AirTag အကြောင်းသိထားသင့်သမျှ

Apple မှ ထုတ်လုပ်သော AirTag Device ဖြစ်ပါသည်။ မိမိ အရေးကြီး ပစ္စည်းများတွင် AirTag ဖြင့် တွဲဖက်ပေးထားပြီး မိမိ iPhone, iPad, Mac မှတဆင့် ပြန်လည်ရှာဖွေပေးနိုင်အောင်  ပြုလုပ်ပေးထားပါသည်။ Apple ရဲ့ Find My ecosystem ထဲမှာ နောက်ဆုံးရောက်ရှိလာတဲ့ အသေးဆုံး Gadget လဲဖြစ်ပါတယ်။

Location  ပြပေးတာဖြစ်ပေမဲ့  Privacy ရှိရှိ အသုံးချနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ GPS Tracker နဲ့ ကွာတာက GPS Tracker က GPS မိနိုင်မဲ့ အပြင်ဘက် ပတ်ဝန်းကျင် Outdoor မှာပဲ အလုပ်လုပ်နိုင်ပါတယ်။ AirTag ကတော့  Ultrwide band Technology သုံးထားပြီး Phone တွေရှိတဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး တည်နေရာ ဖော်ပြပေးပါတယ်။ အိမ်ခန်းနဲ့ ခန်းမအတွင်းမှာပါ အလုပ်လုပ်ပါတယ်။

 Easy to setup

AirTag ကို အသုံးပြုနိင်ဖို့ အလွယ်တကူ Setup ပြုလုပ်နိုင်ပါတယ်။ AirTag က Plastic ကို ခွာပြီး iPhone အနားကို ထားလိုက်တာနဲ့ ခါတိုင်း AirPods ချိတ်ရင်ပေါ်လိုသလိုမျိုး iPhone Screen မှာ ပေါ်လာပါမယ်။ iPhone, iPad, iPod Touch တွေနဲ့ Bluetoth ကနေတဆင့် ချိတ်ဆက်ပြီး Setup ပြုလုပ်နိုင်ပါတယ်။ Apple ID တူညီတဲ့ မိမိ Apple Device တွေထဲက Find My App ကို အသုံးပြုပြီး AirTag တည်ရှိရာကို ရှာဖွေနိုင်ပါတယ်။ မိမိချိတ်ဆက် အသုံးပြုမဲ့ ပစ္စည်းကို AirTag နဲ့ချိတ်ဆက်ပြီး နာမည်ပေးမှတ်သားထားလို့ ရပါတယ်။ ဥပမာ- Backpack, Car Key, Umbrella, Bike…

iPhone 12 displaying AirTag setup screen, alongside AirTag device.
AirTag accessorized with the Leather Key Ring, attached to a messenger bag.

AirTag နဲ့ တွဲပြီး အသုံးပြုနိုင်တဲ့ Device တွေ

Find My App ပါဝင်ပြီး  iOS 14.5 နှင့်အထက် တင်ထားတဲ့ မည်သည့် Apple Device နဲ့မဆို နဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။

သို့သော် Precision Finding လို့ခေါ်တဲ့ AirTag နေရာ အတိအကျကတော့ Ultra-Wideband နည်းပညာကို သုံးတာဖြစ်ပါတယ်။ ဒါကိုလက်ခံရှာဖွေဖို့အတွက်တော့ U1 Chip ပါတဲ့ iPhone 11 နဲ့ 12 Series  တွေမှာပ​ဲ အသုံးပြုနိုင်ပါတယ်။ ဘယ်နပေ အကွာမှာ မိမိရဲ့  AirTag ရှိနေသလဲ ဆိုတာကို ကြည့်နိုင်ပါတယ်။

အခြား iPhone နဲ့  Apple Device တွေကတော့ အကြမ်ဖျဉ်း တည်နေရာကို့​ပြသပေးမှာဖြစ်ပါတယ်။ Find My App ကနေ အသံထွက်ခိုင်းလိုက်တာနဲ့ AirTag မှာ ပါဝင်တဲ့ Speaker ကနေ အသံထွက်ပေးမှာဖြစ်ပါတယ်။ (Ping လုပ်တယ်လို့ခေါ်ပါတယ်)

 အသုံးပြုဖို မိမိဖုန်းမှာ Find My app အတွက်  Location တော့ ဖွင့်ထားဖို့ လိုပါတယ်။

location services

အခြား Appတွေအတွက် Location Service ကို ပိတ်ထားနိုင်ပေမဲ့ AirTag ဘယ်မှာ ရှိလဲဆိုတာ ပြောပြနိုင်ဖို့ Find My App ရဲ့ Location Service ကတော့ မဖြစ်မနေဖွင့်ထားဖို့ လိုပါတယ်။ အမြဲတမ်းမဖွင့်ထားချင်ရင်တောင် Wile Using The App ဆိုတဲ့ Setting နဲ့ ပုံမှာ ပြထားသလိုဖွင့်ထားနိုင်ပါတယ်။ Settings > Privacy > Location Services မှာ ရှိပါတယ်။

