AirPods Max အကြောင်း

သူ့ကို နားထောင်ရတဲ့ အသံက ဘယ်လောက်တောင် ကောင်းလဲ ဆိုတော့ 😀
AirPods Max Review

🔘Design

Design ကတော့ Apple ဆိုတဲ့အတိုင်း ကြည့်တာနဲ့သေလောက်အောင်မိုက်ပြီးသားပါ။

ခေါင်းအရွယ်မျိုုးစုံနဲ့ အဆင်ပြေအောင် Sun Shade (canopy) လိုမျိုးပြုလုပ်ထားပေးပြီး နားထောင်တဲ့အချိန် ခေါင်းမှာ ချိတ်တဲ့  weight ကို သက်သောင့် သက်သာဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။

Stainless Steel Frame နဲ့ တွယ်ဆက်ထားပြီး Frame ကို (soft-to-the-touch material ) နဲ့ ဖုံးအုပ်ပေးထားပါတယ်။

Ear Cup ကတော့ Aluminum လဲ လုပ်ထားပြီး အရောင် (၅)မျိုးနဲ့ ရနိုင်ပါမယ်။ Ear Cup အတွင်းပိုင်းကိုတော့ ustom-designed mesh textile ( ဇကာပေါက်လိုမျိုး) Cushion  ပါပါမယ်၊ နားထောင်တဲ့အချိန် ခံစားရတာ ခေါင်းအုံးပေါ်အိပ်သလို ခံစားရမယ် လို့ ဆိုပါတယ်။

Spatial audio  လို့ ခေါ်တဲ့ ရုပ်ရှင်ရုံမှာလို Surround sound effect ပါလာပြီးဖြစ်သလို Position sensor (each ear cup), Case-detect sensor (each ear cup), Accelerometer (each ear cup), Gyroscope (left ear cup) တွေပါလို့ AirPods Pro ထက်ပိုပြီး Real time Spatial Audio features ခံစားနိုင်မှာဖြစ်ပါတယ်။ အားကစားလုပ်တဲ့အချိတ်တော့ AirPods Pro ကပိုကောင်းနေပါအုံးမယ်။

Ear Cushions တွေက Earcup မှာ သံလိုက်နဲ့ ကပ်ပြီး အသုံးပြုပါတယ်။ အသုံးပြုရတာ နားမှာ သက်သောင့် သက်သာဖြစ်စေပါတယ်။

Digital Crown

Digital Crown ကတော့ Watch က  Digital Crown နဲ့ Design နဲ့တူပြီး Hepatic feedback နဲ့ မပါပါဘူး။  အသံအတိုးအချဲ့၊ သီချင်း တစ်ပုဒ်အကူးအပြောင်း၊ ဖုန်းလာရင် ကိုင်တာတွေမှာ အသုံးပြုပါတယ်။

Noise Cancellation နဲ့ Transparency Mode ကို တော့ Digital Crown ဘေးမှာပါတဲ့ Button နဲ့ ကူးပြောင်ပေးပါတယ်။

Ear Cushions အပိုင်းကတော့ လျှော်လို့ ရသလို နောက်ပိုင်း ပျက်စီးသွားမယ်ဆိုရင်ဝယ်လို့ ရပါတယ်။ Apple ကတော့ ရောင်းစျေး တစ်စုံ (ဘယ်/ညာ တစ်ခုစီ) ကို 79$ သက်မှတ်ထားပါတယ်။

🔘Color

Color အနေနဲ့ကတော့ iPad Air 4th Gen အရောင်းအတိုင်း (၅) ရောင်ထုတ်ပါတယ်။

Pacific

🔘Features

Features တွေအအရ AirPods Pro နဲ့ တော်တော်များများတူပါတယ်။

နားကြပ် တစ်ဘက်ဆီမှာ ထည့်ထားတဲ့ H1 Chip ကြောင့် အပေါ်က Features တွေ ဖြစ်တဲ့ Active Noise Cancellation, Adaptice EQ, Tansperance Mode တွေကို အကောင်းဆုံး ပြုလုပ်ပေးမဲ့  Computational Audio Features ဖြစ်ပါတယ်။ Audio Chip အနေနဲ့  H1 Chip ကိုပဲ ဆက်သုံးပါတယ်။

*  Apple-designed dynamic driver

Internal components of AirPods Max spaced out horizontally.

