⌘ ကျွှန်တော် အသက် (၃၈) နှစ်မှာ FPV ကို စတင်လေ့လာခဲ့ပါတယ်။ (ဘယ်အချိန်စစ နောက်မှကျ) FPV video တွေကို မြင်ပြီး ကြွေသွားလို့ လိုက်လုပ်တာလဲပါပါတယ်။
⌘ ကမ္ဘာ့ အသက်ကြီးဆုံး FPV သမားက အသက် ၇၀ ကျော်ပြီ ဖြစ်သလို အသက်(၁၀) နှစ်နဲ့ အငယ်ဆုံး ပျံသန်းပြီး ကမ္ဘာ့ အဆင့်ဆုတွေ ရတာက ထိုင်းက Wanyarawan Wannapong (Milk FPV) ဖြစ်ပါတယ်။ ဒါတွေက FPV Pilot တွေဖြစ်ပြီး ဒီလိုင်းမှာမှ Cinemtatic FPV ဆိုပြီး မကြာသေးခင် နှစ်များအတွင်းမှာ ပေါ်ပေါက်လာပါတယ်။
⌘ လက်ရှိ ကမ္ဘာ့အတော်ဆုံး Cinemtic FPV Pilot အဖြစ် အများလက်ခံထားတာက Johnny FPV ဖြစ်ပါတယ်။ iPhone 12 မိတ်ဆက်တုန်းကတောင် FPV Forne ပေါ်ကြော်ငြာအနေနဲ့ တင်ရိုက်ပြဖူးပါတယ်။
⌘ ကျွှန်တော်လေ့လာတုန်းကတော့ ပြည်တွင်းမှာ မေးမြန်းဖို့ အဆင်မပြေတာကြောင့် နိုင်ငံခြား Group တွေထဲမှာပဲ မေးမြန်းလေ့လာခဲ့ပါတယ်။
⌘ FPV Drone ပျံသန်းနိုင်ဖို့ တတ်ကျွှမ်းနားလည်သူ အကူအညီနဲ့ လေ့လာမယ်ဆို (၃) လကနေ (၄) လအတွင်း တက်မြောက်နိုင်ပါတယ်။ ကျွှန်တော်တုန်းကတော့ အခြားအလုပ်တွေတစ်ဖက်နဲ့ လုပ်ရတော့ (၈) လလောက်ကြာသွားပါတယ်။
⌘ FPV လိုင်းက Expensive Hobby ဖြစ်ပေမဲ့ အနည်းဆုံး Budget နဲ့ စထလို့ တော့ ရပါတယ်။ ရေရှည်မှာတော့ Camera ဖိုးနဲ့တင်တော်တော်ကုန်မှာ ဖြစ်လို့ “ကျားမြီးဆွဲမိသလို မဖြစ်အောင် ” အရှည်ကို မျှော်တွေးပြီးတော့ လုပ်သင့်ပါတယ်။ (တိုက်လို့ ကြေသွားတဲ့ GoPro Camera တွေလဲ ၃-၄လုံးထိ ဖြစ်ခဲ့ပါတယ်)
⌘ ကျွှန်တော်စတင် ပျံတုန်းက DJI Digital System တောင်မထွက်သေးပါဘူး။ Cinemtic FPV သမားတွေက GoPro Camera အနည်းဆုံး Standard ထားပြီး အသုံးပြုရိုက်ကူးကြပါတယ်။ Gyro Data ပါလို့ Post မှာ စိတ်ကြိုက် Stabalize လုပ်လို့ ရပါတယ်။ အခု DJI ထုတ် AVATA Camera မှာ Gyro data ပါလာလို့ အဲ့လို Post မှာ Stabalize လုပ်လို့ရပါပြီ။
⌘ သို့သော် FPV သမားအများစုက DJI FPV Drone မှာပါတဲ့ Camera ကို မကြိုက်လို့ GoPro ကိုပဲ တင်ရိုက်ကြတုန်းပါပဲ။ Hollywood ကားတွေထဲက အချို့အခန်းတွေမှာတော့ Cinelifter အဆင့်ရှိ FPV Drone နဲ့ Red Camera တွေတင် ရိုက်ပါတယ်။
⌘ ဒီ Footage တွေမှာပါတဲ့ ပျံသန်းမှုအားလုံး ရိုက်ကူးမဲ့ပါတ်ဝန်းကျင်က သူတွေကို အရင်အကြောင်းကြားပြီးမှသာ ရိုက်ကူးထားပါတယ်။ (FPV Drone က နီးကပ်စွာပျံရလို့ မလိုလားအပ်တဲ့ ပြဿနာ မရှိလာအောင်ဖြစ်ပါတယ်)
⌘ FPV နဲ့ပတ်သက်လို့ တကယ်စိတ်ဝင်စားတယ်၊ လေ့လာလိုတယ်ဆိုရင် ဆိုင်ကိုလာရောက်မေးမြန်းနိုင်ပါတယ်။ လိုင်းပေါ်ကမေးရင်တော့ မဖြေပါဘူး (မဖြေချင်လို့ မဟုတ်ပါ၊ ပြောရမှာရှည်လို့ပါ)
⌘ အေးအေးဆေးဆေး လေကန်နိုင်ဖို့တော့ စေတနာပါတဲ့ ကော်ဖီတစ်ခွက်လောက်တော့ တိုက်ဖို့ လိုပါမယ်….
Dr.Mac’s iOS Apps Store Link
Dr.Mac’s Google Play Store Link
Dr.Mac Telegram Channel
——————
ᴅʀ.ᴍᴀᴄ ᴡᴇʙꜱɪᴛᴇ
Home
—————————-
Dr.Mac Gear
—————————-
Open
⌚️- 10𝖆𝖒 – 6 𝖕𝖒
ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။
—————————-
Dr.Mac Address
http://bit.ly/2FW80h7
—————————-
Ph- 09798666614, 09963666614
Viber- 09798666614
Facebook Page- Dr.Mac
—————————-
#DrMac #CinematicFPV #GoPro #DJI #MyanmarBeauty