macOS Knowledge

Magic Mouse, Magic Keyboard, Magic Trackpad နှင့် USB Numeric Keyboard များအကြောင်း

Mac Computer တွေကို သုံးမယ်ဆိုရင် မဖြစ်မနေ သူနဲ့ တွဲဖက်အသုံးပြုရမှာက Mouse, Keyboard တွေနဲ့ Magic Trackpad တွေပါ။ အခြား PC နဲ့ အသုံးပြုပုံလုံးဝကွဲပြား ခြားနားစေတဲ့ Accessoreis တွေပါ။

Dr.Mac Computer Training Center မှာတော့ ပြစရာ Magic Keyboard 1 ပဲမရှိတာပါ

Magic Mouse 1,2
Mouse သမိုင်းကြောင်းကို ဆက်ပြောရရင် Personal computer တွေမှာ Macintosh တွေက Graphical User Interface ကို mouse ကို အသုံးပြုခိုင်းစေခဲ့ပါတယ်။(Computer မှာ Apple က Mouse ကိုစတင်အသုံးပြုတာလို့ ပြောနိုင်သလို Mous အသုံးပြုတာတွင်ကျယ်စေတယ် လို့လဲ ပြောနိုင်ပါတယ်)

iMac 4k မှာ Magic keyboard 2 နဲ့ Magic Trackpad 2 ကိုသုံးပြထားပါတယ်

လက်ရှိ Apple က ထုတ်လုပ်အသုံးပြုထားတာကတော့ Magic mouse 2 ပါ။ Magic Mouse 1 နဲ့ 2 ခြားနားချက်ကတော့ Built in Battery က Magic Mouse 2 မှာ ပါဝင်ပြီး 1 ကတော့ AA BATTERY 2 လုံး ထည့်ပြီး အသုံးပြုရပါတယ်၊ Magic Mouse 1 ကို Apple က ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။

❗️Magic Mouse 2 ကို MacBook, iMac , Mac mini တွေမှာ အသုံးပြုမယ်ဆိုရင် 2012 နောက်ပိုင်းထုတ်လုပ်ထားတဲ့ model တွေမှာပဲ Features အပြည့်သုံးနိုင်ပါမယ်။ ❗️Magic Mouse 1 ရော၊ 2 ရော Touch မျက်နှာပြင်နဲ့ တည်ဆောက်ထားပြီး ပုံစံအားဖြင့် အတူတူပဲဖြစ်ပါတယ်။

 Magic Trackpad 1,2
Magic Trackpad ဆိုတဲ့ အတိုင်း သူ့ရဲ့လုပ်ဆောင်မှုက တကယ်ကို Magic ပါ။ Magic Trackpad ကို Build in အနေဖြင့် 2008 ထုတ် MacBook Pro မှာ စတင်ပါဝင်လာပြီး Multitouch Trackpad အနေဖြင့် တည်ဆောက်ထားပါတယ်။Unibody နဲ့ ထုတ်လုပ်ထားတဲ့  MacBook အားလုံးမှာ Magic Trackpad ပါဝင်လာပါတယ်။ Magic Trackpad ကြောင့် Mac OS X ကို Touch Screen နဲ့ အသုံးပြုရသလို ဖြစ်စေပြီး Touch Screen ထက် ပိုပြီးလဲ Smart ကျလာစေပါတယ်။ Magic Trackpad ကြောင့် ပဲ MacBook တွေကို Touch Screen မျက်နှာပြင်နဲ့ ထုတ်လုပ်စရာမလိုခြင်းဖြစ်ပါတယ်။ iOS သည် Touch Screen အတွက် ရည်ရွယ်ပြီး Mac OS သည် Touch Screen နဲ့လာဖို့ မဖြစ်နိုင်တော့ခြင်းဖြစ်ပါတယ်။

Latest Mac mini လေးကိုတော့ USB Numeric Keyboard နဲ့ Magic Mouse 2 နဲ့ သုံးထားပါတယ်