Apple ကိုယ်တိုင်ပြုလုပ်ထားတဲ့ အသံပြုလုပ်တဲ့ Unit ကတော့ တကယ်ကို ကောင်းမွန်ပါတယ်။ အသံတိကျမှု၊ Bass သံကောင်းမွန်မှု ကြည်လင်ပြတ်သားမှုတွေကို ရရှိစေပါမယ်။ Computational Audio လို့ ခေါ်တဲ့ Computerized တွက်ချက်ပြီး အသံကွဲသွား၊ လုံးသွားမှုမရှိအောင်လဲ ပြုလုပ်ပေးပါတယ်။ Ear Cup တစ်ဘက်တစ်ချက်မှာပါတဲ့ H1 Chip ပါဝင်သလို AUdio Cores ပေါင်း (၁၀) ခုထိ ပါဝင်ပြီး 9 Billion Operation per Sec နှုန်းနဲ့ အသံကောင်းမွန်အောင်ပြုလုပ်ပေးနေပါတယ်။

*  Active Noise Cancellation (ပတ်ဝန်းကျင်အသံဆူညံမှုကို ဖယ်ရှားဖို့ Mic ၉ လုံးထိတပ်ဆင်ထားပြီး ပတ်ဝန်းကျင် ဆူညံမှုကို ထောက်လှမ်းဖယ်ရှားပေးပါတယ်) 200 time/sec နှုန်းနဲ့အလုပ်လုပ်နေပါတယ်။

နားကြပ်တစ်ခုစီမှာ အပြင်သံကို ထောက်လှမ်းဖို့ လှည့်ထားတဲ့ Mic (၃) ခု၊ အတွင်းသံကို ပြန်ထောက်လှမ်းဖို့ Mic တစ်ခု နဲ့ အသံအားလုံးကို ပြန်စုစည်းသုံးသပ်အလုပ်လုပ်ဖို့ ဆိုပြီး စုစုပေါင်း (၉)ခုပါပါတယ်။

Active noise cancellation mode မှာ ကိုယ်စကားပြောတာတောင် ကိုယ်ပြန်မကြားရတော့ပါဘူး 🤓

*  Transparency mode

ဒီ Mode မှာတော့ သီချင်းလဲနားထောင်ရင်း ပတ်ဝန်းကျင် အသံကို ပြန်ကြားအောင်ပြုလုပ်ပေးထားပါတယ်။ (လေဆိပ်မှာ သီချင်းနားထောင်နေရင်း ကိုယ့်ခရီးစဉ်ကြေငြာသံကို ကြားအောင်နားထောင်တာမျိုး)

*  Adaptive EQ

နားထောင်နေတဲ့သီချင်း အမျိုးအစား၊ တီးနေတဲ့ Instrument အလိုက် Airpods Max မှာတပ်ဆင်ထားတဲ့ Mic တွေကထောက်လှမ်းပြီး အသံပိုင်း ဆိုင်ရာချိန်ညှိလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ပုံမှန် Setting ထဲမှာ EQ တွေ Manual လုပ်ရတာကို Auto လုပ်ပေးသွားတာဖြစ်လို့ သီချင်းတိုင်းနားထောင်ကောင်းနေမှာဖြစ်ပါတယ်။ စာရေးသူ စမ်းသပ်ချက်အရတော့ သီချင်း Quality 256kbs ရှိရင်အကောင်းဆုံးပါပဲ။

*  Spatial audio with dynamic head tracking

ရုပ်ရှင်ရုံတွေနဲ့ Home Theatre မှာတပ်ဆင်ထားသလို Surrounding Audio system ကို တကယ်တပ်ဆင်ထားသလို ခံစားမှုပေးတာဖြစ်ပါတယ်။ နားက Spatial Audio support လုပ်တဲ့ Movie, သီချင်းဖွင့်ထားတဲ့ iPhone, iPad, Mac ဖက်ကို နားလှည့်လိုက်တာနဲ့ အသံကအဲ့ဘက်က လာနေတယ်လို့ ခံစားရအောင်လုပ်ပေးတဲ့ Dynamic head tracking ပြုလုပ်ပေးပါတယ်။ ဒီ Fetures ရဖို့ TV, Netflix, Hulu စတဲ့ Streaming ဝန်ဆောင်မှုပေးတဲ့ App တွေက ဇာတ်ကားတွေမှာ လောလောဆယ်ရနေပါပြီ။ ဇာတ်ကားမှာ Dolby Atmos အသံနည်းပညာပါ ဇာတ်ကားဖြစ်ရပါမယ်။

