⌘ ဒီ ကိစ္စကလူတော်တော်များများသိပြီးသား ဖြစ်မှာပါ။
⌘ မြန်မာနိုင်ငံမှာ Gmail က လူသုံးအများဆုံး email ဖြစ်ပြီး သူနဲ စပ်ဆက်တဲ့ Gmail, YouTube, Google Maps, Google Drive စသည်ဖြင့် များပြားလှစွာသော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ဖြစ်လို့ အလွန်ပဲ အရေးကြီးပါတယ်။
⌘ မြန်မာဖုန်းများကို Code ချပေးခြင်း Support မလုပ်တော့ လို့ အခုပုံမှ ပြထားတဲ့အတိုင်း တစ်ခုချင်း လိုက်လုပ်ထားဖို့ လို့ပါတယ်။
⌘ Software Authenticator သုံးတာလဲ တစ်ပိုင်းပေါ့၊ ဒီနည်းကလဲ အဲ့ဒီ Software Authenticator တစ်ခုခုဖြစ်သွားရင် သွားပါပြီ။
⌘ ပွဲလန့်တုန်း ဖျာခင်းလိုက်ပါအုံးမယ်။ အခု Post မှာ ပြထားတဲ့ Yubico FIDO Security Key (NFC – Two Factor Authentication) Hardware Authenticator သုံးမယ်ဆိုရင်တော့ အတော်လေးလုံခြုံသွားပါပြီ။
⌘ ကျွှန်တော်သုံးနေတာ (၈)နှစ်ထဲ ရောက်ရှိလို့နေပါပြီ။ လူသုံးများတဲ့ Gmail, Facebook, Instagram များပြားလှစွာသော ကို့ယ်Account တွေကို ဒီ Key တစ်ခုတည်းတဲ့ Pass ပေးလို့ရပါတယ်။
(ကျွှန်တော်ကတော့ သုံးပြီးရင် မီးခံသေတ္တာထဲမှာထားပါတယ်)
⌘ Post မှာ ဥပမာပြထားတဲ့ နေရာမှာ အခု Hardware Passkey ကို အသုံးပြုနိုင်ပါပြီ။ App Security နေရာအလိုက်ပြုလုပ်မည့် နေရာ ကွဲလွဲမှု ရှိမှာဖြစ်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link မှာ ကြည့်ရူနိုင်ပါတယ်။


Passkeys and security keys ထဲကို ဝင်ပြီး အခု Hardware Keys ကို setupပြုလုပ်ထားနိုင်ပါပြီ။
ဒီနေရာလေးမှာ Backup Code မယူရသေးသူများလဲ ယူထားနိုင်ပါတယ်။ (အရေးပေါ် ၁၀ ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။)


နောက်ပိုင်း Device အသစ်မှာ ဝင်ရောက်မယ်ဆိုရင် အခု Security Key နဲ့ ဝင်ရောက်လို့ ရသွားမှာ ဖြစ်ပါတယ်။
#2Factor #DrMac #SecurityKey #Yubico #FIDO #twofactor #TwoStepSecurity