iOS Knowledge, Knowledge Sharing

iPad ထုတ်လုပ်မှု (၁၀) နှစ်ပြည့်ပြီ

Steve Jobs

ဒီနေ့ ဟာဆိုရင် Steve Jobs က iPad ကို စတင်မိတ်ဆက်ခဲ့တာ (၁၀)နှစ်ပြည့်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

Steve Jobs နောက်ဆုံး Innovation လုပ်ခဲ့တဲ့ Apple Device လို့ ပြောနိုင်သလို ကမ္ဘာပေါ်မှာ အရောင်းရဆုံး Tablet လဲဖြစ်ပါတယ်။

ကျွှန်တော်တို့ Computer ကို အသုံးပြုတဲ့ ပုံစံ (Way to Use) တစ်နည်းတစ်ဖုံ ပြောင်းလဲ စေတဲ့ နည်းပညာ ပစ္စည်းတစ်ခုလဲ ဖြစ်ပါတယ်။

မိတ်ဆက်တဲ့ နေ့မှာ Steve Jobs ပြောခဲ့တဲ့ စကားက

“iPad is our most advanced technology in a magical and revolutionary device at an unbelievable price,

Smart Phone (iPhone) နဲ့ Laptop Computer ကြားမှာ လို့အပ်နေတဲ့ ပစ္စည်းတစ်ခုအနေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Video ကြည့်တာ၊ Website ကြည့်တာ၊ သီချင်းနားထောင်တာတွေနဲ့ ဓါတ်ပုံကြည့်တာ၊ စာအုပ်ဖတ်တာ၊ Game ကစားတဲ့ အလုပ်တွေကို iPhone, Laptop ပေါ်မှာ လုပ်တာထပ် ပိုမိုကောင်းမွန်လွယ်ကူအောင် ပြုလုပ်ပေးခဲ့ပါတယ်။

ပထမဆုံး iPad ကို 9.7” မျက်နှာပြင်အရွယ်နဲ့ပဲ ထုတ်လုပ်ခဲ့ပြီး 64 gb Wifi သီးသန့် Model ကို 499$ နဲ့ စတင်ရောင်းချခဲ့ပါတယ်။ ကျွှန်တော်မှတ်မိနေတဲ့ ထူးခြားချက်ကတော့ ပထမဆုံး iPad မှာ Camera မပါရှိတာပါ။ ပြီးတော့ Steve Jobs ရဲ့ ပစ္စည်းအသစ်ကို မိတ်ဆက်တဲ့ ဟန်ပန်ပါ။ ဘာကြောင့်အဲ့ မိတ်ဆက်ရတယ်ကို ရှင်းပြတာပါ၊ အခု Post  မှာ မိတ်ဆက်စဉ်က Video ပါပါတယ်။ ပထမဆုံး iPad က 0.5” ထူပြီး 1.5 ပေါင်လေးပါတယ်။ အဲ့ဒီတုန်းကတော့ ထွက်ရှိထားတဲ့ Laptop, netbook အားလုံးထဲမှာအပါးဆုံးဖြစ်ခဲ့ပါတယ်။ Battery အနေနဲ့ လဲ (၁၀)နာရီထိအသုံးခံခဲ့ပါတယ်။

2020ခုနှစ်အတွင်း Apple က ထုတ်လုပ်ထားတဲ့ iPad ကတော့ ၄ မျိုးတောင်ရှိလို့ နေပါပြီ။

ဒီနေ့ ခေတ်မှာတော့ အပါးဆုံး iPad သည် iPad Pro Series ဖြစ်ပြီး 0.23 inch (5.9 mm) ထူပါတယ်

အပေါ့ဆုံးကတော့ iPad Mini ဖြစ်ပြီး 0.68 pound (308.2 grams) လေးပါတယ်။

မျက်နှာပြင်အကြီးဆုံး iPad ကတော့ iPad Pro 12.9” ဖြစ်ပါတယ်။

တွက်ချက်မှု အမြန်ဆုံး iPad ကလဲ Apple ထုတ် A12X CPU တပ်ထားတဲ့ iPad Pro ပဲဖြစ်ပြီး 4K Video ရိုက်ကူးနိုင်တဲ့ တစ်ခုတည်းသော အကောင်းဆုံး Camera ပါရှိတာကလဲ iPad Pro ပဲဖြစ်ပါတယ်။

iPad တွေမှာ Retina display နဲ့ စထုတ်တာက new iPad (iPad 3) ဖြစ်ပြီးလုံခြုံရေးအနေဖြင့် Finger Print ပထမဆုံး စပါတာက iPad Air 2 ဖြစ်ပါတယ်။

Face ID အသုံးပြုပြီး Speaker (၄) လုံးပါတာကလဲ iPad Pro တွေပဲဖြစ်ပါတယ်။

စျေးအသက်သာဆုံး iPad ကတော့ 10.2”. iPad 7th Gen ဖြစ်ပြီး နိုင်ငံကြီးတွေက တက္ကသိုလ်တွေမှာ Apple နဲ့ချိတ်ဆက်ပြီး အခုထက် စျေးသက်သာအောင် ဝယ်နိုင်တဲ့ Model လဲဖြစ်ပါတယ်။

iPad တွေကို iPhone ရ​ဲ့ Specification ထက်တဆင့်လောက်နိမ့်ပြီး ထုတ်လေ့ရှိပေမဲ့ iPad Pro မှာ iPhone XS ထက်ပိုသာအောင်ထုတ်ထားတဲ့ Spec ကို တစ်နှစ်နီးပါးလောက် iPhone 11 မထွက်ခင်ထိ ထိန်းထားခဲ့ပါတယ်။