AirTag အလုပ်လုပ်ပုံ

AirTag က ပျောက်တဲ့ ပစ္စည်းရှာဖို့ အရေးကြီးတဲ့ မိမိရဲ့ ပစ္စည်းတွေနဲ့ တွဲထားပေးပြီးသုံးရတာဖြစ်ပေမဲ့ GPS Tracker နဲ့ အလုပ်လုပ်ပုံကွာပါတယ်။ အထဲမှာ GPS Chip မပါဘဲ U1 Chip ပဲ ပါပါတယ်။ Apple ရဲ့ Eco system ထဲမှာ ရှိတဲ့ 1.65 Billion အရေအတွက်ရှိတဲ့ Apple Devices များက Bluetooth ကနေ တဆင့် မိမိ AirTag တည်နေရာကို အတည်ပြုပေးတာပါ။ ပြီးမှ မိမိ iPhone, Mac, iPad မှာ ရှိတဲ့  Find My App ကို တည်နေရာ ပြန်ပို့ပေးတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေမဲ့ ကြားခံပို့ပေးတဲ့ (Peer-to-peer network ဖြစ်ပေမဲ့) Device တွေရဲ့  Privacy ကို မချိုးဖောက်ပါဘူး။ Data တွေကို ကြားဖြတ်ဖမ်းယူလို့ မရအောင် ပြုလုပ်ပေးထားပါတယ်။ End to End Encryption နည်းနဲ့ ပြုလုပ်ထားတာဖြစ်လို့ AirTag ပိုင်ရှင်ရဲ့ iPhone မှာ ကြည့်မှပ​ဲ သိနိုင်ပါမယ်။

AirTag ပျောက်သွားရင် ဘယ်လိုရှာမလဲ၊

find airtag

iPhone, Mac , iPad ထဲက FInd My app ကို ဖွင့်ပြီး ပျောက်ဆုံးသွားတဲ့ (မေ့ကျန်ခဲ့တဲ့ AirTag ) တည်နေရာကို ပြန်ကြည့်နိုင်ပါတယ်။ Play Sound ကို နှိပ်ပြီး အသံပြုခိုင်းနိုင်ပါတယ်။ iPhone 11, 12 Series မှာဆိုရင်တော့ AirTag နားကို ရောက်ပြီဆိုတာနဲ့ Find ကို နှိပ်ပြီး တည်နေရာ အတိအကျကို ရှာဖွေနိုင်ပါတယ်။

မြေပုံမှာ AirTag ကို ရုတ်တရက် ရှာမတွေ့နိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ အခြား iPhone တွေ ပျောက်တုန်းကလိုပဲ Lost Mode On လိုက်နိုင်ပါတယ်။ တွေ့တဲ့သူ ဆက်သွယ်နိုင်အောင် Message တွေ ချိန်ထားလားလိုက်လို့ရပါတယ်။ အခြားသူတစ်ယောက်က မိမိ AirTag နားမှာ သူရဲ့ဖုန်းကိုထားလိုက်တာနဲ့ Lost Mode မှာထားခဲ့တဲ့ message ကို ပြပေးပါမယ်။ NFC ပါတဲ့ Android Phone တွေမှာ လဲ အခု Features က အလုပ်လုပ်ပါတယ်။

AirTag ကို Android Phone နဲ့ သုံးမရပေမဲ့  NFC ပါတဲ့  Android ဖုန်းက AirTag ရှာဖွေတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ပေးတဲ့ သဘောပါ။

AirTag  ကို အသုံးပြုပြီး အနီးနားက Apple Device တွေကို ခြေရာခံလို့ရလား?

airtag tracking alerts

Apple ကတော့ AirTag အထဲမှာ  Location Data. တွေနဲ့ History တွေကို မသိုလှောင်ထားဘူးလို့ ပြောပါတယ်။ Find My App နဲ့ End to End Encryption Data ပို့တာဖြစ်လို့ ပိုင်ရှင်ဖုန်းမှာပဲ AirTag တည်နေရာကို ကြည့်လို့ရပါမယ်။ Apple ကိုယ်တိုင်တောင် ဝင်ကြည့်ခွင့်မရှိပါဘူး။ မိမိခြေရာခံလိုသူရဲ့ အိတ်ထဲ၊ ကားထဲထည့်ပေးလိုက်မယ်ဆိုရင်လဲ

