AirTag (Apple)

SKU: N/A

130,000.00 Ks350,000.00 Ks

1 Pack
4 Pack
10 People watching this product now!

Payment Method:

Description

Apple မှ ထုတ်လုပ်သော AirTag Device ဖြစ်ပါသည်။ မိမိ အရေးကြီး ပစ္စည်းများတွင် AirTag ဖြင့် တွဲဖက်ပေးထားပြီး မိမိ iPhone, iPad, Mac မှတဆင့် ပြန်လည်ရှာဖွေပေးနိုင်အောင်  ပြုလုပ်ပေးထားပါသည်။ Apple ရဲ့ Find My ecosystem ထဲမှာ နောက်ဆုံးရောက်ရှိလာတဲ့ အသေးဆုံး Gadget လဲဖြစ်ပါတယ်။

Location  ပြပေးတာဖြစ်ပေမဲ့  Privacy ရှိရှိ အသုံးချနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ GPS Tracker နဲ့ ကွာတာက GPS Tracker က GPS မိနိုင်မဲ့ အပြင်ဘက် ပတ်ဝန်းကျင် Outdoor မှာပဲ အလုပ်လုပ်နိုင်ပါတယ်။ AirTag ကတော့  Ultrwide band Technology သုံးထားပြီး Phone တွေရှိတဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး တည်နေရာ ဖော်ပြပေးပါတယ်။ အိမ်ခန်းနဲ့ ခန်းမအတွင်းမှာပါ အလုပ်လုပ်ပါတယ်။

 

 Easy to setup

AirTag ကို အသုံးပြုနိင်ဖို့ အလွယ်တကူ Setup ပြုလုပ်နိုင်ပါတယ်။ AirTag က Plastic ကို ခွာပြီး iPhone အနားကို ထားလိုက်တာနဲ့ ခါတိုင်း AirPods ချိတ်ရင်ပေါ်လိုသလိုမျိုး iPhone Screen မှာ ပေါ်လာပါမယ်။ iPhone, iPad, iPod Touch တွေနဲ့ Bluetoth ကနေတဆင့် ချိတ်ဆက်ပြီး Setup ပြုလုပ်နိုင်ပါတယ်။ Apple ID တူညီတဲ့ မိမိ Apple Device တွေထဲက Find My App ကို အသုံးပြုပြီး AirTag တည်ရှိရာကို ရှာဖွေနိုင်ပါတယ်။ မိမိချိတ်ဆက် အသုံးပြုမဲ့ ပစ္စည်းကို AirTag နဲ့ချိတ်ဆက်ပြီး နာမည်ပေးမှတ်သားထားလို့ ရပါတယ်။ ဥပမာ- Backpack, Car Key, Umbrella, Bike…

iPhone 12 displaying AirTag setup screen, alongside AirTag device.

AirTag accessorized with the Leather Key Ring, attached to a messenger bag.

AirTag နဲ့ တွဲပြီး အသုံးပြုနိုင်တဲ့ Device တွေ

Find My App ပါဝင်ပြီး  iOS 14.5 နှင့်အထက် တင်ထားတဲ့ မည်သည့် Apple Device နဲ့မဆို နဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။

သို့သော် Precision Finding လို့ခေါ်တဲ့ AirTag နေရာ အတိအကျကတော့ Ultra-Wideband နည်းပညာကို သုံးတာဖြစ်ပါတယ်။ ဒါကိုလက်ခံရှာဖွေဖို့အတွက်တော့ U1 Chip ပါတဲ့ iPhone 11 နဲ့ 12 Series  တွေမှာပ​ဲ အသုံးပြုနိုင်ပါတယ်။ ဘယ်နပေ အကွာမှာ မိမိရဲ့  AirTag ရှိနေသလဲ ဆိုတာကို ကြည့်နိုင်ပါတယ်။

အခြား iPhone နဲ့  Apple Device တွေကတော့ အကြမ်ဖျဉ်း တည်နေရာကို့​ပြသပေးမှာဖြစ်ပါတယ်။ Find My App ကနေ အသံထွက်ခိုင်းလိုက်တာနဲ့ AirTag မှာ ပါဝင်တဲ့ Speaker ကနေ အသံထွက်ပေးမှာဖြစ်ပါတယ်။ (Ping လုပ်တယ်လို့ခေါ်ပါတယ်)

