macOS Knowledge

Mac OS Sierra Install ပြုလုပ်ရာတွင် ဖြစ်တတ်သည် “the Installer Payload Failed Signature Check’ ဖြေရှင်းခြင်း

ဒီ error ဖြစ်ရတဲ့ အကြောင်း (၂)ချက်ရှိပါတယ်၁။ Mac Computer System Date မှားယွင်းနေခြင်း
၂။ Mac OS Installer Download ဆွဲထားသည့် Date နှင့် Installer ပြုလုပ်သည့်အချိန် (၃) လထက် ပိုမို ကွာခြားနေခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်
How to fix
ဖြေရှင်းနိုင်ဖို့ Computer System Date ကို Terminal Command မှတဆင့်ပြောင်းပေးနိုင်ပါတယ်။
၁။ Internet ချိတ်ဆက်ထားပါက Terminal app တွင် ယခု Command ကို ရိုက်ပြီး Enter ကို နှိပ်ပါ။
$ ntpdate -u time.apple.com
၂။ Internet ချိတ်ဆက်ထားခြင်း မရှိပါက မိမိစိတ်ကြိုက် Date ကို အောက်ပါ format အတိုင်းရိုက်ပြီး ပြောင်းလဲနိုင်ပါသည်။
date [mm][dd][HH][MM][yy]
ဥပမာ
date 0712122317
လို့ရိုက်ပြီး Enter ကိုနှိပ်ပါ။ အထက်ပါ Command ဆိုလိုရင်းသည် July, 12 ရက်, 12 နာရီ, 23 မိနစ်, 2017 ဖြစ်ပါသည်။
For example if the current date is December 13th, 15:01, 2016, then [numerical] will be:
1213150116
12 – number of month December,
13 – day of month,
1501 – time 15:01
16 – the last two digits of the year.
Dr.Zaw Zaw