မိမိiPhone မှာ မိမိ Apple ID နဲ့ ချိတ်ဆက်ထားခြင်းမရှိတဲ့ AirTag ပါလာပြီဆိုပြီး သတိပေးပါမယ်။ ပုံမှာ ပြထားသလို မိမိAirTag ကို Disable ပေးလိုက်နိုင်ပါတယ်။ AirTag က ပိုင်ရှင်နဲ့ကင်းကွာသွားတာနဲ့ အလိုအလျောက် အသံမြည်လာအောင် ပြုလုပ်ပေးထားပါတယ်။ Default အနေဖြင့်  (၃) ရက်နှင့် အထက် ကင်းကွာသွားတာနဲ့ အသံမြည်ပေးပါတယ်။

ကိုယ့်ရဲ့ AirTag  ကို သူများက ကောက်ရရင် အသုံးပြုနိုင်လား?

AirTag က အခြား Apple Device တွေလိုပဲ Apple ID နဲ့ အသုံးပြုတာဖြစ်လို့ တစ်ခေါက် Setup လုပ်ပြီးတာနဲ့ မူရင်းပိုင်ရှင် က ပြန်မဖြုတ်မပေးမချင်း အခြားသူ အသုံးပြုလိုမရပါဘူး။ မိမိအရေးကြီး ပစ္စည်းတွဲထားတာကိုတော့ ဖြုတ်ပစ်ပြီး ပစ္စည်းကိုပဲ ယူသွားရင်တော့ နောက်ထပ်ခြေရာမခံနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ အိတ်သေးသေးလိုမျိုး အခြား အလွယ်တကူမမြင်ရတဲ့ နေရာမျိုးမှာ ထည့်ထားရင်တော့ မသမာသူက ဖြုတ်ဖို့ မတတ်နိုင်တော့ပါဘူး။

မိမိ AirTag ကို အသုံးမပြုချင်တော့ဘဲ အခြားသူကိုပေးချင်တယ်ဆိုရင်တော့ Find My App ကနေ AirTag ကို Remove လုပ်ပေးလိုက်ယုံပဲဖြစ်ပါတယ်။

စျေးနှုန်း

AirTag ကို တစ်ခုချင်း စျေး 29$ သတ်မှတ်ပြီး (၄) ခု Pack ကိုတော့ 100$ နဲ့ ရောင်းချပါတယ်။

IP67 – 

ရေဒဏ်ခံနိုင်မှု အနေဖြင့် IP67  ပြီး 1 meter (၃ ပေ) အနက်မှာ နာရီဝက်အထိရေစိမ်ခံနိုင်ပါတယ်။ ဒါကြောင့် AirTag က Water resistance အတိုင်းအတာတစ်ခု ထိ ရှိတယ်လို့ ပြောလို့ ရပါတယ်။ မိုးရွာထဲနဲ့ အခြား ရေစိုတာမျိုးခံနိုင်ရည်ရှိပါတယ်။

Battery Life

article thumbnail

ရိုးရိုး Store ဆိုင်နဲ့ မြန်မာနိုင်ငံမှာတော့ နာရီဆိုင် အများစုမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မဲ့ CR2032 အမျိုးအစား Battery ကို သုံးထားပြီး Battery လဲဖို့ User ကိုယ်တိုင်လဲလှယ်နိုင်ပါတယ်။ Battery Life အနေဖြင့် တစ်နှစ်အထိအသုံးပြုနိုင်ပါတယ်။ Battery ကုန်တော့မယ်ဆိုရင်လဲ မိမိ iPhone မှာ သတိပေးချက်ပြုလုပ်ပေးပါမယ်။

AirTag Accessory

AirTag နဲ့ တွဲသုံးဖို့ Apple ကိုယ်တိုင် Accessory တွေထုတ်လုပ်သလို အခုနောက်ပိုင်းဆိုရင် 3rd party ထုတ် Accessory တွေလဲ ရှိလာပါပြီ၊ အဓိကကတော့ ကားသော့လိုမျိုးချိတ်ဖို့နဲ့ ကျောပိုးအိတ်မှာ ချိတ်ဖို့ Design များဖြစ်ပါတယ်။ Hermès လိုမျိုး Accessory ကတော့ AirTag ထက်ကို စျေးကြီးပါမယ်😅

Dr.Zaw Zaw (Apple Certified Mac Technician)

Like this article?

