Beautiful Camera Shots, Knowledge Sharing, Products Review

iMac 2020 အသစ်ထွက်ရှိ

iMac

iMac 2020 ကို Apple က မကြေငြာဘဲ အံ့ဩသင့်ဖွယ်ထုတ်လုပ် လိုက်ပါတယ်။ အများမျှော်လင့်ထားသလို Silicon chip နဲ့ မဟုတ်သေးဘဲ Intel ရဲ့ 10th gen CPU နဲ့ 2019 ကို Upgrade လုပ်ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ အသေးစိတ်ကတော အောက်ပါအတိုင်းဖြစ်ပါတယ်။

Design

Design ပိုင်းအနေဖြင့် ၂၀၁၂ တုန်းက ထွက်ရှိထားတဲ့ iMac ပုံကိုပဲ Basic ယူထားပါသေးတယ်။ Rumor တွေထဲမှာ တွေ့ရသလို ဘေးဘောင် အသေးတဲ့ Pro Display XDR  လို Design မျိုး ထွက်မလာသေးပါဘူး။

Rumor ထွက်နေတဲ့ iMac ပုံ (Image credit: MacRumors)
iMac 27” 2020 Highlight Features
  • iMac တွေမှာ ပထမဆုံး True Tone Display နဲ့ ထုတ်လုပ်ပါတယ်။ (True Tone Display ဆိုတာ ရောက်ရှိအသုံးပြုနေတဲ့ အခန်းရဲ​့ အလင်းရောင်အလိုက် iMac Display ရဲ့ Whitebalance ကို အလိုအလျောက် ပြောင်းလဲ ပေးတာဖြစ်ပါတယ်။ အသုံးပြုသူအတွက်ကတော့ Display ပိုင်း ကို ကြည့်ရတာ သဘာဝကျကျ ခံစားမိစေပါတယ်။)
  • Apple ထုတ် Pro Display XDR ပါတဲ့ nano-texture glass  ကို 500$ ထပ်ဆောင်းပြီး optional အနေဖြင့် မှာယူနိုင်ပါတယ်။ (အလင်းရောင်အောက်မှာ Reflection မရှိဘဲ glare free ဖြစ်နေမှာဖြစ်ပါတယ်)
  • iMac 5K အမြင့်ဆုံး Spec အနေဖြင့် 10 Cores 10th Gen Intel Core i7 အထိ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပြီး ယခင် gen ထပ် 65% ပိုမို မြန်ဆန်တဲ့ CPU လဲဖြစ်ပါတယ်။
  • Graphic ပိုင်းအနေဖြင့် ယခင် version ထက် 55% ပိုမိုမ​ြန်ဆန် သော Radeon Pro 5000 graphics ကို အသုံးပြုထားပြီး  16GB ထိ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
  • 2020 iMac အားလုံး SSD ဖြင့်သာထုတ်လုပ်ပြီး  Hardisk  ဖြင့်ရော၊ Fusion Drive ဖြင့်ရောထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ လုပ်ဆောင်နိုင်စွမ်းအနေဖြင့် အမြင့်ဆုံး 3.4Gb/s  ထိရရှိမှာ ဖြစ်ပါတယ်။
  •  Mac တွေအားလုံးမှ​ာ T2 Security Chip မပါတာဆိုလို့ iMac ပဲ ကျန်တော့တာကနေ 2020 iMac 27′ 5K  မှာ တော့ Apple ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အထောက်အကူဖြစ်မဲ့ အခု Chip ကို ထည့်သွင်းပေးလိုက်ပါတယ်။ (တစ်ဘက်မှာ Password မေ့သွားရင် Data တွေ ပြန်ရဖို့မလွယ်တော့ပါ :0, မိမိ Data တွေလဲ  hack လို့ မရတော့ပါ။ Secure Boot ဖြစ်လို့ External ပေါ်ကနေ OS Boot တက်တာမျိုး ခွင့်မပြုတော့ပါ ;(
  • RAM အနေဖြင့် DDR 4, 2666MHz , 8GB  ကို ဆက်သုံးထားပေမဲ့ 5K တွေမှာ 128Gb ထိ Upgrade ပ​ြုလုပ်နိုင်ပြီး 4K မှာတော့ 64GB ထိ Upgrade ပြုလုပ်နိုင်ပါတယ်။ (5K မှ​ာ Expension slot  က အပြင်မှာ ရှိလို့  Upgrade ပြုလုပ်ဖို့ ရှိသူများ ထည့်သွင်းစဉ်းစားရမဲ့အချက်ဖြစ်ပါတယ်)
  • 27” 5K ရဲ့ Build in web cam ကို ပထမဆုံးအနေဖြင့် 1080p resolution ရှိတဲ့ HD Camera ကို တပ်ဆင်ပေးလာပါတယ်။  Covid ကြောင့် အိမ်ကနေ အလုပ်လုပ်မဲ့သူများပိုမို အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်။ online ကနေ အလုပ်လုပ်သူများ ပိုမိုကောင်းမွန်တဲ့ Web cam တွေ ထပ်မံဝယ်ယူစရာမလိုတော့တဲ့ အပြင် အသံ Audio ပိုင်းအ နေဖြင့်Stereo speakers ၂ လုံး၊Studio-quality three-mic array ( noise သံတွေ ဖယ်ရှားပေးမဲ့ mic စနစ်) တွေ ပါဝင်ပါတယ်။
???? ?? ???? မြန်မာနိုင်ငံမှာ ပထမဆုံး ???? ?? ??????

