⌘ iPhone တွေတင်မဟုတ်ဘဲ MacBook တွေမှာလဲ Fast Charging ရရှိလို့နေပြီပဲ ဖြစ်ပါတယ်။
Fast Charging ဆိုတာဘာလဲ?
Battery ကို 0% ကနေ 50% ထိကို နာရီဝက်အတွင်း သွင်းနိုင်တာကို Fast Charging ရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ Fast Charging နည်းပညာကို Apple က MacBook Air 2022 or later နဲ့ MacBook Pro 14-inch နဲ့ 16-inch models 2021 or later တွေမှာ မိတ်ဆက်ခဲ့ပါတယ်။ ပြောရရင် Apple Silicon Chip အနေဖြင့် Macbook Air မှာM2 Chip နှင့်အထက်၊ Macbook Pro မှာတော့ M1Pro Chip နှင့်အထက်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Fast Charging ရဖို့ ဘာတွေလိုအပ်မလဲ?
USB-C Charging Cable သို့မဟုတ် MagSafe 3 Charging Cable နဲ့ သက်ဆိုင်ရာ Model အလိုက် USB-C Charging Adapter တွေလိုအပ်ပါတယ်။




MacBook Air 13.6″ Model မှာတော့ အခုဖော်ပြပါ USB Charging Adapter အားလုံးနဲ့တွဲသုံးတာနဲ့ Fast Charging ရရှိစေပါတယ်။

MacBook Air 15” Model မှာတော့ 70Watt Charging Adapter ကနေစတင်ပြီး အသုံးပြုနိုင်ပါတယ်။

MacBook Pro 14” Model တွေကတော့ 70 Watt လာတဲ့ Model တွေကတော့ 96Watt Adapter ထပ်ဝယ်ရပါမယ်။ 96Watt Charging Adapter ကတော့ M3 Pro နှင့်အထက် MacBook Pro Model တွေမှာပဲ In The Box မှာ ပါဝင်ပါတယ်။

MacBook Pro 16” Model တွေကတော့ Charging Adapter ထပ်ဝယ်စရာမလိုအပ်ဘဲ In The box မှာတင် 140 W နဲ့လာလို့ Fast Charging တန်းပြီး အသုံးပြုနိုင်ပါတယ်။
Dr.Zaw Zaw (Apple Certified Mac Technician)
Dr.Mac