3𝘋 𝘗𝘳𝘪𝘯𝘵𝘪𝘯𝘨 𝘧𝘰𝘳 𝘓𝘦𝘢𝘳𝘯𝘪𝘯𝘨

#To study the phenomenon of disease without books

is to sail an uncharted sea,

while to study

books

without patients

is not to go to sea at all.’

– Sir William Osler

“ရောဂါတွေအကြောင်းကို စာအုပ်တွေမပါဘဲ လေ့လာမယ်ဆိုရင် မြေပုံမပါဘဲ ပင်လယ်ထဲသွားတာနဲ့ တူတူပါပဲ၊ လူနာမပါဘဲ စာအုပ်တွေဘဲ ဖတ်ပြီးလေ့လာနေမယ်ဆိုရင် ပင်လယ်ထဲတောင် ရောက်မှာမဟုတ်ဘူး”

 á€’ီစာသားလေးက 3rd M.B.,B.S Pathology Reference စာအုပ်မှာပါတဲ့ စာသားလေးဖြစ်ပေမဲ့ လက်တွေ့ သင်ယူနေတဲ့ ဘယ်ပညာရေးနယ်ပယ်မှာ မဆို အသုံးဝင်တဲ့ စာစုလေးဖြစ်ပါတယ်။

 á€¡á€á€­á€¯á€á€»á€¯á€•á€ºá€•á€¼á€±á€¬á€›á€›á€„် “လက်တွေ့မပါတဲ့ ပညာရေးဟာ အကျိုးနဲ့ တူပြီး ပညာမပါတဲ့ လက်တွေ့လုပ်နေတာဟာလဲ အကန်းနဲ့တူပါတယ်။”

 á€’ါကြောင့် လက်တွေ့ သင်ကြားရေးနယ်ပယ်မှာ အသုံးပြုနိုင်ဖို့ မူလတန်းအဆင့်ကနေ Post Gradurated အဆင့်ထိ အမျိုးမျိုးသော ပညာရပ်နယ်ပယ်မှာ အသုံးပြုနိုင်တဲ့ 3D printed သင်ထောက်ကူပစ္စည်းများကို Dr.Mac မှာ ရရှိနိုင်ပါပြီ။

Czech အပါအဝင် ပညာရေးအားပေးတဲ့ နိုင်များမှာ မူလတန်းအဆင့်မှာကတည်းက Coding နဲ့အတူ 3D Printing Basic တွေကို အသုံးပြုသင်ကြားနေကြပြီပဲဖြစ်ပါတယ်။ 

လောလောဆယ် ရွှေးချယ်ထားတဲ့ Printed Model လေးတွေကို ဝေမျှလိုက်ပါတယ်။ နောင်လဲ ဒီဆောင်းပါးမှာပဲ ထပ်မံရွှေးချယ်ထားတဲ့ Model တွေကို ထပ်တိုးသွားပါမယ်။ တောင်းဆိုလိုတာရှိရင်လဲ Command မှာ တောင်းဆိုနိုင်ပါတယ်။

1. Myanmar Map Puzzle

မြန်မာနိုင်ငံမှာ ပါဝင်တဲ့ ပြည်နယ်နဲ့ တိုင်း (၁၄) ခုတည်နေရာနဲ့ နာမည်တွေကို မူလတန်းအဆင့် သင်ကြားနိုင်မဲ့ Model ဖြစ်ပါတယ်။ Puzzle ဆက်ရင်း တိုင်းနဲ့ ပြည်နယ် နာမည်တွေကိုလဲ အလွတ်ရသွားစေမှာ ဖြစ်ပါတယ်။

2. Sensory cube

Sensory Cube လေးကတော့ ထိတွေ့မှုနဲ့ ပတ်သက်တဲ့ ချို့ယွင်းချက် ရှိ/မရှိ စစ်ဆေးပေးပါတယ်။ (၅) နှစ်အရွယ်ကနေပြီးတော့ အရွယ်ရောက်ပြီးတဲ့သူတွေမှာ စမ်းသပ်ဖို့ အသုံးပြုနိုင်ပါတယ်။ လေဖြတ်တဲ့ လူနာတွေဆိုရင်လဲ Sensory ပိုင်း ဘယ်လောက်ထိ ထိခိုက်သွားလဲ စမ်းသပ်နိုင်ပါတယ်။ ကလေးတွေမှာ မှန်ကန်တဲ့ Sensory တုံ့ပြန်မှု ရှိဖို့ လိုပါတယ်။ သို့မှသာ ပတ်ဝန်းကျင်ကို မှန်ကန်တဲ့ တုံ့ပြန်မှုပြုလုပ်နိုင်မှာ ဖြစ်ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ မှန်ကန်တဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အတူ ကျောင်းစာတွေထဲက အချို့သော သင်ခန်းစာတွေကို လိုက်လုပ်နိုင်စေပါတယ်။

