Beautiful Camera Shots, Drone နည်းပညာ, Video Editing

???????????????? (ပူတာအို)

Putao

???????????????? (ပူတာအို)

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 မန္တလေးကနေ ပူတာအိုကို လေယာဉ်နဲ့ သွားမဲ့ဆိုရင် (၂) နာရီအတွင်း ရောက်ပါတယ်။

အရင်က ကြားဖူးထားသလို့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး စားသောက်စရာရှားပါးတယ် ဆိုတာ မဟုတ်တော့ပါဘူး။

ကားနဲ့သွားမယ်ဆို (၂)ရက်ကြာပါမယ်။ 

ပူတာအိုမှာ လည်ဖို့ ကားငှားခကလဲ မန္တလေးလောက်ပါပဲ။ 

လည်စရာနေရာတွေလည်မယ်၊ သွေးချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ရိုးရာအစားအစာတွေကို လေ့လာစားသောက်မယ်။ တကယ်ကို ပျော်စရာပါပဲ။

ကချင်မျိုးနွယ်စု (၆)မျိုးရှိတဲ့အထဲမှာ ရဝမ် လူမျိုးအများစု နေထိုင်ကြပြီး ရှမ်းနီ၊ ဗမာနဲ့ အခြားတိုင်းရင်းသားတွေလဲ ရှိပါတယ်။

ပူတာအိုရောက်ရင်တော့ ရဝမ်ရိုးရာ ဝတ်စုံကို ဝတ်ဖူးတယ်ရှိအောင် ရအောင်ဝတ်ခဲ့ပါ ?

ကျွှန်တော်တည်းတဲ့ Hotel မှာ ငှားခသက်သာပါတယ်။ အခြားနေရာမှာတော့ တစ်သိန်းခွဲလောက်ရှိပါမယ်။

ပူတာအို အနီးတစ်ဝိုက် သွားလည်သင့်တဲ့ နေရာတွေကတော့ 

✅ မူလာရှီဒီး ကြိုးတံတား (ကြိုးတံတားတွေက နေရာတော်တော်များများမှာရှိတယ်)

✅ မလိခ Lodge ( ဓါတ်ပုံရိုက်ကြတယ်)

✅ ရဝမ် မနောကွင်း

✅ မနက်စျေးနဲ့ ပူတာအိုစျေးက လေ့လာစရာ ဝယ်စရာတွေများလို့ သွားပါ။

✅ ရိုးရာ စားစရာ ဆိုင်တွေ လှည့်စားပါ

✅ ၇ ဆင့် ရေတံခွန်

✅ ကျောက်စိမ်းချောင်း

✅  ကျွှန်တော်ကတော့ Video ဝါသနာပါလို့ ဒေသခံတွေရဲ့ မျက်နှာသွင်ပြင်ကို Portrait ရိုက်မှတ်တမ်းတင်လေ့ ရှိပါတယ်။ အသက် ၁၂၀ ထိရှည်တဲ့ အဘွားတွေလဲ ရှိလို့ သေချာရိုက်ခဲ့ပါတယ်။

ပြီးရင်တော့ မချမ်းဘော့ မြို့ကိုထပ်သွားပြီးလည်ပါ

လည်စရာတွေကတော့

✅ နတ်ကျွှန်း (နတ်ကျွှန်းမသွားခင် စက်လှေစောင်းရင်း ဆိပ်ကမ်းက ဆိုင်တွေမှာစား (ကောင်းတယ်))

✅ ဂူဘားရိပ်သာ

✅ ကျောက်နဂါး

—————————-

Dr.Mac Website – drmacmandalay.com

—————————-

Dr.Mac Address 

http://bit.ly/2FW80h7

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။)

http://bit.ly/2FMu65A

—————————-

Dr.Mac Gear

https://kit.com/Dr.Mac

—————————

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *