Apple Magic Mouse & Magic Trackpad Update New ❗️

လက်ရှိသုံးနေတဲ့ Apple Magic Trackpad, Magic Mouse တွေက 2015 တုန်းက ထုတ်ထားတဲ့ Gen 2 အဖြစ်ပဲ ရှိပါသေးတယ်။ သို့သော် 2021 နဲ့ 2022 ထုတ် Batch အလုပ်ပြောင်းလဲမှု အချို့တော့ ရှိလာပါတယ်။ အသုံးပြုနိုင်တဲ့ Features တွေကတော့ တူညီနေတုန်းပဲရှိပါသေးတယ်။

Magic Trackpad 2022

Gen 1 နဲ့ 2 အဓိကကွာခြားချက်ကတော့ Gen 1 တွေက AA Battery ကို အသုံးပြုရတာဖြစ်ပြီး Gen 2 အားလုံးကတော့ Rechargeable internal battery ကို အသုံးပြုတာဖြစ်ပါတယ်။ Rechargeable Battery ကို အားသွင်းဖို့ အတွက် Lightning အားသွင်းPort ကနေ အသုံးပြုပါတယ်။ ဒီ port ကိုပဲ Mac နဲ့ ပထမဆုံးအကြိမ် Paring ပြုလုပ်တဲ့ နေရာမှာလဲ အသုံးပြုနိုင်ပါသေးတယ်။

Magic Mouse, Magic Trackpad တွေရဲ့ထူးခြားချက်က  Bluetooth 3.0. ကို အသုံးပြုပြီး Mac Build in Bluetooth  ချိတ်ဆက်တာ ဖြစ်လို့ External Dongle  ထပ်မံမလိုအပ်ပါ။ Magic Mouse 2, Magic Trackpad 2 တွေမှာ Bluetooth 3.0 ကို အသုံးပြုနေသေးပေမဲ့ M1 Mac တွေမှာတော့ Bluetooth 5.0 ကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါကြောင့် Bluetooth ချိတ်ဆက်ထားသော်လဲ Battery အားကို အသုံးပြုတဲ့ Energy Management ကို ကောင်းကောင်း ပြုလုပ်ပေးတာ ဖြစ်လို့ အားသိပ်မကုန်တော့ပါဘူး။ တစ်ခုထက်ပိုတဲ့ Bluetooth Devices များကိုလဲ တပြိုင်တည်း Mac မှာ ချိတ်ဆက်အသုံးပြုသွားနိုင်စေပါတယ်။ ဥပမာ- Mac တစ်လုံးထဲမှာ Bluetooth Speaker, Magic Mouse, Magic Trackpad တပြိုင်တည်းချိတ်ဆက်အသုံးပြုနိုင်စေပါတယ်။ 

Magic Trackpad 2021 version ထူးခြားချက် 

  • Magic Mouse Pad

​M1 Mac တွေနဲ့အတူ ပြန် Update ထုတ်ထားတာ ဖြစ်ပါတယ်။  အားသွင်းကြိုးက USB-C to Lightning Cable ကို braided ပုံစံ Cable ကို ရစ်ပတ်ကာကွယ်ပေးထားပါတယ်။ Magic Trackpad ရဲ့ Corner တွေက Magic Keyboard with Touch ID လိုပိုမို လုံးဝန်းသွားပါတယ်။ Color အနေဖြင့်  Silver, Space Grey အရောင်တွေနဲ့ ရနိုင်ပါတယ်။ နာမည်မှာ Magic Trackpad “2”ဆိုတာကို ဖြုတ်လိုက်ပြီး Magic Trackpad လိုပဲ ခေါ်ပါတော့တယ်။

Magic Trackpad 2022 version ထူးခြားချက် 

2021 ရှိပြီးသား Design ကို Magic Trackpad – White Multi-Touch Surface Magic Trackpad – Black Multi-Touch Surface ဆိုပြီးအခေါ်အဝေါ်ပြောင်းလိုက်သလို Black Multi-Touch Surface မှာအောက် Aluminum Frame က Silver အရောင်နဲ့ပဲဖြစ်ပါတယ်။

​Magic Mouse 2021 ထူးခြားချက်

သူလဲ M1 Mac တွေနဲ့အတူထွက်လာတာဖြစ်ပြီးနာမည်မှာ “2” ကိုဖြုတ်ခေါ်လိုက်ပါတယ်။အားသွင်းကြိုးကိုလဲ  ​Magic Trackpad အတိုင်း USB-C to Lightning Babraided Cable နဲ့ဖြစ်သွားပါတယ်။  iMac M1 Model မှာတော့ iMac အရောင်အတိုင်းအောက်ပိုင်း Magic Mouse Aluminum Body ကိုရနိုင်မှာဖြစ်ပါတယ်။ Apple Site မှာ“a month or more between charges” လို့ရေးထားတဲ့အတွက် Battery  ပိုအသုံးခံအောင်ပြုလုပ်ထားပါတယ်။

Magic Mouse 2022 ထူးခြားချက်

Magic Mouse – Black Multi-Touch Surface, Magic Mouse – Black Multi-Touch Surface လို့ခေါ်ဆိုပြီး Magic Trackpad 2022 လိုပဲအောက်ပိုင်း Aluminum Body Frame ကို Silver Aluminum နဲ့ပြုလုပ်ထားပြီးအပေါ်ပိုင်း Touch Surface ကိုပဲ White နဲ့ Black Color ရောင်နဲ့ပြုလုပ်ထားပါတယ်။

ကျွှန်တော်တို့ Dr.Mac မှာရောင်းချတဲ့ Apple Products များအားလုံး Apple မှဆက်လက်ထုတ်လုပ်ဆဲ Latest version  များသာဖြစ်ပါတယ်။

Apple Magic Mouse & Magic Trackpad Production Timeline

Magic Mouse (1st Gen) – October 2009 တွင်စတင်ထုတ်လုပ်ပြီး October 2015 တွင်ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပါသည်။ AA battery အမျိုးအစားကိုထည့်သွင်းအသုံးပြုရပါသည်။

Magic Trackpad  (1st gen) – July 2010 တွင်စတင်ထုတ်လုပ်ပြီး October 2015 တွင်ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပါသည်။ AA battery အမျိုးအစားကိုထည့်သွင်းအသုံးပြုရပါသည်။

​Magic Mouse 2 – October 2015 မှယနေ့အထိထုတ်လုပ်ပါသည်။နှစ်အလိုက်အထက်မှာရေးထားသည့်အတိုင်းအခေါ်အဝေါ်နှင့်အချို့အပိုင်းများနှင့်အရောင်များ၊ပါဝင်ပစ္စည်းများကွာခြားမှုရှိသွားပါသည်။ 2022 တွင်ထုတ်လုပ်သည့် Batch မှစတင်ပြီး Aluminum body ကို Silver တစ်ရောင်တည်းဖြင့်ထုတ်လုပ်ပြီး White/Black Touch Surface Area ဖြင့်ထုတ်လုပ်ပါသည်။ Mac OS X 10.11 or later နှင့် 

iPad with iPadOS 13.4 or later တင်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Mac သီးသန့်သာ သုံးနိုင်ရာမှ iPadOS တွင်ပါ သုံးနိုင်လာခြင်းဖြစ်ပါသည်။

Magic Trackpad 2 –  October 2015 မှယနေ့အထိထုတ်လုပ်ပါသည်။နှစ်အလိုက်အထက်မှာရေးထားသည့်အတိုင်းအခေါ်အဝေါ်နှင့်အချို့အပိုင်းများနှင့်အရောင်များ၊ပါဝင်ပစ္စည်းများကွာခြားမှုရှိသွားပါသည်။  Magic Trackpad Gen 1 ထပ် Surface Area ပိုမိုကြီးမားလာသည့်အပြင်ဖိအားသက်ရောက်မှုအလိုက်တုန့်ပြန်ခိုင်းစေနိုင်သော Taptic Engine Build in ပါဝင်လာပါသည်။  2022 တွင်ထုတ်လုပ်သည့် Batch မှစတင်ပြီး Aluminum body ကို Silver တစ်ရောင်တည်းဖြင့်ထုတ်လုပ်ပြီး White/Black Touch Surface Area ဖြင့်ထုတ်လုပ်ပါသည်။ Mac OS X 10.11 or later နှင့် 

iPad with iPadOS 13.4 or later တင်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Mac သီးသန့်သာ သုံးနိုင်ရာမှ iPadOS တွင်ပါ သုံးနိုင်လာခြင်းဖြစ်ပါသည်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & MacOS Technician

Dr.Mac’s iOS Apps Store Link 

https://apple.co/3k19XMG

Dr.Mac’s Google Play Store Link

https://bit.ly/380bixu

⌚️- 10𝖆𝖒 – 6 𝖕𝖒

 ပိတ်ရက်မရှိ ဖွင့်လှစ်ပါသည်။

—————————-

Ph- 09798666614, 09258666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Dr.Mac Website – drmacmandalay.com

—————————-

Dr.Mac Address

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။)

http://bit.ly/2FMu65A

—————————-

Dr.Mac Gear

https://kit.com/Dr.Mac

—————————

Like this article?

Share on Facebook
Share on Twitter
Share on Linkdin
Share on Pinterest

Leave a comment

Related

စာဖတ်ခြင်း (Reading)

စာဖတ်ခြင်းဟာ ရိုးရှင်းတဲ့ စကားလုံး တစ်ခုပါ။ ဒါပေမဲ့ လူတစ်ယောက်ကို တိုးတက်စေပါတယ်။ နည်းပညာ၊ ဗဟုသုတ ရှာဖွေသူတွေ အနေဖြင့် စာဖတ်ခြင်းကသာ မိမိရှာဖွေနေတာတွေကို ရရှိနိုင်မဲ့ အရိုးရှင်းဆုံးတစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အရည်အချင်းတည်ဆောက်တဲ့နေရာမှာ ဖြတ်လမ်းမရှိပါဘူး။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်နိုင်ပေမဲ့ အရည်အချင်းရှိရှိ အောင်မြင်မှုကို တည်ဆောက်ရာမှာတော့ ဖြတ်လမ်းမရှိပါဘူး။

Read More »
Mac Maintenance

MacBook ပြုပြင်ထိန်းသိမ်းနည်းများ

ဘယ်လောက် ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် ကြာရှည်အသုံးပြုနိုင်အောင် ရိုသေစွာကိုင်တွယ်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့် နည်းပညာ ပစ္စည်းတွေကို ကောင်းမွန်ရိုသေစွာ ကိုင်တွယ်ဖို့ သူတို့ရဲ့ ပြုပြင်ထိန်းသိမ်းနည်း သိဖို့ လိုအပ်ပါတယ်။ Apple ပစ္စည်းတွေ ဘယ်လိုပင်ကောင်းအောင်ပြုလုပ်ထားသော်လဲ ပြုပြုထိန်းသိမ်းတတတ်သူရဲ့ လက်ထဲမှာ သူများထက် ပိုမို ကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ MacBook

Read More »

TV (4th Generation) Review by Dr.Mac Computer Training center

TV ဆိုတာ ရဲ့ အဓိက products တွေထဲက တစ်ခုဖြစ်ပါတယ်။ အရင်က Accessories ပုံစံလိုရှိခဲ့ရာကနေ အဓိက Products တစ်ခုဖြစ်လာပါတယ်။ TV ဆိုရင် TV ပုံစံကို ပြေးမြင်တတ်ကြလို ရှေးဦးစွာ TV လိုဆိုပေမဲ့ TV Box လို့သာမြင်လိုက်ပါ။ 2006

Read More »

𝗕𝗮𝗺𝗯𝘂𝗟𝗮𝗯 𝗣𝟭𝗣 (ကမ္ဘာ့ အမြန်ဆုံး 𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗲𝗿) 𝗥𝗲𝘃𝗶𝗲𝘄

⌘ Core XY Design နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားတဲ့ Bambulab ရဲ့ P1P 3D Printer အကြောင်းဖြစ်ပါသည်။ ⌘ Cloud Service ပါပါဝင်လို့ Internet  ရှိတဲ့ ဘယ်နေကနေ မဆို စောင့်ကြည့်တာ၊ Print ထုတ်တာတွေ လှမ်းလုပ်နိုင်ပါတယ်။

Read More »

ပုရွက်ဆိတ်တွေရဲ့ ထူးခြားတဲ့ အကြောင်းအရာများ

Ant ( ပုရွက်ဆိတ်) ⌘ ပုရွက်ဆိတ်မှာ Oxygen သယ်ဖို့ သွေးမရှိပါ။ ထို့ကြောင့် အသက်ရူရန် အဆုတ်များလဲမရှိပါ။ အရေပြားမှ တဆင့်သာ အသက်ရူကြပါသည်။ ⌘ ပုရွက်ဆိတ်မှာ နားများလဲမရှိပါ။ သို့သော် ခြေထောက်နှင့် ဒူးရှိအာရုံခံများမှတဆင့် တုန်ခါမှုကို ခြေရာခံပြီး ကြားနိုင်ပါသည်။ ⌘ သူ့ကိုယ်အလေးချိန်၏

Read More »
Apple Watch Ultra

𝗔𝗽𝗽𝗹𝗲𝗪𝗮𝘁𝗰𝗵နှင့် Heart Rate Zone များ

Apple Watch ရဲ့ Heart Rate Sensor Version တွေ မြင့်လာတာနဲ့ အမျှ အားကစားလုပ်နေစဉ် နှလုံး Activity ကို ပိုမိုကောင်းမွန်တဲ့ ပုံစံတွေနဲ့ ဖော်ပြလာနိုင်စေပါတယ်။ 𝙈𝙖𝙭𝙞𝙢𝙪𝙢 𝙃𝙚𝙖𝙧𝙩 𝙍𝙖𝙩𝙚 ================  လူတစ်ယောက်ခံနိုင်ရည်ရှိမဲ့ အမြင့်ဆုံး နှလုံခုန်နှုန်းကို ဆိုလိုတာပါ။

Read More »