MagSafe Charger အကြောင်း သိထားသင့်သမျှ

iPhone 12 နဲ့အတူ မိတ်ဆက်လိုက်တဲ့ Apple ရဲ့ MagSafe Charger က Apple Eco System မှာ လိုက်လျှောညီထွေဖြစ်အောင် ပြုလုပ်ပေးလိုက်တဲ့ Gadget တစ်ခုဖြစ်ပါတယ်။ Air Charger ဆိုပြီး Apple မှ မိတ်ဆက်သွားပြီး မထုတ်လုပ်ဖြစ်တဲ့ ကြိုးမဲ့နည်းပညာအစား iPhone အတွက် ကြိုးမဲ့အားသွင်းဖို့ Apple ကိုယ်တိုင်ပထမဆုံး ထုတ်လုပ်တဲ့ Products လို့ ပြောလို့ရပါတယ်။

❖ iPhone 12, 12 Pro, 12 Pro Max များမှာ သံလိုက်ဖြင့် ကွက်တိကပ်ပြီး အားသွင်းနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ iPhone 12 Series မှာ အသုံးပြုမယ်ဆိုရင် 15 Watt ထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

❖ ကြိုးမဲ့အားသွင်းမှုအတွက် Qi charging နည်းပညာကိုပဲ အသုံးပြုထားတဲ့ QI ကြိုးမဲ့ အားသွင်းမှုနည်းပညာပါတဲ့ iPhone 8 နှင့်အထက်မှာလဲ အသုံးပြုနိုင်ပါတယ်။ iPhone 12 နဲ့ကွာခြားသွားမှာက iphone 12 မှာ Magnetic Ring ပါလို့ သံလိုက်နဲ့ အလိုက်သင့်ကပ်သွားမှာဖြစ်ပါတယ်။

❖ iPhone 12, 12 Pro, 12 Pro Max မှာဆိုရင်တော့ 15Watt ထိ အမြန်ဆုံး သွင်းနိုင်လို့ အမြင့်ဆုံး Performance နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Magsafe Charger နှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ

  1. iPhone 12 Series အတွက် Optimized ဖြစ်အောင်ပြုလုပ်ထားတာ ဖြစ်လို့ ပုံမှန် ကြိုးမဲ့ Charger ထက်  ၂ ဆနီးပါး မြန်တဲ့နှုန်းနဲ့ အားသွင်းပါမယ်။ 15Watt power output ရှိပါမယ်။ ချွှင်းချက်အနေဖြင့် iPhone 12 Mini မှာတော့ 12 Watt နဲ့အားသွင်းပေးပါမယ်။
  2. 15 Watt Charging Speed နဲ့ အားသွင်းနိုင်ဖို့ အတွက် Magsafe Charger ကို Apple Type C 20 Watt Charger Adapter  နဲ့အသုံးပြုရပါမယ်။ အခြား 3rd party adapter တွေရော၊ Apple ရဲ့ 18 Watt, MacBook Pro က 96 Watt တွေနဲ့ စမ်းကြည့်တဲ့အခါမှာ 15Watt. အပြည့်မထွက်တာကို တွေ့ရပါတယ်။
  3. Lightning to Type C ကြိုးကို အသုံးပြုပြီး 20Watt Adapter  ကို အသုံးပြုပြီးအားသွင်းတာကတော့ အခုအချိန်ထိ အမြန်ဆုံးအားသွင်းနည်း ဖြစ်နေဆဲဖြစ်ပါတယ်။
  4. Magsafe Charger ကို အသုံးပြုပြီး iPhone 8 နှင့်အထက်ကို ကြိုးမဲ့အားသွင်းနိုင်သလို AirPods Pro, AirPods with Wireless Charger Case တွေမှာ အသုံးပြုနိုင်ပေမဲ့ iPhone 12 မှာ အသုံးပြုသလို အားသွင်းတာတော့ မြန်နိုင်မှာ မဟုတ်ပါဘူး။ မမြန်တဲ့အပြင် ပုံမှန် Qi Charger နဲ့ အားသွင်းတာထက်ကို နှေးပါမယ်။ ဒါကြောင့် iPhone 12 မဟုတ်တဲ့ User တွေအနေဖြင့် magsafe charger အစားအခြားကြိုးမဲ့ အားသွင်းစနစ်ကို အသုံးပြုသင့်ပါတယ်။ 
  5. iPhone 12 ကို ပုံမှန် Qi ကြိုးမဲ့ Charger နဲ့အားသွင်းမယ်ဆိုရင် 7.5 Watt နဲ့ပဲသွင်းမှာဖြစ်လို့ ပိုနှေးပါမယ်။
  6. MagSafe Charger ကိုပဲ iPhone Model အဟောင်းတွေမှာ အသုံးပြုမယ်ဆိုရင် 5Watt နဲ့ပဲ သွင်းမှာဖြစ်လို့ ဒီ Model တွေ ( iPhone 11 အထိကတော့) Qi Charger ထဲကပဲ သုံးသင့်ပါတယ်။
  7. Apple Watch မှာတော့ အားသွင်းလို့ရမည်မဟုတ်ပါဘူး။
20 Watt Adapter
Apple Official Type C 20Watt Charger 

iPhone 12 Battery 0% ကနေ 50% ပြည့်ဖို့ Type C to Lightning ကြိုးကို အသုံးပြုမယ်ဆိုရင် နာရီဝက်ကြာမှာဖြစ်ပြီး Magsafe  ကြိုးမဲ့အားသွင်းကြိုးကို အသုံးပြုမယ်ဆိုရင် တစ်နာရီကြာမှာ ဖြစ်ပါတယ်။