 အသုံးပြုဖို မိမိဖုန်းမှာ Find My app အတွက်  Location တော့ ဖွင့်ထားဖို့ လိုပါတယ်။

location services

အခြား Appတွေအတွက် Location Service ကို ပိတ်ထားနိုင်ပေမဲ့ AirTag ဘယ်မှာ ရှိလဲဆိုတာ ပြောပြနိုင်ဖို့ Find My App ရဲ့ Location Service ကတော့ မဖြစ်မနေဖွင့်ထားဖို့ လိုပါတယ်။ အမြဲတမ်းမဖွင့်ထားချင်ရင်တောင် Wile Using The App ဆိုတဲ့ Setting နဲ့ ပုံမှာ ပြထားသလိုဖွင့်ထားနိုင်ပါတယ်။ Settings > Privacy > Location Services မှာ ရှိပါတယ်။

AirTag အလုပ်လုပ်ပုံ

AirTag က ပျောက်တဲ့ ပစ္စည်းရှာဖို့ အရေးကြီးတဲ့ မိမိရဲ့ ပစ္စည်းတွေနဲ့ တွဲထားပေးပြီးသုံးရတာဖြစ်ပေမဲ့ GPS Tracker နဲ့ အလုပ်လုပ်ပုံကွာပါတယ်။ အထဲမှာ GPS Chip မပါဘဲ U1 Chip ပဲ ပါပါတယ်။ Apple ရဲ့ Eco system ထဲမှာ ရှိတဲ့ 1.65 Billion အရေအတွက်ရှိတဲ့ Apple Devices များက Bluetooth ကနေ တဆင့် မိမိ AirTag တည်နေရာကို အတည်ပြုပေးတာပါ။ ပြီးမှ မိမိ iPhone, Mac, iPad မှာ ရှိတဲ့  Find My App ကို တည်နေရာ ပြန်ပို့ပေးတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေမဲ့ ကြားခံပို့ပေးတဲ့ (Peer-to-peer network ဖြစ်ပေမဲ့) Device တွေရဲ့  Privacy ကို မချိုးဖောက်ပါဘူး။ Data တွေကို ကြားဖြတ်ဖမ်းယူလို့ မရအောင် ပြုလုပ်ပေးထားပါတယ်။ End to End Encryption နည်းနဲ့ ပြုလုပ်ထားတာဖြစ်လို့ AirTag ပိုင်ရှင်ရဲ့ iPhone မှာ ကြည့်မှပ​ဲ သိနိုင်ပါမယ်။

AirTag ပျောက်သွားရင် ဘယ်လိုရှာမလဲ၊

find airtag

iPhone, Mac , iPad ထဲက FInd My app ကို ဖွင့်ပြီး ပျောက်ဆုံးသွားတဲ့ (မေ့ကျန်ခဲ့တဲ့ AirTag ) တည်နေရာကို ပြန်ကြည့်နိုင်ပါတယ်။ Play Sound ကို နှိပ်ပြီး အသံပြုခိုင်းနိုင်ပါတယ်။ iPhone 11, 12 Series မှာဆိုရင်တော့ AirTag နားကို ရောက်ပြီဆိုတာနဲ့ Find ကို နှိပ်ပြီး တည်နေရာ အတိအကျကို ရှာဖွေနိုင်ပါတယ်။

မြေပုံမှာ AirTag ကို ရုတ်တရက် ရှာမတွေ့နိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ အခြား iPhone တွေ ပျောက်တုန်းကလိုပဲ Lost Mode On လိုက်နိုင်ပါတယ်။ တွေ့တဲ့သူ ဆက်သွယ်နိုင်အောင် Message တွေ ချိန်ထားလားလိုက်လို့ရပါတယ်။ အခြားသူတစ်ယောက်က မိမိ AirTag နားမှာ သူရဲ့ဖုန်းကိုထားလိုက်တာနဲ့ Lost Mode မှာထားခဲ့တဲ့ message ကို ပြပေးပါမယ်။ NFC ပါတဲ့ Android Phone တွေမှာ လဲ အခု Features က အလုပ်လုပ်ပါတယ်။

AirTag ကို Android Phone နဲ့ သုံးမရပေမဲ့  NFC ပါတဲ့  Android ဖုန်းက AirTag ရှာဖွေတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပေးတဲ့ သဘောပါ။

AirTag  ကို အသုံးပြုပြီး အနီးနားက Apple Device တွေကို ခြေရာခံလို့ရလား?

airtag tracking alerts

Apple ကတော့ AirTag အထဲမှာ  Location Data. တွေနဲ့ History တွေကို မသိုလှောင်ထားဘူးလို့ ပြောပါတယ်။ Find My App နဲ့ End to End Encryption Data ပို့တာဖြစ်လို့ ပိုင်ရှင်ဖုန်းမှာပဲ AirTag တည်နေရာကို ကြည့်လို့ရပါမယ်။ Apple ကိုယ်တိုင်တောင် ဝင်ကြည့်ခွင့်မရှိပါဘူး။ မိမိခြေရာခံလိုသူရဲ့ အိတ်ထဲ၊ ကားထဲထည့်ပေးလိုက်မယ်ဆိုရင်လဲ