🔘အခြား Features များ

===============

  • Automatic switching –  Apple ID တူညီတဲ့ Device များမှာ တစ်ခုအသုံးပြုနေစဥ် နောက်တစ်ခုကို အသုံးပြုဖို့ ကိုင်လိုက်တာနဲ့အလိုအလျောက်ချိတ်ဆက်ပေးသွားပါမယ်။ ဥပမာ mac မှာ Movie ကြည့်နေစဉ် iphone နဲ့ ဖုန်းခေါ်လိုက်တာနဲ့ AIrPods Max ကနေ ချိတ်ဆက်အသုံးပြုနိုင်တာမျိုးပါ။
  • Audio Sharing –  မိမိ iPhone, iPad, Apple TV 4K ပေါ်မှာ ကြည့်နေတဲ့ Movie Music ကို အခြား Airpods တစ်ခုခုကို Sharing လုပ်နိုင်ပါတယ်။ Mac မှာတော့ မရသေးပါ။
  • Siri – AirPods Max မှတဆင့် Siri ကို အသုံးပြုပြီး သီချင်းဖွင့်တာ၊ ဖုန်းခေါ်တာ၊ အသံအတိုးအလျှော့၊ စတာတွေနဲ့ ဝင်လာတဲ့ message တွေကိုဖတ်ခိုင်းတာတွေလုပ်နိုင်ပါတယ်။

Battery Performance

အားအပြည့်သွင်းထားရင် နာရီ (၂၀) ထိ အသုံးပြုနိုင်ပြီး (၅)မိနစ်အားသွင်းမယ်ဆိုရင် (၁)နာရီခွဲထိအသုံးပြုနိုင်ပါတယ်။

အားသွင်းတာက Lightning to Type-C ကြိုးကသွင်းပါမယ်။ iPhone 12 Series မှာ အသုံးပြုတဲ့ 20 watt Charger Adapter ကို အသုံးပြုပြီး အားသွင်းနိုင်ပါတယ်။

Smart Case

Smart Case ထဲကို ထည့်သွင်းလိုက်တာနဲ့ ချက်ချင်း Low Power Mode ကိုပြောင်းသွားပြီး Battery drainage ကို သက်သာစေပါတယ်။ ၁၈ နာရီအကြာမှာတော့ Ultra-low power mode ကို ပြောင်းသွားပေးပါမယ်။ အောက်ကဇယားကတော့ Smart Case အသုံးမပြုဘဲ ထားရင် ရောက်ရှိမဲ့ Low power mode နဲ့ Ultra-low power mode ကို ရောက်ရှိမဲ့ နာရီတွေဖြစ်ပါတယ်။

Or, in more digestible form:

In Smart CaseNot in Smart Case
Low powerImmediate5 minutes
Ultra-low power18 hours72 hours

AirPods Max စျေးနှုန်းများကို ကြည့်ရန်

What’s in the box

What's in the box

Dr.Zaw Zaw (ACIT, ACMT)

Dr.Mac (Mandalay)

—————————-

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 10𝖆𝖒 – 7 𝖕𝖒

ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

—————————-

Dr.Mac Address

http://bit.ly/2FW80h7

https://apple.co/3gxHWJw

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Like this article?

Share on Facebook
Share on Twitter
Share on Linkdin
Share on Pinterest

Leave a comment

Related

စာဖတ်ခြင်း (Reading)

စာဖတ်ခြင်းဟာ ရိုးရှင်းတဲ့ စကားလုံး တစ်ခုပါ။ ဒါပေမဲ့ လူတစ်ယောက်ကို တိုးတက်စေပါတယ်။ နည်းပညာ၊ ဗဟုသုတ ရှာဖွေသူတွေ အနေဖြင့် စာဖတ်ခြင်းကသာ မိမိရှာဖွေနေတာတွေကို ရရှိနိုင်မဲ့ အရိုးရှင်းဆုံးတစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အရည်အချင်းတည်ဆောက်တဲ့နေရာမှာ ဖြတ်လမ်းမရှိပါဘူး။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်နိုင်ပေမဲ့ အရည်အချင်းရှိရှိ အောင်မြင်မှုကို တည်ဆောက်ရာမှာတော့ ဖြတ်လမ်းမရှိပါဘူး။

