လောလောဆယ် VPN တွေ အများကြီးရှိတဲ့အထဲက ကိုယ်တိုင်လဲ စမ်းသုံးပြီး ပိုက်ဆံလဲ ပေးစရာမလိုတဲ့ vpn app တစ်ခုအကြောင်း ပြောပြသွားပါမယ်။
Mac App Store ကနေပဲ Apple ID သုံးပြီး ဆွဲလိုက်ပါ။

Hotspot shield VPN ကို ပဲ ဆွဲပါ။
အခြား VPN တွေ စမ်းမိသလောက်ကတော့ လစဉ်ကြေး paid version တွေပဲများနေပါတယ်။
VPN ကို ဖွင့်ပြီးပြီဆိုတာနဲ့ email တစ်ခုခုကို အသုံးပြုပြီး Account ဖွင့်လိုက်ပါ။
မိမိ Apple ID မှာ ငွေမထည့်ထားရင်ပိုအဆင်ပြေပါမယ်။


Accountရပြီဆိုတာနဲ့ Home ကိုသွားပြီး VPN ကို On လိုက်ပါ။ Free သုံးနေတာဖြစ်တဲ့အတွက် Limited Speed ဖြစ်ပေမဲ့ ပုံမှန်အသုံးပြုလောက်အောင် မြန်ဆန်ပါသေးတယ်။ လစဉ်ကြေးနဲ့ သုံးမယ်ဆိုရင်တော့ မိမိ Internet Speed ရသလောက် အပြည့်သုံးနိုင်ပါတယ်။ သို့သော် မလိုအပ်ပါ။

Hotspot Shield ရဲ့ Home Tab က Power Button ကို ဖိနှိပ်လိုက်တာနဲ့ VPN စသုံးလို့ ရပါပြီ။ Facebook ကို အသုံးပြုချိန်ပဲ လိုတာဖြစ်လို့ အခြား မလိုအပ်ချိန်များမှာ ပိတ်ထားပြီး အရင်လိုပဲ ဆက်သုံးပါ။