Knowledge Sharing, ဗဟုသုတ

Apple TV 5th Gen နဲ့ 4th Gen ခြားနားချက်များ

Apple TV 4th Gen Vs 5th Gen

TV ဆိုတာ ဘာလဲ?

Apple TV ဆိုတာ tvOS သုံး TV Box  ဖြစ်ပါတယ်။ Apple TV ကို  HDMI ပါဝင်သော မည်သည့် TV, Projector နှင့်မဆို တွဲဖက်အသုံးပြုနိုင်ပါတယ်။ အခု Generation မှာတော့ TV box တစ်ခုထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။ Apple TV 4K 4th Gen ကို ထုတ်လုပ်ပြီး (၄) နှစ်အကြာမှာ Apple TV 4K 5th Gen ကို Upgrade လုပ်ပြီး ထုတ်လုပ်လိုက်ပါတယ်။ သုံးရတဲ့ Features တွေ သိပ်မကွာသွားပေမဲ့ သုံးရတဲ့ အနှစ်သာရပိုင်း ပိုမိုကောင်းမွန်လာတယ်လို့ပြောလို့ရပါတယ်။ ဘာတွေပိုမိုကောင်းမွန်လာလဲ ဆိုတာကို အောက်ပါအတိုင်းကြည့်ရူနိုင်ပါတယ်။

ဒါတွေကတော့ –>

  1. AirPlay – TV နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့် TV, Projector မှာမဆို iPhone, iPad, Mac တွေရဲ့ Screen ကို ကြိုးမဲ့ ပြနိုင်အောင် ကြားခံလုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ မည်သည့်Apps မှ မလိုအပ်ဘဲ Apple TV နှင့် တူညီသော network or wifi ချိတ်ဆက်ပေးရင်ရပါပြီ။ Multi media ပြတဲ့ အချိန် အရုပ်ရော အသံရော ကြိုးမဲ့ ပြပေးပါတယ်။
  2. Internet TV Channel – အနာဂါတ် TV တွေရဲ့ Platform က Apps တွေလို့ ဆိုတဲ့အတိုင်း နာမည်ကြီး  TV Channel တွေ (ESPN, BBC, Hulu, National Geographic etc.) ကအစ tvOS မှာ Application တွေ အနေဖြင့် ရောက်ရှိလိုလာပါပြီ၊ Internet ရှိတာနဲ့ ကြိုက်တဲ့အချိန် ကြိုက်တဲ့ အစီအစဉ်ကို ကြည့်လို့ရပါပြီ၊ Live Stream တွေ လဲကြည့်နိုင်ပါတယ်။
  3. Gaming- Apple TV နဲ့ Game ကစားလို့ရမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့သူတွေ အခု ကစားလို့ရပါပြီ၊  Game ဆိုရာမှာလဲ ကိုယ်လက်လှုပ်ရှားမှုပါပေးနိုင်မဲ့ Game တွေဖြစ်ပါတယ်။ Apple TV မှာပါတဲ့ Remote က Game Controller လို အသုံးတော်ခံပါမယ်။ Tennis Game ကစားတဲ့ အချိန် ဘောလုံးရိုက်တံဖြစ်ပါမယ်၊ ကားမောင်း  Game ကစားတဲ့အချိန် Sterring wheel ဖြစ်ပါမယ်၊ Bowling game ကစားတဲ့ အချိန် Remote လွှဲပြီး ပစ်နိုင်ပါတယ်။ Apple Arcade Game တွေကို ကစားနိုင်သလို xbox, ps3, Nimbus စတဲ့ Game Controller များနဲ့ ချိတ်ဆက်ပြီးလဲ ကစားနိုင်ပါတယ်။

Apple TV 5th Gen မှာ ထပ်မံပါဝင်လာတဲ့ Features များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Wifi 6

Streaming 4k TV box  ဖြစ်တာနဲ့အညီ ကြိုးမဲ့ထဲမှာ လက်ရှိအမြန်ဆုံးဖြစ်တဲ့ wifi 6 ကို တပ်ဆင်ထားပါတယ်။ Wifi 6 Feature အပြည့်ရချင်ရင်တော့ Router ကလဲ Wifi 6 router ဖြစ်ရပါမယ်။

HDMI 2.1 

အဓိကကတော့ 4K HDR Contents တွေကို 60fps ထိ ကြည့်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ Apple TV ပေါ်က video အနည်းငယ်ပဲ 4K HDR နဲ့ ကြည့်ရူနိုင်မှာ ဖြစ်ပေမဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောဖြစ်ပါတယ်။

Dolby Support Only TV

Apple TV က လက်ရှိ အခြား TV Box တွေထက် စျေးကြီးပေမဲ့ Dolby Atmos နဲ့ Dolby Vision formats support လုပ်တဲ့ တစ်ခုတည်းသော TV Platform ဖြစ်ပါတယ်။