မိမိiPhone မှာ မိမိ Apple ID နဲ့ ချိတ်ဆက်ထားခြင်းမရှိတဲ့ AirTag ပါလာပြီဆိုပြီး သတိပေးပါမယ်။ ပုံမှာ ပြထားသလို မိမိAirTag ကို Disable ပေးလိုက်နိုင်ပါတယ်။ AirTag က ပိုင်ရှင်နဲ့ကင်းကွာသွားတာနဲ့ အလိုအလျောက် အသံမြည်လာအောင် ပြုလုပ်ပေးထားပါတယ်။ Default အနေဖြင့်  (၃) ရက်နှင့် အထက် ကင်းကွာသွားတာနဲ့ အသံမြည်ပေးပါတယ်။

ကိုယ့်ရဲ့ AirTag  ကို သူများက ကောက်ရရင် အသုံးပြုနိုင်လား?

AirTag က အခြား Apple Device တွေလိုပဲ Apple ID နဲ့ အသုံးပြုတာဖြစ်လို့ တစ်ခေါက် Setup လုပ်ပြီးတာနဲ့ မူရင်းပိုင်ရှင် က ပြန်မဖြုတ်မပေးမချင်း အခြားသူ အသုံးပြုလိုမရပါဘူး။ မိမိအရေးကြီး ပစ္စည်းတွဲထားတာကိုတော့ ဖြုတ်ပစ်ပြီး ပစ္စည်းကိုပဲ ယူသွားရင်တော့ နောက်ထပ်ခြေရာမခံနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ အိတ်သေးသေးလိုမျိုး အခြား အလွယ်တကူမမြင်ရတဲ့ နေရာမျိုးမှာ ထည့်ထားရင်တော့ မသမာသူက ဖြုတ်ဖို့ မတတ်နိုင်တော့ပါဘူး။

မိမိ AirTag ကို အသုံးမပြုချင်တော့ဘဲ အခြားသူကိုပေးချင်တယ်ဆိုရင်တော့ Find My App ကနေ AirTag ကို Remove လုပ်ပေးလိုက်ယုံပဲဖြစ်ပါတယ်။

စျေးနှုန်း

AirTag ကို တစ်ခုချင်း စျေး 29$ သတ်မှတ်ပြီး (၄) ခု Pack ကိုတော့ 100$ နဲ့ ရောင်းချပါတယ်။

IP67 – 

ရေဒဏ်ခံနိုင်မှု အနေဖြင့် IP67  ပြီး 1 meter (၃ ပေ) အနက်မှာ နာရီဝက်အထိရေစိမ်ခံနိုင်ပါတယ်။ ဒါကြောင့် AirTag က Water resistance အတိုင်းအတာတစ်ခု ထိ ရှိတယ်လို့ ပြောလို့ ရပါတယ်။ မိုးရွာထဲနဲ့ အခြား ရေစိုတာမျိုးခံနိုင်ရည်ရှိပါတယ်။

Battery Life

article thumbnail

ရိုးရိုး Store ဆိုင်နဲ့ မြန်မာနိုင်ငံမှာတော့ နာရီဆိုင် အများစုမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မဲ့ CR2032 အမျိုးအစား Battery ကို သုံးထားပြီး Battery လဲဖို့ User ကိုယ်တိုင်လဲလှယ်နိုင်ပါတယ်။ Battery Life အနေဖြင့် တစ်နှစ်အထိအသုံးပြုနိုင်ပါတယ်။ Battery ကုန်တော့မယ်ဆိုရင်လဲ မိမိ iPhone မှာ သတိပေးချက်ပြုလုပ်ပေးပါမယ်။

Dr.Mac တွင် AirTag ကို အမှတ်တရ အဖြစ် 𝐿𝒶𝓈𝑒𝓇 𝐸𝓃𝑔𝓇𝒶𝓋𝒾𝓃𝑔 𝒮𝑒𝓇𝓋𝒾𝒸𝑒 အခကြေးငွေပေးပြီး ပြုလုပ်နိုင်ပါသည်။ 

လိုချင်သောပုံစံကို ကမ်းလှမ်းရန် နှိပ်ပါ။

 

Sample Laser Engraving on Airtag (In Dr.Mac)

 

Dr.Mac Website

www.drmacmandalay.com

—————————————

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3QWgbgO

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

——————————————

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 9:30𝖆𝖒 – 6:30 𝖕𝖒 (Open Daily)

—————————-

Dr.Mac Address

Yay Ni Canal Street, Between 38th &39th Street, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Customer Reviews