macOS Knowledge

iMac တွေမှာပဲ ရှိတဲ့ အရာတွေ

✅လုပ်ငန်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေမဲ့ iMac
လုပ်ငန်းသုံး၊ ရုံးသုံးအတွက် ပေးရတဲ့ဈေးနဲ့ ပိုတန်တဲ့ Mac Series Computer များပဲ ဖြစ်ပါတယ်၊ ရုံးခန်းထဲမှာ ခန့်ထည်စွာနေရာ ယူသွားစေမဲ့ Design လဲဖြစ်ပါတယ်။

✅ကြီးမားတဲ့ Speaker
Computer တွေအားလုံးထဲမှာ iMac တစ်မျိုးမှာပဲ ကြီးမားတဲ့ Speaker ပါဝင်ပါတယ် ။ ဒီကြီးမားတဲ့ Speaker ကြောင့် iMac မှာ သီချင်းဖွင့်ထားရင် ဘေးက Sound Box ကနေပဲ အသံလားနေလားလို့ ထင်မှတ်မှားစေပါတယ်၊ လုပ်ငန်းလုပ်သူများအတွက်လဲ တော်ရုံ Exgernal Speaker မလိုအပ်စေတော့ပါဘူး။

✅အကောင်းဆုံး Performance
Apple Computer အားလုံးထဲမှာ US မှာပဲ အစအဆုံးတပ်ဆင်ထုတ်လုပ်တဲ့ Mac Pro Series တွေက Performance အကောင်းဆုံးအဖြစ် ”စံ“ ထားသတ်မှတ်ထုတ်လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ Apple က Desktop ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ iMac တွေကို Performance မှာ စံထားတဲ့ ရတဲ့ Model အဖြစ် iMac Pro ကို ထုတ်လုပ်လိုက်ပါတယ်။ အနိမ့်ဆုံး Intel Xeon 8-coreကနေ အမြင့်ဆုံး 18-Core ထိ Configure ပြုလုပ်နိုင်လို့ သင်ဘာလုပ်ချင်လဲပဲ ပြောပါဆိုတဲ့ Performance ပါ။

✅ အကြီးမားဆုံး Mac’s Display
Computer တွေထဲမှာ MacBook တွေက 15’’ ထိပဲ အကြီးဆုံး Screen နဲ့ထုတ်လုပ်ပြီး iMac တွေကတော့ 21.5’’(HD/4k) ၊ 27’’ (5K)
ဆိုပြီး ထုတ်လုပ်လို့ အကြီးမားဆုံး Screen နဲ့ထုတ်လုပ်တဲ့ တစ်ခုတည်းသော Apple Computer ဖြစ်ပါတယ်။

✅ အမြင့်မားဆုံး Resolution
iMac တွေမှာပဲ 4K, 5K Resolution နဲ့ ထုတ်လုပ်ပြီး လက်ရှိ 2017 Model များမှာတော့ ပြင်ပ ကမ္ဘာက တကယ် အရောင်အတိုင်း ဖော်ပြပေးနိုင်တဲ့ P3 Color, advanced red-green phosphor LEDs ကို စတင်အသုံးပြုထားပါတယ်။ တနည်းအားဖြင့် 1 Billion Color Display ပါပဲ။

✅ “i” တွေရဲ့ အစ
ပထမဆုံး iMac ကို 1998 မှာ စတင်ထုတ်လုပ်ခဲ့ပြီး Products များမှာ ပထမဆုံး “i” စတင်ထည့် ခေါ်ဆိုတဲ့ Products ဖြစ်ပါတယ်၊ လက်ရှိ CEO Tim Cook လက်ထက်မှာ “i” အစား “Apple” ဆိုတာကို အစားထိုးခေါ်ဆိုပေမဲ့ လူအများစု သိရှိကျော်ကြားတာက “i” ဆိုတဲ့ စာလုံးလေးနဲ့ပါ။ ဒီအတွက် “i” တွေအစက iMac တွေပါပဲ။

✅ All in one Desktop
All in on Desktop လို့ဆိုနိုင်မဲ့ Monitor ရော၊ System Unit ပါ တစ်ခါတည်းပေါင်းစည်းပြီး နေရာမယူအောင် တည်ဆောက်ထားတဲ့ တစ်ခုတည်းသော  Desktop ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ သက်တမ်း အရှည်ဆုံး All in one Desktop ဆိုရင်လဲမမှားပါဘူး။

✅ ရောင်းအားအကောင်းဆုံး Desktop
Mobile ခေတ်မှာ Computer တွေ ရောင်းအားကျလာပါတယ်၊ အထူးသဖြင့် Laptop ထက် Desktop တွေက ပိုကျပါတယ်။ သို့သော် ထုတ် Desktop ထဲမှာမှ iMac တွေက ရောင်းအားအကောင်းဆုံး Model ဖြစ်ပါတယ်။ ဒီအချက်ကို အစဉ်အလာအားဖြင့်. အမြင့်ဆုံး Model – Mac Pro ကို Upgrade မလုပ်သေးဘဲ iMac Pro ဆိုပြီး ထုတ်လုပ်ခြင်းက သက်သေပါပဲ။

iMac Revolution