3. Chest Tube Trainer

Thoracostomy, chest tube trainer ဆေးကျောင်းက PG Student တွေအတွက် ရည်ရွယ်ပါတယ်။ Chest Tube ထည့်တာလေ့ကျင့် ခွဲစိတ်ရမှာ အသုံးပြုနိုင်ပါတယ်။ Rib Case Frame ကို အကြိမ်ကြိမ် အသုံးပြုနိုင်ပြီး 4mm အထူရှိတဲ့ Foam အပြားကို ကပ်ပြီးလေ့ကျင့်နိုင်ပါတယ်။

3. Chest Tube Trainer

4. Learning Clock

ကလေးငယ်များ နာရီကြည့်တတ်အောင် သင်ကြားဖို့ ပြုလုပ်ထားပါတယ်။ သင်ကြားမဲ့ အချိန်ကို လက်နဲ့ Manual လှည့်နိုင်ပြီး စက်မပါဝင်ပါ။

5. Educational Automotive Alternator

ဒီဘက်ခေတ်ကားတွေမှာ မရှိ/မဖြစ် ပါဝင်တဲ့ Alternator လို့ခေါ်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ကား Battery ကို အားသွင်းတဲ့နေရာမှာ မရှိမဖြစ် ပစ္စည်းဖြစ်ပါတယ်။ ဒီကနေမှ တဆင့် ကားမောင်းနေစဉ် ကားမီးထွန်းတာ၊ ကားမောင်းနေစဉ် ဖုန်းအားသွင်းတဲ့ ကိစ္စတွေမှာ မရှိ/မဖြစ် Crucial Role မှာ ရှိပါတယ်။ ဒါကိုမှ လက်တွေ့သင်ကြားနိုင်အောင် ၉၅% 3D Printer နဲ့ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

6. Human skull, anatomically correct

ဆေးကျောင်း 2nd MB အတွက် သင်ကြားရေး အထောက်အကူပြု Human Skull ဖြစ်ပါတယ်။ လူခေါင်းအတိုင်း Anatomically တူညီအောင် ပြုလုပ်ထားပါတယ်။

7. Archimedes Screw Bonanza

ကမ္ဘာ့အကြီးအကျယ်ဆုံး သိပ္ပံပညာထဲက တစ်ယောက် အဖြစ် သတ်မှတ်ခံရတဲ့ Archimedes တီထွင်ထားတဲ့ ရေတင်တဲ့ Screw ဖြစ်ပါတယ်။ မြေနိမ့်နေရာက အမြင့်နေရာကို ရေတင်ရာမှာ လက်ရှိအချိန်အထိ အချို့သော နေရာများမှာ အသုံးပြုနေကြပါတယ်။

8. T-Rex

အပြင်မှာ တကယ်ရှိခဲ့တဲ့ Tyrannosaurus Rex (T-Rex) ဒိုင်နိုဆော အရွယ်ရဲ့ အဆ၂၀ ချုံ့ထုတ်ထားတာက လွှဲရင် ကျန်တာ တစ်ပုံစံတည်းအတိုင်းဖြစ်ပါတယ်။ Anatomically

လဲ လုံးဝမှန်ကန်ပါတယ်။

9.Lipedema distribution classification

Lipedema ဆိုတဲ့ ခန္ဓာကိုယ်အတွင်း အဆီဖြန့်ဖြူး မညီမျှတဲ့ ရောဂါရဲ့ Grade ကို တိုင်းတာပေးနိုင်မဲ့ အရုပ်လေးတွေဖြစ်ပါတယ်။ ဒီရောဂါက အမျိုးသမီးတွေမှာပဲ ဖြစ်ကြပြီး မျိုးရိုးလဲ လိုက်တတ်ပါတယ်။ ဘက်မျှတဲ့ အဆီကို ဖြန့်ဖြူးမှု လုပ်ပေမဲ့ ခြေထောက်မှ အဆီတွေ ပိုစုသွားတဲ့ ရောဂါဖြစ်ပြီး နာတာရှ​ည် ရောဂါအမျိုးအစားဖြစ်ပါတယ်။