Doby Digital 7.1, Dolby Vision HDR 10 တွေ Support လုပ်ပါတယ်။

A12 Chip

4th Gen တုန်းက A10x ကို အသုံးပြုခဲဲ့ပြီး 5th Gen မှာတော့ A12 Chip ကို သုံးပါတယ်။ အထူးသဖြင့် Game ကစားတဲ့နေရာမှာ ဒီ Chip ကြောင့် ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို Spatial Audio လို အသံပိုင်းဆိုင်ရာတွေမှာ လဲ ပိုမို အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

New Remote Design

TV Box Design က 4th နဲ့ 5th အတူတူပုံစံပဲ ဖြစ်ပေမဲ့ Remote design ကို iPods Classic ပုံစံ Theme ကို ယူပြီး ပြန်လည်ပြုလုပ်ထားပါတယ်။ Apple TV 4th Gen ပိုင်ရှင်များကတော့ Remote သီးသန့် ပဲ ဝယ်ပြီး အသုံးပြုလဲရပါတယ်။

Color calibration functionality through compatible iPhones
article thumbnail

iPhone ကို အသုံးပြု​ပြီး Apple TV နဲ့ ချိတ်ဆက်အသုံးပြုနေတဲ့ TV Display ရဲ့ Color Balance ကို ချိန်ညှိနိုင်ပါတယ်။ Face ID Sensor ကို အသုံးပြုပြီး ပြုလုပ်တာ ဖြစ်လို့ iPhone X နှင့်အထက် iOS 14.5 တင်ထားရင် ပြုလုပ်နိုင်ပါတယ်။ မတူညီနဲ့ TV Display တွေကို အလိုအလျောက်  Color ချိန်ညှိတဲ့ နေရာမှာ အသုံးပြုနိုင်သွားစေပါတယ်။

အခြား အသုံးဝင်မဲ့ Feature တွေကတော့ iPhone မှာလို့ AirPods, AirPods Pro, AirPods Max ၂ ခုထိ ပြိုင်တူချိတ်ဆက်ပြီး Private အသံနားထောင်နိုင်တာ ဖြစ်ပါတယ်။  မိမိ အိမ်မှာ Philips Hue စတဲ့ smart home device တွေ ရှိမယ်ဆိုရင်လဲ Apple TV ကနေတဆင့် ခိုင်းစေအသုံးပြုနိုင်ပါတယ်။

အခြား Apple TV မှာပဲ ရတဲ့ Apple TV+ က Movie တွေကြည့်တာမျိုး၊ Apple Arcade က Game တွေ ကစားတာမျိုး၊ Apple Fitness+ ကို ကြည့်ရူပြီး အိမ်မှာတင် အားကစားပြုလုပ်တာမျိုးတွေနဲ့  Apple Music သီချင်းတွေကိုလဲ နားထောင်နိုင်ပါသေးတယ်။ 

Disney+, Amazon Prime Video, HBO Max စတဲ့ Streaming လိုင်းတွေလဲ အသုံးပြုနိုင်ပါတယ်။

New Siri Remote Design

Port and Interface

Apple TV
Apple TV Back Structure

HDMI 2.14

802.11ax Wi‑Fi 6 with MIMO; simultaneous dual band (2.4GHz and 5GHz)

Thread5

Gigabit Ethernet

Bluetooth 5.0 wireless technology

IR receiver

Built-in power supply

What’s in the Box

(HDMI cable sold separately)


Apple TV 5th Gen ကို ဝယ်သင့်လား ဆိုရရင်တော့ 4th Gen ပိုင်ရှင်များကတော့ Game သိပ်မကစားဘူးဆိုရင် မဝယ်ယူသင့်ပါဘူး။ Apple TV ကို တခါမှမသုံးဖူးသေးသူများကတော့ TV Features များကို အပြည့်အဝအသုံးပြုနိုင်မဲ့ 5th Gen ကိုသာ ဝယ်ယူသင့်ကြောင့် အကြံပြုပါတယ်။ Internal Memory 32Gb လား 64GB လားအကြံပြုရရင်တော့ iPhone လို့ ကိုယ်ရဲ့ Multi media ကို မသိမ်းထားနိုင်လို့ 32Gb ဆိုတော့ ပမာဏသည် TvOS App တွေအတွက် လုံလောက်နေပြီ ဖြစ်ပါတယ်။ Apple TV ရဲ့ Internal Storage မှာ TV apps တွေပဲ ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ အခြား Platform က TV တွေလို Offline ကြည့်ဖို့ Internal ထဲမှာ Movie တွေ သိမ်းမထားနိုင်လို့ 32Gb သည်လဲ လုံလောက်နေပြီဖြစ်ပါတယ်။ 

32Gb လား 64GB လား ရွှေးချယ်မှုကတော့ မိမိအပေါ်မှာသာ မူတည်ကြောင်း ပြောကြားရင်း…

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS and MacOS Technician