3/April/2010

ပထမဆုံး iPad ဖြန့်ချီပြီး နောက်တစ်နေ့မှာ iPad အလုံးရေ (၃) သိန်းကျော် ရောင်းချပြီးဖြစ်တယ်လို့ Apple က သတင်းထုတ်ပြန်ပါတယ်။

iPad 2 ထွက်တဲ့ 2011 March လ ကနေ ပထမ (၉)လအတွင်းမှာတော့ iPad အလုံးရေ (၁၅) သန်း ရောင်းချပြီး ဖြစ်ပါတယ်။

ပထမဆုံး iPad ကို မိတ်ဆက်ပြသနေသော Steve Jobs


ပထမဆုံး iPad မိတ်ဆက်စဉ်က Video

iPhone နဲ့ မတူတဲ့ iPad ရဲ့ ထူးခြားချက်တွေ

? iPad တွေမှာ SIM card ထည့်လို့ရတဲ့ Version ထုတ်ပေမဲ့ ဖုန်းပြောလို့ မရဘဲ Internet ရယူသုံးစွဲဖို့အတွက်ပဲဖြစ်ပါတယ်။ ပထမဆုံး iPad မှာတော့ Jailbreak လုပ်ပြီး ဖုန်းပြောလို့ ရအောင်လုပ်နိုင်ခဲ့ပါတယ်၊ (ကျွှန်တော်လဲ လုပ်ခဲ့ဖူးပါတယ်)iPhone မှာ Lock iPhone ဆိုတာ ရှိပေမဲ့ iPad မှာတော့ အဲ့ဒါမျိုးမရှိပါဘူး။

? iOS App Store မှာ iPad သီးသန့် iOS Application ပေါင်း 2016 ထိ စာရင်းအရ တစ်သန်းကျော်ရှိပြီး ဒီ applicationတွေကို  iPad မှာပဲ Run နိုင်မှာဖြစ်ပါတယ်။ iPhone Application များကို  iPad မှာ Run နိုင်ပေမဲ့ iPad သီးသန့်Application များကိုတော့ iPhone မှာ မ Run နိုင်ပါဘူး။

? Professional ကျကျ Software များကို iPad မှာ ပိုမိုအဆင်ပြေပြေ သုံးနိုင်ပြီး အခြား မည်သည့် Tablet, Phone ထက်မဆို Pro ကျကျ သုံးနိုင်တာကိုတွေ့ရပါတယ်။

iPad တွေကို နှစ်စဉ်နီးပါ Upgrade ပြုလုပ်သလို (၁၀) စုနှစ်အတွင်းမှာ နှစ်အလိုက် ပြောင်းလဲလာတဲ့ Design နဲ့ Features တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • March 2011 — iPad 2: 33% thinner, up to 15% lighter, dual-core Apple A5 processor, front and rear cameras, and new white color option
  • March 2012 — Third-generation iPad: Retina display, 4G LTE, Apple A5X processor, and 1080p video recording
  • October 2012 — Fourth-generation iPad: Lightning connector and Apple A6X processor
  • October 2012 — iPad mini: 7.9-inch display
  • October 2013 — iPad Air: 64-bit Apple A7 processor, 20% thinner and 28% lighter than the fourth-generation iPad, and slimmer bezels
  • October 2014 — iPad Air 2: Touch ID, fully-laminated Retina display, and Apple A8X processor
  • September 2015 — iPad Pro: 12.9-inch Retina display, Apple Pencil and Smart Keyboard support, Apple A9X processor, and four speakers
  • March 2017 — Fifth-generation iPad: $329 starting price with 9.7-inch Retina display and Apple A9 processor
  • June 2017 — Second-generation iPad Pro: ProMotion refresh rate of up to 120Hz, Apple A10X Fusion chip, and slimmer bezels
  • March 2018 — Sixth-generation iPad: $329 starting price with Apple Pencil support and Apple A10 processor
  • October 2018 — Third-generation iPad Pro: Major redesign with slimmer bezels, Face ID, USB-C connector, Apple A12X Bionic processor, up to 1TB of storage, and second-generation Apple Pencil support
  • September 2019 — Seventh-generation iPad: 10.2-inch Retina display and full-sized Smart Keyboard support

မသေချာတဲ့ ကောလဟာလ သတင်းတွေအရတော့ Update မလုပ်တာ ကြာပြီဖြစ်တဲ့ iPad Pro Line Up ကို iPhone 11 Pro လို Camera (၃) လုံးနဲ့ထုတ်လုပ်ပြီး Apple က တစိုက်မက်မက် လုပ်ဆောင်နေတဲ့ augmented reality နည်းပညာ အတွက် ပိုမိုကောင်းမွန်တဲ့ 3D Sensing နည်းပညာပါလာနိုင်မယ်လို့ ဆိုပါတယ်

Dr.Zaw Zaw

Dr.Mac(Mandalay)

Dr.Mac မှ ရေးသားသော Post များ၊ Tutorial များကို ကြိုက်နှစ်သက်ပါက လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် လွတ်လပ်စွာ သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်တည်ထောင်ထားသော Page များတွင် အပုဒ်လိုက်ဖြစ်စေ၊ တစ်ပိုဒ်ချင်းဖြစ်စေကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ပြုလုပ်ပါက Page စာမျက်နှာနှင့်တကွ ဖော်ပြပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေငြာအပ်ပါသည်။

Reference

Apple, Macrumors, Mactracker, Dr.Mac