𝙈𝙮 𝙁𝙋𝙑 𝙁𝙤𝙤𝙩𝙖𝙜𝙚 (2020-2022)

⌘ ကျွှန်တော် အသက် (၃၈) နှစ်မှာ FPV ကို စတင်လေ့လာခဲ့ပါတယ်။ (ဘယ်အချိန်စစ နောက်မှကျ) FPV video တွေကို မြင်ပြီး ကြွေသွားလို့ လိုက်လုပ်တာလဲပါပါတယ်။

⌘ ကမ္ဘာ့ အသက်ကြီးဆုံး FPV သမားက အသက် ၇၀ ကျော်ပြီ ဖြစ်သလို အသက်(၁၀) နှစ်နဲ့ အငယ်ဆုံး ပျံသန်းပြီး ကမ္ဘာ့ အဆင့်ဆုတွေ ရတာက ထိုင်းက Wanyarawan Wannapong (Milk FPV) ဖြစ်ပါတယ်။ ဒါတွေက  FPV Pilot တွေဖြစ်ပြီး ဒီလိုင်းမှာမှ Cinemtatic FPV  ဆိုပြီး မကြာသေးခင် နှစ်များအတွင်းမှာ ပေါ်ပေါက်လာပါတယ်။

⌘ လက်ရှိ  ကမ္ဘာ့အတော်ဆုံး Cinemtic FPV Pilot အဖြစ် အများလက်ခံထားတာက Johnny FPV ဖြစ်ပါတယ်။ iPhone 12 မိတ်ဆက်တုန်းကတောင် FPV Forne ပေါ်ကြော်ငြာအနေနဲ့ တင်ရိုက်ပြဖူးပါတယ်။

⌘ ကျွှန်တော်လေ့လာတုန်းကတော့ ပြည်တွင်းမှာ မေးမြန်းဖို့ အဆင်မပြေတာကြောင့် နိုင်ငံခြား Group တွေထဲမှာပဲ မေးမြန်းလေ့လာခဲ့ပါတယ်။ 

⌘ FPV Drone ပျံသန်းနိုင်ဖို့ တတ်ကျွှမ်းနားလည်သူ အကူအညီနဲ့ လေ့လာမယ်ဆို (၃) လကနေ (၄) လအတွင်း တက်မြောက်နိုင်ပါတယ်။ ကျွှန်တော်တုန်းကတော့ အခြားအလုပ်တွေတစ်ဖက်နဲ့ လုပ်ရတော့ (၈) လလောက်ကြာသွားပါတယ်။

⌘ FPV လိုင်းက Expensive Hobby ဖြစ်ပေမဲ့ အနည်းဆုံး Budget နဲ့ စထလို့ တော့ ရပါတယ်။ ရေရှည်မှာတော့  Camera ဖိုးနဲ့တင်တော်တော်ကုန်မှာ ဖြစ်လို့ “ကျားမြီးဆွဲမိသလို မဖြစ်အောင် ” အရှည်ကို မျှော်တွေးပြီးတော့ လုပ်သင့်ပါတယ်။ (တိုက်လို့ ကြေသွားတဲ့ GoPro Camera တွေလဲ ၃-၄လုံးထိ ဖြစ်ခဲ့ပါတယ်)

⌘ ကျွှန်တော်စတင် ပျံတုန်းက DJI Digital System တောင်မထွက်သေးပါဘူး။ Cinemtic FPV သမားတွေက  GoPro Camera အနည်းဆုံး Standard ထားပြီး အသုံးပြုရိုက်ကူးကြပါတယ်။ Gyro Data ပါလို့ Post မှာ စိတ်ကြိုက် Stabalize လုပ်လို့ ရပါတယ်။ အခု DJI ထုတ် AVATA Camera မှာ Gyro data ပါလာလို့ အဲ့လို  Post မှာ Stabalize လုပ်လို့ရပါပြီ။ 

⌘ သို့သော် FPV သမားအများစုက DJI FPV Drone မှာပါတဲ့ Camera ကို မကြိုက်လို့ GoPro ကိုပဲ တင်ရိုက်ကြတုန်းပါပဲ။ Hollywood ကားတွေထဲက အချို့အခန်းတွေမှာတော့ Cinelifter  အဆင့်ရှိ FPV Drone နဲ့ Red Camera တွေတင် ရိုက်ပါတယ်။

