပုံက Mavic Air မှာ ပိုပြီးတော့လဲ အကာအကွယ် ပိုဖြစ်တာကို တွေ့ရပါတယ်။

✅Internal Storage- Mavic Air မှာ Internal Storage 8GB ပါဝင်လို့ SD Card ပြည့်သွားရင်ပဲ ဖြစ်ဖြစ်၊ SD Card ထည့်ဖို့ မေ့သွားလို့ပဲ ဖြစ်ဖြစ် ဆက်လက် ရိုက်ကူးနိုင်ပါတယ်၊ Mavic Pro မှာ တော့ SD Card မဖြစ်မနေစိုက်ပေးရပါတယ်။

✅Speed- Mavic Air က Sport mode 41 mph, Mavic Pro က Sport mode 40mph ဖြစ်လို့ ပိုမြန်ပါတယ်။

✅Flight mode – Mavic Air မှာ Asteroid နဲ့Boomerangဆိုတဲ့ အတော်မိုက်တဲ့ Flight Mode (၂) ခုထပ်မံပါဝင်လာပါတယ်

✅Obstacle Avoidance- အတားအဆီးရှောင်ရှားတဲ့ စနစ်ကို Mavic အားလုံးမှာပါပေမဲ့ Mavic Air အနောက်ဘက်မှာ vision sensor ထပ်မံပါဝင်ပါတယ်၊ Advanced Pilot Assistance System (APAS) က Mavic Air မှာပဲ ပါဝင်ပြီး အတားအဆီးများကို ရှေ့နဲ့ နောက် ပျံသန်းမှုများမှာ အလိုအလျောက်ရှောင်းတိမ်းပြီး ဆက်လက် မောင်းနှင်နိုင်ပါတယ်။

✅Gesture Control- Mavic Air မှာ ပျံတက် / ပျံဆင်း၊ ဓါတ်ပုံ Video ရိုက်တာကအစ Hand Gesture ကို အသုံးပြုပြီး ခိုင်းစေသွာလို့ရပါတယ်။

✅Price – ဈေးနှုန်းအနေဖြင့် Mavic Air Combo က Mavic Pro Combo ထက် 300$ လောက် လျှော့နည်းပါတယ်။Mavic Pro က Mavic Air ထက်သာတဲ့ အချက်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

✅Flight Time- Mavic Air – 21 min, Mavic Pro – 27 min ဖြစ်လို့ Mavic Pro က ပိုသာပါတယ်။

Mavic Air Combo မှာတော့ Battery အပို စုစုပေါင်း (၃)ခုထိပါဝင်ပါတယ်။

✅Flight Range – Mavic Air 4km, Mavic Pro- 7km ဖြစ်လို့ ခပ်ဝေးဝေး ကို ပျံသန်းလိုသူများအတွက် Mavic Pro က ရွေးချယ်စရာဖြစ်ပါတယ်။