Display

Display အနေဖြင့် ယခင်အတိုင်းပဲ Brightness 500 Nits, 1billion color support , P3 Color Gumut တွေဖြစ်ပြီး ထူးခ​ြားချက် အနေဖြင့် Pro Display XDR လို Nano Texture ကို 500$ ဖြင့် Upgrade လုပ်အသုံးပြုနိုင်ခြင်းဖြစ်ပြီး MacBook Pro Display လို True Tone Display ပါဝင်လာခြင်းဖြစ်ပါတယ်။

Display ကို Nano Texture ထည့်ချင်အားဖြင့် Glare မရှိတော့ဘဲ့ Display မှာ အလင်းရောင် တိုက်ရိုက်ကျခဲ့ မယ်ဆိုရင်တော့ Reflection သိပ်မရှိတော့ခြင်းဖြစ်ပါတယ်။

Nano-texture ပါတာနဲ့ မပါတာ ကွာခြားပုံ Credit macrumors

CPU, GPU

27” iMac တစ်မျိုးကိုပဲ 10th Gen နဲ့ Upgrade လုပ်ထားပါတယ်။ Default အနေနဲ့ အ မြင့်ဆုံး Spec ကို i7 နဲ ထုတ်ပါတယ်။ Apple ကတော့ ယခင်က ထွက်ထားတဲ့ 9th Gen နဲ့ 8th Gen ထက် သိသာတဲ့ မြန်ဆန်မှု ရှိတယ် ပြောထားပါတယ်။

10-core chip ကို Turbo Boost လုပ်မယ်ဆိုရင် 5.0 Ghz ထိရနိုင်ပါမယ်။ ၂၀၁၉ iMac ရဲ့ 8th Gen CPU ထက် 65% ပိုမိုမြန်ဆန်ပါတယ်။

Apple ဖော်ပြထားတဲ့ iMac 2020 ပေါ်မှာ CPU Performance ကို Professional သုံး Software တွေ Run ပြီး စမ်းသပ်ချက်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Up to 65 percent more plug-ins in Logic Pro X.
  • Up to 40 percent faster 8K ProRes transcode in Final Cut Pro X.
  • Up to 35 percent faster rendering with Arnold in Autodesk Maya.
  • Up to 25 percent faster build time in Xcode.

