Beautiful Camera Shots, iOS Knowledge, Knowledge Sharing

သွေးတိုးရောဂါကိုကြိုတင်သတိပေးနိုင်မဲ့ Apple Watch Series 11, Ultra 2,3

Apple Watch လို Smart နာရီတွေကို ကျန်းမာရေးအထောက်အကူ ပစ္စည်းဘက်ကို ဦးတည်တည်ဆောက်လာတာ (၁၀)စုနှစ် တစ်ခုစာရှိလို့လာပါပြီ။

⌘Apple Watch Series 11 မှာ ပထမဆုံး အကြိမ်အဖြစ်သွေးတိုးရောဂါကို ထောက်လှမ်းသတိပေးနိုင်တာကို ထည့်သွင်းထားပါတယ်။

⌘ ပုံမှန်ထက် သွေးပေါင်ချိန်မြှင့်တက်ခြင်း တစ်နည်းအားဖြင့် Hypertension ကို ကမ္ဘာပေါ်မှာ လူပေါင်း 1.3 Billion ( သန်း၁၃၀၀) လောက်ခံစားနေရပါတယ်။ 

⌘ ဒီလိုထည့်သွင်းပေးလိုက်တာက အရေးကြီး​ပြီးအသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတိုးရောဂါရှိတဲ့ လူနာအများစုက  ပထမပိုင်းတစ်နှစ်လောက်အတွင်း ကိုယ်မှာ ရောဂါရှိနေမှန်းမသိကြလို့ပဲဖြစ်ပါတယ်။ 

စောစောကြိုသိခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးခံစားရမှု နည်းပါးစေပါမယ်။ ကုသမှု ပိုမိုလွယ်ကူစေပါတယ်။ နောက်ဆုံးသွေးကျဆေးမသောက်ဘဲ Life Style ပြောင်းလဲရုံ အဆင့်နဲ့ သွေးပေါင်ကျဆင်းသွားစေနိုင်ပါသေးတယ်။ 

ဒါကြောင့်လဲ ဆရာဝန်တွေက သွေးတိုးရောဂါကို အသံတိတ်လူသတ်သမား(Silent Killer) လို့ခေါ်ဆိုတာဖြစ်ပါတယ်။ 

Apple ကတော့ ဒီ Feature ကို အသုံးပြုနိုင်ပြီဆိုတာနဲ့ ပထမ တစ်နှစ်အတွင်း လူပေါင်းတစ်သန်းလောက်ကို ကြိုတင်ရောဂါရှာဖွေပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ 

ဘယ်လိုတိုင်းတာလဲ ? (How it work)

⌘ လုပ်ဆောင်ပုံက​တော့ Apple Watch မှာပါရှိပြီးသား Optical heart rate sensor ကနေတဆင့် ထောက်လှမ်းတာဖြစ်ပါတယ်။  Apple Watch ပတ်ထားတဲ့လက်ကောက်ဝတ်အောက်က သွေးကြောက နှလုံးခုန်နှုန်းကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့ အချက်အလက်ကို ယူပြီး ပြန်တွက်ထုတ်တာပါ။ ဒီအချက်အလက်တွေကို တစ်လအထိယူပြီးမှာ တွက်ပေးတာဖြစ်ပါတယ်။ လက်မှာ Apple Watch ပတ်ထားရုံနဲ့ သွေးတိုးရောဂါဖြစ်ဖို့ Risk ရှိမရှိသိလာစေမှာဖြစ်ပါတယ်။

လူပေါင်း တစ်သိန်းမှာ စမ်းသပ်ထားပြီးမှ အခုနည်းပညာကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီတုန်းက Machine Learning ကို အခြေခံပြီးတွက်ထုတ်တာလဲဖြစ်ပါတယ်။ 

ဆေးရုံသုံး BP Cuff တွေလို Systolic/Diastolic Pressure (အရပ်အခေါ် အပေါ်သွေး/အောက်သွေးဖိအား) ကို တိုင်းတာပေးတာမဟုတ်ဘဲ သွေးတိုးရောဂါရှိမရှိကို ပြောပြသတိပေးတာဖြစ်ပါတယ်။

Apple Watch မှာ သတိပေးချက်ရရှိတာနဲ့ ပိုမိုတိကျ အဆင့်မြင့်တဲ့ Medical Check Up တွေ ဆေးရုံမှာထပ်မံသွားရောက်လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဘယ် Apple Watch ဘယ် Seriesတွေမှာ အသုံးပြုနိုင်မှာလဲ

ဒီ Features ကိုတော့ နိုင်ငံပေါင်း ၁၅၀ မှာ ရရှိနိုင်ပြီဖြစ်ပါတယ်။ FDA Clerance ရတာနဲ့အသုံးပြုနိုင်မဲ့ နိုင်ငံတွေ ထပ်တိုးလာမှာဖြစ်ပါတယ်။ watchOS 26 တင်ထားတဲ့  Apple Watch Series 9 and later,  Apple Watch Ultra 2 and later modelsတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple Watch SE3 မှာတော့ အခု Festures နဲ့ ECG features ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

#AppleWatch #AppleWatch_Series #AppleWatchUltra2 #AppleWatchUltra3 #Series11 #hypertension #ECG  

Related Posts