✅လုပ်ငန်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေမဲ့ iMac
လုပ်ငန်းသုံး၊ ရုံးသုံးအတွက် ပေးရတဲ့ဈေးနဲ့ ပိုတန်တဲ့ Mac Series Computer များပဲ ဖြစ်ပါတယ်၊ ရုံးခန်းထဲမှာ ခန့်ထည်စွာနေရာ ယူသွားစေမဲ့ Design လဲဖြစ်ပါတယ်။
✅ကြီးမားတဲ့ Speaker
Computer တွေအားလုံးထဲမှာ iMac တစ်မျိုးမှာပဲ ကြီးမားတဲ့ Speaker ပါဝင်ပါတယ် ။ ဒီကြီးမားတဲ့ Speaker ကြောင့် iMac မှာ သီချင်းဖွင့်ထားရင် ဘေးက Sound Box ကနေပဲ အသံလားနေလားလို့ ထင်မှတ်မှားစေပါတယ်၊ လုပ်ငန်းလုပ်သူများအတွက်လဲ တော်ရုံ Exgernal Speaker မလိုအပ်စေတော့ပါဘူး။
✅အကောင်းဆုံး Performance
Apple Computer အားလုံးထဲမှာ US မှာပဲ အစအဆုံးတပ်ဆင်ထုတ်လုပ်တဲ့ Mac Pro Series တွေက Performance အကောင်းဆုံးအဖြစ် ”စံ“ ထားသတ်မှတ်ထုတ်လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ Apple က Desktop ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ iMac တွေကို Performance မှာ စံထားတဲ့ ရတဲ့ Model အဖြစ် iMac Pro ကို ထုတ်လုပ်လိုက်ပါတယ်။ အနိမ့်ဆုံး Intel Xeon 8-coreကနေ အမြင့်ဆုံး 18-Core ထိ Configure ပြုလုပ်နိုင်လို့ သင်ဘာလုပ်ချင်လဲပဲ ပြောပါဆိုတဲ့ Performance ပါ။
✅ အကြီးမားဆုံး Mac’s Display
Computer တွေထဲမှာ MacBook တွေက 15’’ ထိပဲ အကြီးဆုံး Screen နဲ့ထုတ်လုပ်ပြီး iMac တွေကတော့ 21.5’’(HD/4k) ၊ 27’’ (5K)
ဆိုပြီး ထုတ်လုပ်လို့ အကြီးမားဆုံး Screen နဲ့ထုတ်လုပ်တဲ့ တစ်ခုတည်းသော Apple Computer ဖြစ်ပါတယ်။
✅ အမြင့်မားဆုံး Resolution
iMac တွေမှာပဲ 4K, 5K Resolution နဲ့ ထုတ်လုပ်ပြီး လက်ရှိ 2017 Model များမှာတော့ ပြင်ပ ကမ္ဘာက တကယ် အရောင်အတိုင်း ဖော်ပြပေးနိုင်တဲ့ P3 Color, advanced red-green phosphor LEDs ကို စတင်အသုံးပြုထားပါတယ်။ တနည်းအားဖြင့် 1 Billion Color Display ပါပဲ။
✅ “i” တွေရဲ့ အစ
ပထမဆုံး iMac ကို 1998 မှာ စတင်ထုတ်လုပ်ခဲ့ပြီး Products များမှာ ပထမဆုံး “i” စတင်ထည့် ခေါ်ဆိုတဲ့ Products ဖြစ်ပါတယ်၊ လက်ရှိ CEO Tim Cook လက်ထက်မှာ “i” အစား “Apple” ဆိုတာကို အစားထိုးခေါ်ဆိုပေမဲ့ လူအများစု သိရှိကျော်ကြားတာက “i” ဆိုတဲ့ စာလုံးလေးနဲ့ပါ။ ဒီအတွက် “i” တွေအစက iMac တွေပါပဲ။
✅ All in one Desktop
All in on Desktop လို့ဆိုနိုင်မဲ့ Monitor ရော၊ System Unit ပါ တစ်ခါတည်းပေါင်းစည်းပြီး နေရာမယူအောင် တည်ဆောက်ထားတဲ့ တစ်ခုတည်းသော Desktop ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ သက်တမ်း အရှည်ဆုံး All in one Desktop ဆိုရင်လဲမမှားပါဘူး။
✅ ရောင်းအားအကောင်းဆုံး Desktop
Mobile ခေတ်မှာ Computer တွေ ရောင်းအားကျလာပါတယ်၊ အထူးသဖြင့် Laptop ထက် Desktop တွေက ပိုကျပါတယ်။ သို့သော် ထုတ် Desktop ထဲမှာမှ iMac တွေက ရောင်းအားအကောင်းဆုံး Model ဖြစ်ပါတယ်။ ဒီအချက်ကို အစဉ်အလာအားဖြင့်. အမြင့်ဆုံး Model – Mac Pro ကို Upgrade မလုပ်သေးဘဲ iMac Pro ဆိုပြီး ထုတ်လုပ်ခြင်းက သက်သေပါပဲ။