GPU အနေဖြင့် Radeon Pro 500 Series အစား 5000 Series ကို စတင်အသုံးပြုပြီး 8GB အများဆုံး ရတာကနေ 16Gb ထိအများဆုံး မြှင့်တင်နိုင်ပါပြီ။ Radeon Pro 5300 ရဲ့ လုပ်ဆောင်နိုင်စွမ်းကAMD Radeon Pro 570X ထက် 40% ထက်ပိုမို မြန်ဆန်ပါတယ်။

သို့သော် iMac Pro နဲ့ Mac Pro မှာ သုံးထားတဲ့ AMD Radeon Pro Vega 48 Series တွေကတော့ Mac တွေမှာ သုံးထားတဲ့ GPU တွေထဲမှာ အမြန်ဆုံး Graphic Card တွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

Apple ဖော်ပြထားတဲ့ iMac 2020 ပေါ်မှာ GPU Performance ကို Professional သုံး Software တွေ Run ပြီး စမ်းသပ်ချက်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Up to 55 percent faster rendering in Maxon Cinema 4D ProRender.
  • Up to 50 percent faster demo fly-through in Unity Editor.
  • Up to 45 percent faster performance in “Total War: Three Kingdoms.”
  • Up to 30 percent faster timeline rendering in Final Cut Pro X.

iMac 4K တွေကိုတော့ ယခင် Graphic Seires တွေပဲ တပ်ဆင်ထားပါတယ်။

RAM

iMac 5K အားလုံး 8GB 2666MHz DDR4 memory ကို တပ်ဆင်ထားပေမဲ့ လိုအပ်ရင် 128GB ထိ မြှင့်တင်နိုင်ပြီဖြစ်ပါတယ်။ Performance လိုတဲ့သူတွေအတွက် 5K Modle က ရွေးချယ်စရာဖြစ်ပါတယ်။

iMac 4K Model ကတော့ 64Gb ထိပ​ဲ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

SSD

Storage အနေဖြင့် ပထမဆုံး အနေဖြင့် အလုံးစုံ SSD ကို စတင်အသုံးပြုပါပြီ၊ သို့သော် Professional သုံးမဲ့သူတွေအတွက် 5K Basic Model က 256 GB နဲပဲလာလို့ အဆင်မပြေနိုင်ပါဘူး။ အနည်းဆုံး 512Gb လောက်မှ အဆင်ပြေပါမယ်။ အမြင့်ဆုံး Model ကိုတော့ 2019 တုန်းက SSD 4TB ထိပဲ Support လုပ်ရကနေ 2020 မှာ​တော့ 8TB ထိ Support လုပ်ပါပြီ။ (ဒေါသထွက်ရင် ထွက်သလောက် ပိုက်ဆံကုန်လို့ရပါပြီ ?)

I/O Port

iMac Connections and Expansion

Thunderbolt 3 Port က အရင်လိုဘဲ ၂ပေါက်ပါဝင်ပြီး Display Ouput 5K External Monitor (၁)လုံး (သိုမစုတ်) 4K Monitor (၂) လုံး 60Hz ဖြင့် ချိတ်ဆက်နိုင်ပြီး Output မှာလဲ Billion Color Support လုပ်ပါတယ်။

Data Transfer အနေဖြင့် Thunderbolt to Thunderbolt ချိတ်ဆက်မယ်ဆိုရင် (40Gb/S) ထိ ရရှိနိုင်ပြီး USB 3.1 Gen 2 ဆိုရင်တော့ ( 10Gb/s) ထိရရှိစေပါတယ်။ Thunderbolt 2, HDMI, DVI, and VGA အဖြစ်လဲ Adapter ခံပြီး အသုံးပြုနိုင်ပါတယ်။

အခြားပါဝင်တဲ့ Ports တွေကတော့  3.5mm headphone jack, an SD card slot, four USB 3 ports, a Gigabit Ethernet port တွေဖြစ်ပါတယ်။

T2 Chip

Mac တွေမှာ Apple Silicon ရဲ့ ရှေ့ပြေး လုံခြုံရေး Chip ပါဝင်တာမှာ iMac တွေပဲ ကျန်ခဲ့တာပါ။ အခု 27” မှာတော့ စတင်ပါဝင်လာပါပြီ၊ Apple ID ဝင်ထားရင် iCloud Lock ရှိလာတော့မှာဖြစ်ပါတယ်။ Passowrd မေ့သွားရင် Data ပြန်ယူဖို့ မရသလောက်ဖြစ်သွားမှာပါ။ ဂရုစိုက်ပါ။ နားမလည်ဘဲ Recovery Partition ကို ဖျက်မိရင် အတော်တိုင်ပတ်သွားမှာပါ (စာရေးသူ အတွေ့အကြုံအရပါ)?