Magic Trackpad 1 နဲ့ 2 ခြားနားချက် အနေဖြင့် Magic Trackpad 2 က မျက်နှာပြင်ကြီးမားပြီး New MacBook Trackpad မှာလို pressure sensor ပါဝင်ပါတယ်။ Built in Battery နဲ့ ဖြစ်ပြီး iPhone အားသွင်းကြိုး Lightning Cable နဲ့ အားသွင်းနိုင်ပါတယ်။ Stand by hour 1month ဖြစ်လို့ သုံးပြီးရင်လဲ ပိတ်ထားစရာမလိုပါဘူး။
Trackpad နဲ့ တည်ဆောက်ပုံနဲ့. Mac OS software ရဲ့ Support လုပ်မှုကြောင့် Mac OS ကို touch နဲ့သုံးရသလိုဖြစ်စေပါတယ်။ ဒါအပြင် Gesture လို့ ခေါ်တဲ့ ထိတွေတဲ့ လက်ရဲ့ လှုပ်ရှားမှု ဦးတည်ချက်အလိုက် ပြောင်းလဲ ခိုင်းစေနိုင်ပါတယ်။ လက် ၁ချောင်းကနေ ၅ ချောင်းအထိ support ပြုလုပ်ပြီး ထိတွေတော့ လက်ချောင်း အရေအတွက်အလိုက် ခိုင်းစေမှု command ပြောင်းပေးပါတယ်။ ပြောရရင် multi touch surface ပါပဲ။ (ဥပမာ လက် ၂ချောင်း ထိလိုက်ရင် window right click ကို function ကို ရစေပါတယ်)

Magic Trackpad -2 ,Pressure Sensor ပါဝင်ပြီး Mac OS ကို Touch မျက်နှာပြင်နဲ့သုံးစေနိုင်ပါတယ်။ Tackpad 1 ထက် ပိုမို ကြီးမားတဲ့ မျက်နှာပြင်နဲ့ တည်ဆောက်ထားပါတယ်
Magic Trackpad -1
Magic Keyboard 2 အပေါ်မျက်နှာပြင်

 Magic Keyboard
Company သမိုင်းတစ်လျှောက်မှာ keyboard နဲ့ ပတ်သက်ပြီး အမြဲ တီထွင်ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။ နိုင်ငံအလိုက် language 2 မျိုးသုံး keyboard တွေအထိ design ထွင်ခဲ့ဖူးပါတယ်။ လက်ရှိ apple က ထုတ်လုပ်ဆဲ keyboard တွေကတော့ magic keyboard 2 နဲ့ iPad Pro နဲ့ တွဲသုံးရတဲ့ smart keyboard တွေပဲဖြစ်ပါတယ်။

တစ်ခုတည်းသော. USB Cable နဲ့ keyboard, USB port တွေလဲပါ။Design ကတော့ ကြွေလောက်ပါပေတယ်
Keyboard အားလုံး Butterfly mechanism ကို စသုံးပါတော့မယ်

MacBook တွေရဲ့ keyboard တွေကို လက်ရှိ အကြီးအကျယ်ပြောင်းလဲလိုက်တာကတော့ New MacBookမှာ ထည့်သွင်းထားတဲ့ keyboard ဖြစ်ပါတယ်။ ပုံမှန် keyboard အားလုံး ရိုက်နှိပ်ပြီးရင် ပြန်ကန်တဲ့ mechanism ကို Scissor mechanism လိုခေါ်တဲ့ ကပ်ကြေးပုံပြန်ကန်တဲ့ ပုံစံကို သုံးခဲ့ကြပါတယ်။ New MacBook Keyboard ကစပြီး Butterfly mechanism လို့ခေါ်တဲ့ design ကို စတင်အသုံးပြုပါတယ်။ ပုံမှန်ထက် ၄ ဆ တည်ငြိမ်သွားစေပါတယ်။ 17%.ကျယ်စေပြီး ပိုမို ပါးလွှာ သွားစေပါတယ်။

Latest Current Keybopard, Magic Mouse and Magic Trackpad

Mac Desktop တွေဖြစ်တဲ့ iMac, Mac Pro, Mac mini. တွေနဲ့ တွဲသုံးနိုင်ဖို့ကိုတော့ Magic Keyboard 2 ရှိပါတယ်။ Magic keyboard 1 ကတော့ battery ထည့်ရပြီး ဆက်လက်ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။ Magic Kayboard 2 ကတော့ butterfly mechanism ကို အသုံးပြုထားပြီး built in battery ပါဝင်ပါတယ်။
ကထုတ်လုပ်တဲ့ တစ်ခုတည်းသော wireless မဟုတ်တဲ့ keyboard ကတော့ USB Cable နဲ့ လာတဲ့ Numeric keypad ပါဝင်တဲ့ Keyboard ဖြစ်ပါတယ်။ တစ်ခုတည်းသော Unibody နဲ့ တည်ဆောက်ထားတဲ့ keyboard ဖြစ်လို့ keyboard အားလုံးမှာ ကြံ့ခိုင်မှု အကောင်းဆုံးလဲဖြစ်ပါတယ်။ USB Port တွေလဲ keyboard အောက်မှာ ပါဝင်ပြီး ခေါင်းပွားသဘောမျိုးသုံးနိုင်ပါသေးတယ်။
Dr.Zaw Zaw
Mandalay