⌘ ဒီ Footage တွေမှာပါတဲ့ ပျံသန်းမှုအားလုံး ရိုက်ကူးမဲ့ပါတ်ဝန်းကျင်က သူတွေကို အရင်အကြောင်းကြားပြီးမှသာ ရိုက်ကူးထားပါတယ်။ (FPV Drone က နီးကပ်စွာပျံရလို့ မလိုလားအပ်တဲ့ ပြဿနာ မရှိလာအောင်ဖြစ်ပါတယ်)

⌘ FPV နဲ့ပတ်သက်လို့ တကယ်စိတ်ဝင်စားတယ်၊ လေ့လာလိုတယ်ဆိုရင် ဆိုင်ကိုလာရောက်မေးမြန်းနိုင်ပါတယ်။ လိုင်းပေါ်ကမေးရင်တော့ မဖြေပါဘူး (မဖြေချင်လို့ မဟုတ်ပါ၊ ပြောရမှာရှည်လို့ပါ) 

⌘ အေးအေးဆေးဆေး လေကန်နိုင်ဖို့တော့ စေတနာပါတဲ့  ကော်ဖီတစ်ခွက်​လောက်တော့ တိုက်ဖို့ လိုပါမယ်….

Dr.Mac’s iOS Apps Store Link 

https://apple.co/3k19XMG

Dr.Mac’s Google Play Store Link

https://bit.ly/380bixu

Dr.Mac Telegram Channel

https://t.me/drmacmyanmar

——————

ᴅʀ.ᴍᴀᴄ ᴡᴇʙꜱɪᴛᴇ

Home

—————————-

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 10𝖆𝖒 – 6 𝖕𝖒

ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

—————————-

Dr.Mac Address

http://bit.ly/2FW80h7

https://apple.co/3gxHWJw

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

#DrMac #CinematicFPV #GoPro #DJI #MyanmarBeauty 

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related
3d Printed AR Cube

𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗲𝗱 𝗔𝗥 𝗖𝘂𝗯𝗲 𝗳𝗼𝗿 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴

⌘ Merge EDU က ထုတ်တဲ့ AR Cube ကို 3D Printed နဲ့ထုတ်ပြီး သင်ကြားရေးမှာ အသုံးပြုလို့ရပါတယ်။ ⌘  Virtual စာသင်ခန်းတစ်ခုလုံးကို နှစ်စဉ်ကြေးပေးသွင်းပြီးလဲ ဝယ်ယူနိုင်ပါသေးတယ်။ ⌘3D Printing နဲ့ AR နည်းပညာပေါင်းစပ်ထားတဲ့ သင်ကြားရေးသုံး Gadgets

Read More »

𝙢𝙖𝙘𝙊𝙎 𝙑𝙚𝙣𝙩𝙪𝙧𝙖 𝙉𝙚𝙬 𝙁𝙚𝙖𝙩𝙪𝙧𝙚𝙨 တွေအကြောင်း

⌘ macOS အသစ်ထွက်တိုင်း သူရဲ့ Features တွေကို ပြောနေကျမို့ အခု vlog လေးကို ပြုလုပ်လိုက်ပါတယ်။ ⌘ macOS Ventura (version 13) မှာ ပါလာတဲ့  Features များစွာထဲက အသုံးဝင်မဲ့ Features တွေကို ပြောပြထားပါတယ်။

Read More »

𝗥𝗲𝘀𝘁𝗶𝗻𝗴 𝗛𝗲𝗮𝗿𝘁 𝗥𝗮𝘁𝗲 𝗼𝗻 𝗔𝗽𝗽𝗹𝗲 𝗪𝗮𝘁𝗰𝗵

⌘ Apple Watch  နဲ့ အခြား Smart Watch တွေရဲ့ အဓိကကွာခြားချက်ကတော့ အားကစားမလုပ်တဲ့အချိန်မှာပါ Apple Watch က User ရဲ့ နှလုံးလှုပ်ရှားမှုကို ထောက်လှမ်းစောင့်ကြည့်ပေးလို့နေပါတယ်။ ⌘ ဒီအချက် အားကစားမလုပ်တဲ့အချိန်တွေရော၊ သိပ်မလုပ်ဖြစ်တဲ့သူတွေရောအတွက်ပါ အရေးကြီးပါတယ်။ Haert Activity တွေထဲကမှ 

Read More »