Charging Animation

Magsafe နဲ့ အသုံးပြုနိုင်တဲ့ iPhone ကို အားသွင်းလိုက်တာနဲ့ အခုလို Animation ပြပြီးအားသွင်းပေးပါ့မယ်။

magsafecharginganimation

Compatible Model

iPhone Models

AirPods Models

Magsafe နဲ့ တွဲသုံးတဲ့ Accessories တွေ
iphone 12 clear case magsafe

Magsafe Charger နဲ့ တွဲသုံးတဲ့ Accessories တွေရှိပါတယ်။ အထူးသဖြင့် iPhone Cover တွေဖြစ်ပါတယ်။

ဒီလို case တွေနဲ့ အသုံးပြုတဲ့ အခါမှာ​တော့ Magsafe နဲ့ iPhone ကြားမှာ Credit card, Hotel အခန်းဝင်ခွင့် Card တွေလိုမျိုးမရှိထားသင့်ပါဘူး။ အားသွင်းတာ အနှောက်အယှက်ဖြစ်နိုင်သလို Magsafe မှာ ပါတဲ့ RFID Chip (Radio-frequency identification) ပျက်ဆီးသွားနိုင်လို့ ဖြစ်ပါတယ်။

magsafe damage leather case

Magsafe နဲ့ အသုံးပြုမယ်ဆိုရင် ကြာလာတာနဲ့အမျှ အခု လို Leather Case တွေမှာ အရာထင်လာတတ်ပါတယ်။ အခြား  Case တွေမှာတော့ ပြဿနာ မရှိပါဘူး။ ဒါကြောင့်  Leather Case အသုံးပြုသူများကတော့ အားသွင်းတဲ့အချိန်မှာ ဖြုတ်ထားသင့်ပါတယ်။

Magsafe Charger သန့်ရှင်းရေးလုပ်နည်း။

နှုးညံ့တဲ့အဝတ်စာနဲ့ ဖြေးညှင်းစွာ သုတ်ပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ (အဝတ်က Camera Lens ကို သုတ်တဲ့ အဝတ်မျိုးကို ဆိုလိုပါတယ်)

အခုလို Covid ကာလမှ ပိုးသတ်ချင်သေးတယ်ဆိုရင်တော့ ၇၀% Alcohol ကို Magsafe မျက်နှာပြင်မှာ သုတ်ပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ (အားသွင်းကြိုးတပ်မထားရပါ၊ Alcohol  က အဝတ်မှာ စိုစွတ်တယ်ဆိုရုံပါ၊ အရမ်းများများစိုမနေရပါ၊)၊ အဝတ်ကို ညှစ်လိုက်ရင် Alcohol အရည် လုံးဝမထွက်တဲ့ အနေအထားလေး စွတ်ပေးရပါမယ်။

Dr.Zaw Zaw (ACIT, ACMT)

Dr.Mac (Mandalay)

—————————-

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 10𝖆𝖒 – 7 𝖕𝖒

ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

—————————-

Dr.Mac Address

http://bit.ly/2FW80h7

https://apple.co/3gxHWJw

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related

Mac အတွက် VPN

လောလောဆယ် VPN တွေ အများကြီးရှိတဲ့အထဲက ကိုယ်တိုင်လဲ စမ်းသုံးပြီး ပိုက်ဆံလဲ ပေးစရာမလိုတဲ့ vpn app တစ်ခုအကြောင်း ပြောပြသွားပါမယ်။ Mac App Store ကနေပဲ Apple ID သုံးပြီး ဆွဲလိုက်ပါ။ Hotspot shield VPN ကို ပဲ

Read More »
Apple Help

Apple Help အမြန်ရရယူနည်း

အချို့သော ပြဿနာများကို ဖြေရှင်းဖို့ Apple Help ကို အကူအညီတောင်းမှကို ရပါမယ်။ ပုံမှန်အားဖြင့်ကတော့ https://support.apple.com တဆင့်ဝင်ရောက်အကူအညီတောင်းခံနိုင်ပါတယ်။ သို့သော် တာဝန်ယူဖြေကြားပေးမဲ့ technician လုံလောက်မှုမရှိဘူး ဆိုပြီးချက်ချင်းအကူအညီမရဘဲ ဖြစ်တတ်ပါတယ်။ ချက်ချင်းလဲ အကူအညီလိုတယ်၊ ကိုယ့်ကိုလဲ Apple’s Service team က ဂရုစိုက်တာလိုချင်တယ်ဆိုရင်တော့

Read More »
AirPods Max

AirPods Max အကြောင်း

🔘Design Design ကတော့ Apple ဆိုတဲ့အတိုင်း ကြည့်တာနဲ့သေလောက်အောင်မိုက်ပြီးသားပါ။ ခေါင်းအရွယ်မျိုုးစုံနဲ့ အဆင်ပြေအောင် Sun Shade (canopy) လိုမျိုးပြုလုပ်ထားပေးပြီး နားထောင်တဲ့အချိန် ခေါင်းမှာ ချိတ်တဲ့  weight ကို သက်သောင့် သက်သာဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ Stainless Steel Frame နဲ့ တွယ်ဆက်ထားပြီး Frame ကို

Read More »