⌘ iPhone. 17 Pro ရဲ့ Apple Design Vapour Chamber မှာ Deionized Water ကို အသုံးပြုထားပါတယ်။
⌘ ရေထဲမှာ သဘာဝအတိုင်းပါရှိနေတဲ့ ဆိုဒီယမ်၊ အိုင်းရွန်း တွေက အရင်ဖယ်ထုတ်လိုက်တဲ့ ရေကို Deionized Water လိုခေါ်ပါတယ်။ Electronic ပစ္စည်းတွေ လျှပ်ကူး Shock မဖြစ်စေဘဲ သန့်ရှင်းရေးလုပ်တဲ့နေရာ သုံးပါတယ်။ Computer တွေမှာ Cooling System အဖြစ်လဲ သုံးကြပါတယ်။
⌘ ဒီနည်းပညာကိုမှ Apple က Chamber ထဲမှာ Laser နဲ့ Weldering လုပ်ပြီး Chamberထဲမှာပိတ်ပါတယ်။
⌘ Titanium နဲ့ Aluminum မှာ Titanium က စျေးပိုကြီးပြီး ကောင်းတာ သိမှာပါ။ ဒါကိုမှ အခု iPhone 17 Pro မှာ Aluminum Body ကို ပြန်သုံးပါတယ်။ Aluminum Body က Heat Conduction အဆ (၂၀) တောင် ပိုကောင်းတာမို့ Titanium ကို ကျော်ပြီး ပြန်ရွှေးလိုက်ရတဲ့ သဘောပါပဲ….
⌘ A19Pro Chip ရဲ့ Super Performance ကို လိုချင်သလို ထွက်လာတဲ့ Heat ကိုလဲ ဒီနည်းကပဲ အကောင်းဆုံးကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း Pro Series တွေ Vapour Chamber Cooling System သုံးသမျှ Aluminum Body ကိုပဲ ဆက်သုံးတော့မှာလို့ ပြောနိုင်ပါတယ်။
Vapour Chamber ဆိုတာ ပြောရရင် အထဲမှာ အရည်ပါပါတယ်၊ Phone တွေရဲ့ခေတ်သစ် Cooling Sytem တစ်ခုလဲဖြစ်ပါတယ်။ အရင်Model တွေတုန်းကလို ဖုန်းထဲကအပူကို အတွင်းအစိတ်အပိုင်းတွေကို ဖြတ်ပြီး ပြန့်စေတော့မှာ မဟုတ်ပါဘူး။
ဒီအစား တပ်ဆင်ထားတဲ့ Vapour chamber နဲ့ အလူမီနီယံ Case ကနေ iPhone Body တစ်ခုလုံးကို လျင်မြန်တဲ့ နှုန်းနဲ့ ပြန့်နှံပြီး အေးမြစေမှာ ဖြစ်ပါတယ်။
ဒီနည်းပညာကြောင့် thermal management system ပိုမိုကောင်းမွန်လာမှာဖြစ်သလို iPhone Performanceကိုလဲ တိုက်ရိုက် အကျိုးပြုသက်ရောက်စေမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဓါတ်ပုံရိုက်တာ၊ Video ရိုက်တာ၊ Game ကစားတာလိုမျိုးတွေမှာ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို တည်ငြိမ်စွာလုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
#iPhone17 #iPhone17Pro #A19Chip #A19ProChip #AppleVapourChamber