iOS Knowledge, ဗဟုသုတ

𝐀𝐢𝐫𝐏𝐨𝐝𝐬𝐏𝐫𝐨ကိုအိပ်ပျော်နေတုန်းမျိုချမိတဲ့အမျိုးသမီးရဲ့အဖြစ်😄 

(AirPods Pro is Acid Proof)

ဒီဖြစ်စဉ်လေးကတော့ 2023 June 14 ရက်မှာ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးဖြစ်ပါတယ်။ 

Moe Kennedy  ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိပ်နေတုန်း မနက်(၃)နာရီလောက်မှာ လန့်နိုးလာပါတယ်။ သတိထားမိလိုက်တာက သူမရဲ့ Airpods Pro ကို တစ်ဘက်ကို အိပ်နေတုန်း မတော်တဆ မျိုမိလိုက်တယ်ဆိုတာပါပဲ။ 

အံထုတ်ပြီး ပြန်ထွက်လာဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့ ဘယ်လိုမှ မရလို့ အနီးဆုံးမှာရှိတဲ့ Covington Medical Center ရဲ့အရေးပေါ်ဌာနကို သွားလိုက်ရပါတယ်။ 

အရေးပေါ်ဌာနက တာဝန်ကျသူတွေကို ဖြစ်စဉ်ကို ရှင်းပြတော့ သူတို့လဲ တအံ့တဩဖြစ်ပြီး ငိုအားထက်ရယ်အားသန် ဖြစ်နေရတော့တာပါပဲ။ အဲ့မှာ အဲ့ဩဖို့ကောင်းတာက အစာအိမ်ထဲက AirPods Pro တစ်ဘက် အလုပ်လုပ်နေတာပါ။  Kennedy အမေက ဗိုက်ထဲက နားကြပ်ကို ချိတ်ဆက်ပြီး အပြင်မှာ နားထောင်လို့ရနေတာပါ။ အစာအိမ်ထဲကအသံတွေကို AirPods Mic ကနေတဆင့် နားဆင်နိုင်နေတာပါ 😆

 CT scan ရိုက်အပြီးမှာတော့ AirPods Pro က အစာအိမ်အောက်အဝကို လျင်မြန်စွာရောက်နေပြီး အန္တရာယ်ရှိတဲ့ ပိတ်ဆို့မှုဖြစ်နိုင်တဲ့ အခြေအနေကို တွေ့လိုက်ရပါတယ်။ ဒီအဆင့်မှာ မဖြေရှင်းနိုင်ရင် ခွဲစိတ်မှုလုပ်ပြီး ထုတ်ရတဲ့ အခြေအနေထိ ရောက်သွားနိုင်ပါတယ်။ 

ဒါကြောင့် အရေးပေါ်ဌာနကနေ ဆေးရုံကို ရွှေ့ပြီး အရေးပေါ် endoscopy ကြည့်ရူ​ပြီး ကုသပါတယ်။ (Endoscopy – ပါးစပ်မှတဆင့် မှန်ပြောင်းကြည့်ရူ စစ်ဆေးခြင်း၊ ကုသခြင်း)

ကံကောင်းစွာပဲ Endosopy အဆင့်နဲ့တင် မျိုချမိတဲ့ AirPods ပြန်ထွက်လာပါတယ်။ ပြန်ထွက်လာတာမှ အကောင်းအတိုင်းပြန်ထွက်လာပြီးကျန်ရှိတဲ့ Airpods Pro နဲ့ပြန်ချိတ်ပြီး အသုံးပြုလို့ရပါတယ်။ 

AirPods Pro IPXအဆင့်က 4ပဲရှိပါတယ်။  6 လောက်မှ Proof လို့သုံးပါတယ်။ 

Kennedy   ကတော့ ဒီဖြစ်စဉ်ကို အခုလိုဟာသနှောပြီး ပြန်ပြေထားပါတယ်။

“ကျွှန်မ AirPods Pro က အစာအိမ် Acid Proof ဖြစ်တာကို မတော်တဆ စမ်းသပ်မိသွားတယ်။ ကျွှန်မ အစာအိမ်ထဲမှာ (၉) နာရီကြာအောင်ရှိနေခဲ့တာလေ.. လူ ၁၀၀၀%လောက်က AirPods Pro မစားဖို့ ပြောကြမှာပါ။ ကျွှန်မကတော့ AirPods Pro ကို စားကြည့်ဖို့ ၁၀၀% ညွှန်းဆိုပါရစေ “

ဒီမှာ ထပ်ထူးခြားတာက Kennedy   ရဲ့ ဖြစ်စဉ်ကတော့ AirPods Pro ကို မျိုမိတဲ့ ဒုတိယ …😄

ပထမဆုံး ဖြစ်စဉ်ကတော့ Massachusetts က အမျိုးသားတစ်ယောက်ပါတဲ့။ သူလဲပဲ AirPods Por ကိုနားထောင်နေရင်း အိပ်ပျော်သွားတုန်း နားထဲကနေပြုတ်ထွက်ပြီး ပါးစပ်ထဲမျိုမိသွားတာပါ။ 

ဒါကြောင့် မိတ်ဆွေတို့လဲ AirPods များပျောက်မိရင် ဗိုက်ထဲကိုလဲ ရှာဖို့တစ်နေရာ အဖြစ်မမေ့ဖို့ အခုဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။

ဘယ်နေရာမှာမှ ဘယ်လိုမှ မတွေ့တော့မှသာ အောက်ပါ Link ကို နှိပ်ပေးပါ😋

http://drmacmandalay.com/product/airpods-parts-replacement-service/

Dr.Mac Website

www.drmacmandalay.com

—————————————

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3QWgbgO

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

——————————————

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 10𝖆𝖒 – 6 𝖕𝖒 (Open Daily)

—————————-

Dr.Mac Address

39th, Between 70th &71st Street, Near Bamaw Monastery 

KankawDaw Hostel, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

#AirPods #AirPodsPro #AIrPodsMissing