FaceTime HD Camera, Microphone

iMac တိုင်းမှာ Web Cam ပါပြီး Mac တွေမှာ အကောင်းဆုံး Web Cam လဲဖြစ်ပါတယ်။

27” မှာတော့ ပထမဆုံး 1080P resolution ရှိတဲ့ FaceTime HD camera ကို တပ်ဆင်ပေးထားပါတယ်။ Online ကနေ အလုပ်လုပ်ဖို့ အဆင်ပိုပြေအောင်ဖြစ်ပါတယ်။

21.5” 4k မှာ​တော့ ယခင်အတိုင်း 720p FaceTime HD Camera ကို ပဲ တပ်ဆင်ထားပတယ်။

27” 5K မှာပါတဲ့ image Signal Processor ကြောင့် အသုံးပြုသူမျက်နှာကို အလိုအလျောက် အလင်းအမှောင်ချိန်ညှိပေးခြင်း၊ Face Detection ပြုလုပ်ခြင်း စတဲ့ Camera Features တွေပါဝင်လာပါတယ်။

Mic အနေဖြင့် Studio quality three-mic က iMac 5K မှာ စတင်ပါဝင်လာပြီး ဆူညံမှုဖယ်ရှားတဲ့ စနစ်ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို အသံဖမ်းယူမှုလဲ ပိုမို ကောင်းမွန်လာမှာဖြစ်ပါတယ်။

An image signal processor in the 27-inch iMac offers tone mapping, exposure control, and face detection to provide a much higher quality camera experience.

Speaker

T2 Security ပါဝင်လို့ AirPods Pro မှာလို Audio EQ ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ Adaptive EQ လုပ်ပေးနိုင်တယ် လို့ Apple ကပြောပါတယ်။ ဒါကြောင့် အသံပိုင်းဆိုင်ရာ ချိန်ညှိမှု ပိုမိုကောင်းလာပြီး ပိုမို ကျယ်လောင်တဲ့ Bass သံကို ခံစားနိုင်မှာဖြစ်ပါတယ်။

iMac 4k Spec
iMac 4K Specification
iMac 5k
iMac 5K 2020 Specification

Conclusion

iMac 2020 ကတော့ အများမျှော်လင့်ထားသလို design ပိုင်းမပြောင်းလဲဘ​ဲ​ အခြား Specifiaction တွေကို မြှင့် လိုက်တာလို့ ပြောနိုင်ပါတယ်။

Apple Silicon နဲ့ ထွက်မဲ့ iMac ကို စောင့်သင့်လားမေးနေသူတွေအတွက်တော့ အရေးတကြီးသုံးစရာမရှိရင် စောင့်လိုက်ပါ။ တစ်နှစ်လောက်အတွင်းမှာ ထွက်လာနိုင်ပါတယ်။

အရေးတကြီးသုံးစရာရှိသူများကတော့ အခု Model စျေးမပြောင်းဘဲ SSD, High Speed CPU, GPU တွေနဲ့ ရမှာဖြစ်လို့ ဝယ်သင့်ပါတယ်။ ပိုလဲတန်လာပါမယ်။ Online မှာ အလုပ်လုပ်သူများအတွက်ကတော့ Build in HD web cam နဲ့တင်တန်ပါတယ်။

Apple Silicon နဲ့ ထွက်မဲ့ iMac တွေကတော့ လိုအပ်လို့ Window တင်မယ်ဆို တင်ခွင့်မရှိတော့ပါဘူး။ Crack Apps တွေ သုံးနေဖို့လဲ မသေချာတော့ပါဘူး။ Intel CPU သုံး နောက်ဆုံးမျိုးဆက်လိုဖြစ်လာမဲ့ လက်ရှိ Mac တွေက Customized အဖြစ်ဆုံးသော Mac တွေအဖြစ် သမိုင်းမှာ ကျန်နေမှာပါလို့ ပြောကြားရင်း—၊ ​

လေးစားစွာဖြင့်

Dr.Zaw Zaw

Dr.Mac (Mandalay)

iMac စျေးနှုန်းများကို ကြည့်ရူရန်

LG Ultrafine 5K Monitor Review ကြည့်ရန်