Share on Facebook
Share on Twitter
Share on Linkdin
Share on Pinterest

Leave a comment

Related

စာဖတ်ခြင်း (Reading)

စာဖတ်ခြင်းဟာ ရိုးရှင်းတဲ့ စကားလုံး တစ်ခုပါ။ ဒါပေမဲ့ လူတစ်ယောက်ကို တိုးတက်စေပါတယ်။ နည်းပညာ၊ ဗဟုသုတ ရှာဖွေသူတွေ အနေဖြင့် စာဖတ်ခြင်းကသာ မိမိရှာဖွေနေတာတွေကို ရရှိနိုင်မဲ့ အရိုးရှင်းဆုံးတစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အရည်အချင်းတည်ဆောက်တဲ့နေရာမှာ ဖြတ်လမ်းမရှိပါဘူး။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်နိုင်ပေမဲ့ အရည်အချင်းရှိရှိ အောင်မြင်မှုကို တည်ဆောက်ရာမှာတော့ ဖြတ်လမ်းမရှိပါဘူး။

Read More »
Mac Maintenance

MacBook ပြုပြင်ထိန်းသိမ်းနည်းများ

ဘယ်လောက် ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် ကြာရှည်အသုံးပြုနိုင်အောင် ရိုသေစွာကိုင်တွယ်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့် နည်းပညာ ပစ္စည်းတွေကို ကောင်းမွန်ရိုသေစွာ ကိုင်တွယ်ဖို့ သူတို့ရဲ့ ပြုပြင်ထိန်းသိမ်းနည်း သိဖို့ လိုအပ်ပါတယ်။ Apple ပစ္စည်းတွေ ဘယ်လိုပင်ကောင်းအောင်ပြုလုပ်ထားသော်လဲ ပြုပြုထိန်းသိမ်းတတတ်သူရဲ့ လက်ထဲမှာ သူများထက် ပိုမို ကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ MacBook

Read More »

TV (4th Generation) Review by Dr.Mac Computer Training center

TV ဆိုတာ ရဲ့ အဓိက products တွေထဲက တစ်ခုဖြစ်ပါတယ်။ အရင်က Accessories ပုံစံလိုရှိခဲ့ရာကနေ အဓိက Products တစ်ခုဖြစ်လာပါတယ်။ TV ဆိုရင် TV ပုံစံကို ပြေးမြင်တတ်ကြလို ရှေးဦးစွာ TV လိုဆိုပေမဲ့ TV Box လို့သာမြင်လိုက်ပါ။ 2006

Read More »

𝗕𝗮𝗺𝗯𝘂𝗟𝗮𝗯 𝗣𝟭𝗣 (ကမ္ဘာ့ အမြန်ဆုံး 𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗲𝗿) 𝗥𝗲𝘃𝗶𝗲𝘄

⌘ Core XY Design နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားတဲ့ Bambulab ရဲ့ P1P 3D Printer အကြောင်းဖြစ်ပါသည်။ ⌘ Cloud Service ပါပါဝင်လို့ Internet  ရှိတဲ့ ဘယ်နေကနေ မဆို စောင့်ကြည့်တာ၊ Print ထုတ်တာတွေ လှမ်းလုပ်နိုင်ပါတယ်။

Read More »

ပုရွက်ဆိတ်တွေရဲ့ ထူးခြားတဲ့ အကြောင်းအရာများ

Ant ( ပုရွက်ဆိတ်) ⌘ ပုရွက်ဆိတ်မှာ Oxygen သယ်ဖို့ သွေးမရှိပါ။ ထို့ကြောင့် အသက်ရူရန် အဆုတ်များလဲမရှိပါ။ အရေပြားမှ တဆင့်သာ အသက်ရူကြပါသည်။ ⌘ ပုရွက်ဆိတ်မှာ နားများလဲမရှိပါ။ သို့သော် ခြေထောက်နှင့် ဒူးရှိအာရုံခံများမှတဆင့် တုန်ခါမှုကို ခြေရာခံပြီး ကြားနိုင်ပါသည်။ ⌘ သူ့ကိုယ်အလေးချိန်၏

Read More »
Apple Watch Ultra

𝗔𝗽𝗽𝗹𝗲𝗪𝗮𝘁𝗰𝗵နှင့် Heart Rate Zone များ

Apple Watch ရဲ့ Heart Rate Sensor Version တွေ မြင့်လာတာနဲ့ အမျှ အားကစားလုပ်နေစဉ် နှလုံး Activity ကို ပိုမိုကောင်းမွန်တဲ့ ပုံစံတွေနဲ့ ဖော်ပြလာနိုင်စေပါတယ်။ 𝙈𝙖𝙭𝙞𝙢𝙪𝙢 𝙃𝙚𝙖𝙧𝙩 𝙍𝙖𝙩𝙚 ================  လူတစ်ယောက်ခံနိုင်ရည်ရှိမဲ့ အမြင့်ဆုံး နှလုံခုန်နှုန်းကို ဆိုလိုတာပါ။

Read More »