Read More »
Mac Maintenance

MacBook ပြုပြင်ထိန်းသိမ်းနည်းများ

ဘယ်လောက် ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် ကြာရှည်အသုံးပြုနိုင်အောင် ရိုသေစွာကိုင်တွယ်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့် နည်းပညာ ပစ္စည်းတွေကို ကောင်းမွန်ရိုသေစွာ ကိုင်တွယ်ဖို့ သူတို့ရဲ့ ပြုပြင်ထိန်းသိမ်းနည်း သိဖို့ လိုအပ်ပါတယ်။ Apple ပစ္စည်းတွေ ဘယ်လိုပင်ကောင်းအောင်ပြုလုပ်ထားသော်လဲ ပြုပြုထိန်းသိမ်းတတတ်သူရဲ့ လက်ထဲမှာ သူများထက် ပိုမို ကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ MacBook

Read More »

TV (4th Generation) Review by Dr.Mac Computer Training center

TV ဆိုတာ ရဲ့ အဓိက products တွေထဲက တစ်ခုဖြစ်ပါတယ်။ အရင်က Accessories ပုံစံလိုရှိခဲ့ရာကနေ အဓိက Products တစ်ခုဖြစ်လာပါတယ်။ TV ဆိုရင် TV ပုံစံကို ပြေးမြင်တတ်ကြလို ရှေးဦးစွာ TV လိုဆိုပေမဲ့ TV Box လို့သာမြင်လိုက်ပါ။ 2006

Read More »

𝗕𝗮𝗺𝗯𝘂𝗟𝗮𝗯 𝗣𝟭𝗣 (ကမ္ဘာ့ အမြန်ဆုံး 𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗲𝗿) 𝗥𝗲𝘃𝗶𝗲𝘄

⌘ Core XY Design နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားတဲ့ Bambulab ရဲ့ P1P 3D Printer အကြောင်းဖြစ်ပါသည်။ ⌘ Cloud Service ပါပါဝင်လို့ Internet  ရှိတဲ့ ဘယ်နေကနေ မဆို စောင့်ကြည့်တာ၊ Print ထုတ်တာတွေ လှမ်းလုပ်နိုင်ပါတယ်။

Read More »

ပုရွက်ဆိတ်တွေရဲ့ ထူးခြားတဲ့ အကြောင်းအရာများ

Ant ( ပုရွက်ဆိတ်) ⌘ ပုရွက်ဆိတ်မှာ Oxygen သယ်ဖို့ သွေးမရှိပါ။ ထို့ကြောင့် အသက်ရူရန် အဆုတ်များလဲမရှိပါ။ အရေပြားမှ တဆင့်သာ အသက်ရူကြပါသည်။ ⌘ ပုရွက်ဆိတ်မှာ နားများလဲမရှိပါ။ သို့သော် ခြေထောက်နှင့် ဒူးရှိအာရုံခံများမှတဆင့် တုန်ခါမှုကို ခြေရာခံပြီး ကြားနိုင်ပါသည်။ ⌘ သူ့ကိုယ်အလေးချိန်၏

Read More »
Apple Watch Ultra

𝗔𝗽𝗽𝗹𝗲𝗪𝗮𝘁𝗰𝗵နှင့် Heart Rate Zone များ

Apple Watch ရဲ့ Heart Rate Sensor Version တွေ မြင့်လာတာနဲ့ အမျှ အားကစားလုပ်နေစဉ် နှလုံး Activity ကို ပိုမိုကောင်းမွန်တဲ့ ပုံစံတွေနဲ့ ဖော်ပြလာနိုင်စေပါတယ်။ 𝙈𝙖𝙭𝙞𝙢𝙪𝙢 𝙃𝙚𝙖𝙧𝙩 𝙍𝙖𝙩𝙚 ================  လူတစ်ယောက်ခံနိုင်ရည်ရှိမဲ့ အမြင့်ဆုံး နှလုံခုန်နှုန်းကို ဆိုလိုတာပါ။

Read More »