10. Pythagoras Demonstration

Geometry ဘာသာရပ်မှာ Pythagoras ရဲ့ equation တစ်ခုဖြစ်တဲ့ a^2+b^2=c^2 ဆိုတာကို လက်တွေ အပြင်မှာ တူညီကြောင်း ပြသပေးတဲ့ သရုပ်ပြမှု ဖြစ်ပါတယ်။

11. Center Finder

လုံးဝန်းတဲ့ အရာဝတ္ထုတွေရဲ့ အလည့်တည့်တည့်ကို တိုင်းထွာ ရှာဖွေပေးတဲ့ Tools ဖြစ်ပါတယ်။

12. Measuring Cube

အရည်တိုင်းတာတဲ့ နေရာမှအသုံးပြုနိုင်တဲ့  Cube တွေဖြစ်ပါတယ်။ Cube အသေးက Table Spoon ကိုတိုင်းပြီး Tube အကြီးက Cup Unit ကို တိုင်းပေးပါတယ်။ (တိုင်းတာဖို့ လိုအပ်ရင် အသုံးပြုနိုင်ပါတယ်)

13. Impossible Table

မဖြစ်နိုင်တဲ့ Table ပုံစံမျိုးတည်ကြိုးနဲ့ တည်ဆောက်ပြထားပါတယ်။ ဒီပုံစံကို Inspires ယူပြီး သံကြိုး၊ အုန်းဆံကြိုး စသည် တစ်ခုခု အသုံးပြုပြီး Table အာကီး စားတွေ တည်ဆောက်နိုင်ပါတယ်။

14.3D geometric models in Geogebra
Geometry ဘာသာရပ်အတွက် အပြင်မှာ တကယ်လိုအပ်နေတဲ့ Geogebra တွေဖြစ်ပါတယ်။ ဒါမှသာ အပြင်မှာ လက်တွေ့ ကိုင်တွယ် ကြည့်ရူနားလည်မှာ ဖြစ်ပါတယ်။

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related

𝙢𝙖𝙘𝙊𝙎 𝙑𝙚𝙣𝙩𝙪𝙧𝙖 𝙉𝙚𝙬 𝙁𝙚𝙖𝙩𝙪𝙧𝙚𝙨 တွေအကြောင်း

⌘ macOS အသစ်ထွက်တိုင်း သူရဲ့ Features တွေကို ပြောနေကျမို့ အခု vlog လေးကို ပြုလုပ်လိုက်ပါတယ်။ ⌘ macOS Ventura (version 13) မှာ ပါလာတဲ့  Features များစွာထဲက အသုံးဝင်မဲ့ Features တွေကို ပြောပြထားပါတယ်။

Read More »

𝗥𝗲𝘀𝘁𝗶𝗻𝗴 𝗛𝗲𝗮𝗿𝘁 𝗥𝗮𝘁𝗲 𝗼𝗻 𝗔𝗽𝗽𝗹𝗲 𝗪𝗮𝘁𝗰𝗵

⌘ Apple Watch  နဲ့ အခြား Smart Watch တွေရဲ့ အဓိကကွာခြားချက်ကတော့ အားကစားမလုပ်တဲ့အချိန်မှာပါ Apple Watch က User ရဲ့ နှလုံးလှုပ်ရှားမှုကို ထောက်လှမ်းစောင့်ကြည့်ပေးလို့နေပါတယ်။ ⌘ ဒီအချက် အားကစားမလုပ်တဲ့အချိန်တွေရော၊ သိပ်မလုပ်ဖြစ်တဲ့သူတွေရောအတွက်ပါ အရေးကြီးပါတယ်။ Haert Activity တွေထဲကမှ 

Read More »

ကမ္ဘာ့အမြန်ဆုံး 3D Printer Bambu Lab P1P

ကမ္ဘာ့အမြန်ဆုံး 3D Printer Bambu Lab P1P ===================================== ⌘ Bambu Lab က ထုတ်လုပ်တဲ့ X1C မှာ အရမ်းအောင်မြင်ပြီးနောက်ပိုင်း စျေးနှုန်းထက်ဝက်နီးပါး လျှော့ချပြီး ထုတ်လုပ်လိုက်တာက Bambulab P1P ဖြစ်ပါတယ်။  ⌘ လူတိုင်းလက်ထဲက Prusa 3D

Read More »